The Spy (2019)


 

Rating : 6.0/10
Country : United State
Genre : Biography, Drama, History
Cast : Ingrid Bolsø Berdal, Rolf Lassgård, Damien Chapelle
Released Date : 2019
Duration : 1h 50min

အညွှန်း
ဒီဇာတ်လေးကတော့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ
ဆွန်ဂျာ၀စ်ဂက်ဆိုတဲ့ အမျိုးသမီးဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်ပါ။ တစ်နေ့မှာ တာဘိုဗန်လို့ ခေါ်တဲ့ နာဇီစစ်ဗိုလ် တစ်ယောက်ဟာ သူ့ကို မျက်စိကျသွားပြီး သူနဲ့အတူ ညစာစားဖို့ ဖိတ်ပါတော့တယ်။ ဒါပေမယ့် ဆွန်ဂျာဟာ မသွားခဲ့ပါဘူး။ ရလဒ်အနေနဲ့ ဆွန်ဂျာ့ရဲ့ အဖေဖြစ်သူ ထောင်ထဲရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ဆွီဒင်အကြီးအကဲတစ်ယောက်ဟာ ဂျာမန် (နာဇီ) ဘက်က သတင်းတွေရဖို့ ဆွန်ဂျာ့ကို သူလျှိုလုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ်။ သူလျှိုလုပ်ခြင်းအားဖြင့် သူ့ကို သဘောကျတဲ့ တာဘိုဗန်ကိုပါ ချဉ်းကပ်ပြီး အဖေဖြစ်သူ ထောင်ထဲကလွတ်အောင် ကယ်နိုင်မှာဖြစ်လို့ ဆွန်ဂျာဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါတော့တယ် ။ ဒါပေမယ့် ထူးဆန်းမှုတွေက ထပ်ပြီးဖြစ်လာပါတယ်။ နာဇီဗိုလ်မှူးကြီး တာဘိုဗန်ဟာ ဆွန်ဂျာ့ကို ယုံကြည်မှုလွန်ကဲသွားပြီး ဆွီဒင်ဘက်ကို သူ့အတွက် သူလျှိုသူလုပ်ပေးဖို့ ဆွန်ဂျာ့ကို ပြောလာပါတော့တယ်။
ဆွန်ဂျာတစ်ယောက် နှစ်ဖက်သူလျှိုလုပ်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။
Harald Rosenlow-Eeg နဲ့ Jan Trygve တို့က ရေးသားထားပြီး Jen Jonsson က ရိုက်ကူးထားပါတယ်

0 comments:

Post a Comment