Running Scared (2006)


 

Rating : 7.4/10
Country : United State
Genre : Action, Crime, Drama
Cast : Paul Walker, Cameron Bright, Chazz Palminteri
Released Date : 2006
Duration : 2h 2min

အညွှန်း
ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Paul Walker ရဲ့ဇာတ်လမ်းကောင်းတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ
ဒီကားမှာတော့ Paul ဟာ ဂျိုး ဆိုတဲ့ ဂိုဏ်းစတားနေရာက သရုပ်ဆောင်ထားတာပါစလာလာခြင်းမှာတော့ ဂျိုးတို့အဖွဲ့က အခန်းတစ်ခုထဲမှာ ပိုက်ဆံ ရေတွက်နေတဲ့အချိန်
မျက်နှာဖုံးစွပ်လူတစ်စုက ဓားပြဝင်တိုက်ပါတယ်။ ဂျိုးတို့အဖွဲ့ကလဲ ပြန်လည် ခုခံရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး
မျက်နှာဖုံးစွပ်အဖွဲ့က လူတွေအကုန်သေကုန်ပါတယ်။ အကုန်သေသွားမှ သိလိုက်တာက
မျက်နှာဖုံးစွပ်အဖွဲ့က အကျင့်ပျက်ရဲတွေဆိုတာပါပဲ။ဂျိုးတို့အဖွဲ့ဟာ ရဲတွေကို မထင်မှတ်ပဲ သတ်မိသလိုဖြစ်သွားတော့
ပစ်ခတ်ရာမှာသုံးခဲ့တဲ့သေနတ်ကို သူတို့ခေါင်းဆောင်က ဂျိုးကို ဖျောက်ဖျက်ဖို့စေခိုင်းခဲ့ပါတယ်။
ဂျိုးကသေနတ်ကို အိမ်မှာခေတ္တသိမ်းထားတာကို သားဖြစ်သူရဲ့သူငယ်ချင်းကတွေ့သွားပြီး
မကျေနပ်နေတဲ့ သူ့ပထွေးကိုအဲ့ဒီသေနတ်နဲ့ ပစ်လိုက်မိပါတယ် ကောင်လေးက ပစ်ခတ်ဖြစ်ပြိးတော့
အိမ်ကနေထွက်ပြေးသွားလို့ ဂျိုးကကောင်လေးကို လိုက်ရှာရပါတော့တယ်ဂျိုးကကော သက်သေဖျောက်ဖို့အတွက် ကောင်လေးကို ရှာတွေ့သွားမလား
ရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာ အလှည့်အပြောင်းများနဲ့ ရိုက်ကူး
ထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကောင်းလေးမို့ ကြည့်ရှုခံစားကြည့်လိုက်ပါဦး
(၁၈+ အခန်းလေးတွေတော့ အနည်းငယ်ပါလို့ မိသားစုနဲ့ အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး

0 comments:

Post a Comment