Warriors of the Rainbow Seediq Bale I (2011)


 

Rating : 7.5/10
Country : China
Genre : Action, Drama, History 
Cast : Masanobu Andô, Jun'ichi Haruta, Sabu Kawahara
Released Date : 2011
Duration : 2h 24min

အညွှန်း
ကမ္ဘာနဲ့တဝန်းမှာ ရှေးအခါကနေ ယနေ့ထိတိုင် စစ်ပွဲတွေဖြစ်နေတာပါ
နယ်မြေလိုချင်လို့၊ အာဏာလိုချင်လို့၊ မာန်မာန၊ ဂုဏ်သိက္ခာအတွက် တိုက်ကြတဲ့စစ်ပွဲတွေပေါ့
ဒီဇာတ်ကားကတော့ ထိုင်ဝမ်ကျွန်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်၁၈၉၅ ခုနှစ် ဂျပန်-တရုတ်ရှီမိုနီဆာကီ သဘောတူစာချုပ်အရ
ဖက်ဆစ်ဂျပန်တို့ရဲ့ နယ်ချဲ့ကျူးကျော်မှုအောက်မှာ ထိုင်ဝမ်နိုင်ငံလည်းကျရောက်ခဲ့ပါတယ်
ထိုင်ဝမ်နိုင်ငံရဲ့ တောင်တန်းတွေပေါ်မှာ ရှေးအစဦးကတည်းက တည်ရှိနေတဲ့ သူတို့ကိုယ်သူတို့
သက်တန့်သူရဲကောင်းလို့ခေါ်တဲ့ မျိုးနွယ်စုတွေရှိခဲ့ပါတယ်
အဲဒီလူရိုင်းမျိုးနွယ်စုတွေဟာ သူတို့ရဲ့ အမဲလိုက်နယ်မြေတွေကို ဂျပန်တွေရဲ့
မတရားသိမ်းပိုက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်က ရုန်းထွက်ဖို့အတွက်
မျိုးနွယ်စု ၆ ခုက စစ်သည်တော်ပေါင်း ၃၀၀ လောက်က
ဂျပန်တွေကိုတော်လှန်ပုန်ကန်တဲ့ တိုက်ပွဲကြီးဖြစ်ပေါ်လာခဲ့တာပါဒီဇာတ်ကားကို စတင်ရိုက်ကူးစဉ်က ဖလင်ဇာတ်ကား ၂ ခုအဖြစ်ထွက်ရှိခဲ့တာပါ
အခု ဇာတ်ကားတစ်ခုတည်းအဖြစ် ပေါင်းစည်းထားတာပါ ၂၀၁၁ ခုနှစ်မှာ
ထွက်ခဲ့တာဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်
စစ်ပွဲရဲ့အနိဠာရုံတွေကို ရှုစားကြရမှာဖြစ်ပြီး
လူရိုင်းတွေရဲ့ ရက်စက်တဲ့ သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်
အသက်မပြည့်သူတွေနဲ့၊ စိတ်မခိုင်တဲ့သူတွေ ကြည့်ရှုဖို့မသင့်တော်ပါဘူး
စိတ်ဝင်စားဖွယ်ဇာတ်လမ်းကောင်း တစ်ခုဖြစ်တာမို့ လက်မလွတ်တမ်း အားပေးလိုက်ပါဦး

0 comments:

Post a Comment