Rating : 4.7/10
Country : United State
Genre : Horror, Thriller
Cast : Sara Garcia, John Cassini, Julian Black Antelope
Released Date : 2019
Duration : 1h 34min
Country : United State
Genre : Horror, Thriller
Cast : Sara Garcia, John Cassini, Julian Black Antelope
Released Date : 2019
Duration : 1h 34min
ဒီဇာတ်လမ်းမှာ Avery Maloneလို့ခေါ်တဲ့ အထီးကျန်စာကြည့်တိုက်မှူးလေးကစာရေးရာမှာ စိတ်အားထက်သန်ပြီး သည်းထိတ်ရင်ဖိုဝတ္ထုတွေကိုရေးတဲ့စာရေးဆရာ Caleb Conradကို သူမရဲ့ Heroအဖြစ် သဘောထားပါတယ်။သူမက Calebအတွက် လက်ထောက်တစ်ယောက်အဖြစ်အလုပ်လုပ်ဖို့ အခွင့်အရေးရလာခဲ့တယ်။ဒီတော့ Averyဟာ လူထုကိုမျက်နှာမပြဖူးတဲ့ သူမရဲ့Heroနဲ့ တွေ့ဆုံပါတော့တယ်။Calebက လက်ထောက်အလုပ်မဟုတ်ဘဲ ကစားပွဲတစ်ခုမှာကစားသူအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းလိုက်တဲ့အခါမှာAveryက မဆိုင်းမတွ လက်ခံလိုက်တာပေါ့။Calebက ကစားပွဲကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ၊ကိုယ်ရေးကိုယ်တာမေးခွန်းတွေနဲ့ စတင်ပြီးAveryရဲ့ အကြောက်တရားကို ထိန်းချုပ်စမ်းသပ်ပါတော့တယ်။လက်တွေ့ဆန်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အပြောင်းအလဲကြောင့်လက်တွေ့ဆန်မှုကနေ ရူးသွပ်မှုအဖြစ်အသွင်ပြောင်းလာတဲ့နောက်မှာတော့ဘာတွေ ဘယ်လိုဆက်ဖြစ်လာမလဲ။ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်က ပရိသတ်ကြီးကို မေးခွန်းတွေအများကြီးနဲ့ ကျန်ရစ်စေမှာပါ။ကြည့်နေရင်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မခန့်မှန်းဘဲနေနိုင်ကြမှာမဟုတ်ပါဘူး။အမှန်တရားနဲ့ စိတ်ကူးယဥ်မှု၊ ဇာတ်လိုက်နဲ့ လူဆိုး ဆိုတဲ့သတ်မှတ်ချက်တွေက တည်မြဲနေပါ့မလား။အဆုံးသတ်က ခန့်မှန်းထားသလိုဖြစ်လာမလား။စိတ္တဇဆန်ဆန် ခြောက်ခြားမှုတွေ၊ အထိတ်တလန့် ရင်ဖိုမှုတွေကို ကြိုက်နှစ်သက်သူhorrorပရိတ်သတ်ကြီးကို ဒီရုပ်ရှင်က စိတ်ပျက်စေမှာမဟုတ်ပါဘူး။

0 comments:
Post a Comment