16 Episdoes
Rating : 7.8/10
Country : South Korean
Genre : Historical,Comedy,Romance,Drama,Political
Cast : Kim Min Jae,Gong Seung Yeon,Seo Ji Hoon,Park Ji Hoon,Byun Woo Suk,Go Won Hee
Lee Soo ဟာ ဘုရင်ဖြစ်လာတဲ့အခါမှာတော့ ပန်းပဲသမားဘဝကတည်းက ချစ်မြတ်နိုးခဲ့ရတဲ့ အချစ်ဦး Gae Ddong ကို မိဖုရားမြှောက်ဖို့ကြံစည်ပါတော့တယ်
ဒါပေမယ့်လည်း Gae Ddong ရဲ့ နောက်ခံမျိုးရိုးက နိမ့်ပါးတဲ့အတွက် မိဖုရားမြှောက်ဖို့မဖြစ်နိုင် ဖြစ်နေတာပေါ့ ဒီလိုနဲ့ ဘုရင်ကြီး Lee Soo ဟာ Flower Crew ဆိုတဲ့ အောင်သွယ် အေဂျင်စီကို ငှါးရမ်းခဲ့ပါတော့တယ် ပြီးတော့ ဘုရင်ကြီး Lee Soo က Flower Crew အေဂျင်စီကို ” Gae Ddong ဆိုတဲ့မိန်းကလေးကို အထက်တန်းလွှာ မိန်းမတစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်မလားလို့ မေးခဲ့ပါတယ်တဲ့
Flower Crew ဆိုတဲ့ အေဂျင်စီမှာတော့ ပန်းပွင့်လေးတွေအလား လှပချောမောတဲ့ Ma Hoon, Do Joon နဲ့ Ko Young Soo ဆိုတဲ့ ဂျိုဆွန်းရဲ့ အချောလေးသုံးယောက်နဲ့ ဖွဲ့စည်းထားပါတယ်တဲ့ 😍
ဒီအချောလေးသုံးယောက်လုပ်ရမှာကတော့ Gae Ddong ဆိုတဲ့ မျိုးရိုးနိမ့်မိန်းကလေးကို အထက်တန်းလွှာမိန်းကလေးတစ်ယောက်အဖြစ်ပြောင်းလဲပေးဖို့ပဲဖြစ်ပါတယ်
ကဲ…ဒါဆိုရင် Drama ချစ်ပရိသတ်ကြီးရေ Flower Crew အေဂျင်စီက အချောလေးသုံးယောက်က မင်းကြီး Lee Soo တောင်းဆိုတဲ့အတိုင်း Gae Ddong ကို အထက်တန်းလွှာမိန်းမတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်မလား ဘုရင်ကြီး Lee Soo ကကော ဒီမိန်းကလေးကို မိဖုရား မြှောက်နိုင်သွားမလားဆိုတာကို JTBC ကနေ အပါတ်စဉ် တနင်္လာ / အင်္ဂါ မှာထုတ်လွှင့်ပြသသွားမယ့် Flower Crew: Joseon Marriage Agency ဆိုတဲ့ ကားလေးမှာ စောင့်မျှော်ကြည့်ရှုကြရအောင်နော်

0 comments:
Post a Comment