[REC] 4 Apocalypse (2014)


 

Rating : 5.3/10
Country : United State
Genre : Action, Adventure, Fantasy 
Cast : Manuela Velasco, Paco Manzanedo, Héctor Colomé 
Released Date : 2014
Duration : 1h 35min

အညွှန်း
ဒီတစ်ခေါက်ကားလေးကတော့ စပိန်Zombie အလန်းစားကားနော်.. ဇာတ်လမ်းအစပိုင်းက အဆောက်အဦးတစ်ခုထဲမှာ အမည်မသိ ဗိုင်းရပ်စ်တစ်မျိုးက နေထိုင်သူတွေကို ကူးစက်နေတာကနေzombieတွေဖြစ်ကုန်တာကနေစတယ်..အဲ့မှာ နေထိုင်သူတွေရော..ကယ်ဆယ်ရေးတွေပါ အကုန် zombieဖြစ်ကုန်တယ်..ဒါပေမယ့် အထဲမှာတော့ သတင်းထောက်ကောင်မလေးတစ်ယောက်တော့ အသက်ရှင် ကျန်နေသေးတယ်..​နောက်တော့အထူးတပ်ဖွဲ့ ထဲက ဂူ့မန့်စ် ဆိုတဲ့သူက အပြင်ကိုခေါ်ထုတ်နိုင်ခဲ့တယ်..အဲ့ဒီအထူးတပ်ဖွဲ့မှာလည်း ဂူးမန့်စ်နဲ့ လူးကပ်စ်ဆိုတဲ့ နှစ်ယောက်ပဲ အသက်ရှင်တယ်.. ဇာတ်လမ်းက အဲ့ဒီကစပြီးမိုက်တော့တာပဲ..အဲ့လိုကယ်ဆယ်ရေးတွေပြီးသွားတော့ သူတို့က သင်္ဘောကြီး တစ်ခုပေါ်ရောက်နေတယ်.. အဲ့ဒီသင်္ဘောပေါ်မှာကောင်မလေးကို ကူးစက်ခံလိုက်ရလားမရဘူးလားဆိုတာဆရာ၀န်တွေစစ်ကြတာပေါ့….ပြီးတော့ ဂူးမန့်စ် နဲ့ လူးကပ်စ်တို့ အထူးတပ်ဖွဲ့က နှစ်ယောက်ကို လည်း စစ်တယ်..အဲ့ဒီမှာ သူတို့ကို စစ်ဆေးတဲ့ ဆရာ၀န်တွေကပဲ ဖြေဆေးထုတ်ဖို့ ကြိုးပမ်းတယ်ဆိုပါတော့ ..အဲ့တာကြောင့် ဖြေဆေးကို အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာ စမ်းသပ်ဖို့ အဲ့ဆရာ၀န်က လူးကပ်စ်ကို သူတို့လွတ်မြောက်လာတဲ့ အဆောက်အဦးကနေ ကူးစက်ခံထားရတဲ့ zombieရဲ့ သွေးနမူနာကိုယူလာခိုင်းခဲ့တယ်..ပြီးတော့ အဲ့သွေးနမူနာကို မျောက်တစ်ကောင်မှာ ထိုးလိုက်ပြီး..zombieဖြစ်တဲ့အထိစောင့်ကြတာပေါ့..သူတို့ ဗိုင်းရပ်စ်ဖြေဆေးလည်း ဖော်ပြီး..မျောက်ကို စမ်းထိုးကြည့်မယ်လုပ်တော့..အဲ့ဒီမျောက်ကမရှိတော့ဘူး.. တစ်ယောက်ယောက်က လွတ်ပေးလိုက်တာ..အဲ့ဒီမှာ ငါးပါးကိုမှောက်တော့တာပဲ..အဲ့ဒီ မျောက်က စားဖိုမှုကို ကိုက်..အဲ့တာနေ စားဖိုမှု ကူးသွား..ကူးသွားတဲ့စားဖိုမှုးကလည်း မသိပဲ အဲ့မျောက်ကို ဟင်းချက်လိုက်တယ်.. အဲ့တာကို သင်္ဘောပေါ်က လူတော်တော်များများစားမိ..တော်တော်များများ zombieတွေဖြစ်ကုန်..အဲ့ကနေ တစ်ယောက်ပြီး တစ်ယောက်ကူး.. ပြဿနာတွေ တက်တော့တာပဲ..ဘယ်သူကများ အဲ့ဒီ မျောက်ကို လွှတ်ပေးလိုက်ရတာလဲ…ဘာဖြစ်လို့များ လွှတ်ပေးလိုက်ရတာလဲ..သူတို့ ရဲ့ဖြေဆေးတွေကကော အလုပ်ဖြစ်ပါ့မလား..နောက်တော့ အဲ့ဒီကနေ ဘယ်သူတွေ အသက်ရှင်ရက်ပြန်ထွက်လာနိုင်မှာလဲ..နောက်ထပ်နောက်ထပ်မသိနိုင်တဲ့ မြုပ်ကွက်တွေကကောဘာတွေဖြစ်မလဲ..ဆိုတာစဥ်းစားစရာတွေပါပဲ.. ပြောရအုန်းမယ်..ဒီကားက သည်းထိတ်ရင်ဖိုဆိုတဲ့ အတိုင်း Zombie တွေရောက်ရောက်လာတဲ့ အခန်းတွေကို အသားကုန်ကြမ်းထားတာ…. ကြည့်ရတာနဲ့ တန်မယ့်ကားမျိုးလို့ပြောလို့ရပါတယ်….

0 comments:

Post a Comment