This Time (2016)


 

Rating : 5.6/10
Country : Philippines
Genre : Drama, Romance
Cast : James Reid, Nadine Lustre, Bret Jackson
Released Date : 2016
Duration : 1h 49min

အညွှန်း
ကလေးဘဝက နွေရာသီကျောင်းပိတ်ရက်တွေမှာအလည်သွားရင်းတွေ့ရတဲ့ ငယ်ငယ်ကသူငယ်ချင်းတွေရှိခဲ့မယ်ဆိုရင်ဒီကားလေးကို ပိုသဘောကျမယ်ထင်ပါတယ်။အခြား ရိုမန့်ရုပ်ရှင်တွေလိုပဲ ဒီရုပ်ရှင်က ငယ်သူငယ်ချင်းနှစ်ယောက်တစ်ယောက်ကိုတစ်​ယောက်စိတ်ဝင်စားမိတဲ့
ပုံစံအတိုင်းလာပါတယ်။အရမ်းဒရမ်မာဆန်တဲ့ အလှည့်အပြောင်းသိပ်မရှိပဲအေးအေးငြိမ့်ငြိမ့်လေးနဲ့ Narrative ပုံစံတစ်ခုနဲ့ ဆွဲခေါ်သွားမှာပါSynopsis -ရုပ်ရှင်အဖွင့်မှာ ငယ်ငယ်တုံးကနှစ်ယောက်ကြားချစ်စရာအဖြစ်ပျက်ကလေးတစ်ခုနဲ့စဖွင့်ပါတယ်။အေဗာမှာ ငယ်ငယ်ထဲကခုထိပေါင်းလာတဲ့နွေရာသီပဲတွေ့ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်။သူ့နာမည်က ကိုဘီ-ကိုဘီကနွေရာသီမှာပဲ ဖိလစ်ပိုင်ကိုအလည်လာတယ်ကြာတော့ သူတို့နှစ်ယောက်ကြားမှာ ဘာခေါင်းစဥ်တပ်ရမလဲကိုသူတို့ကိုယ်တိုင်လည်းမသိဘူးပေါ့။နှစ်ယောက်ကိုတွေ့ဆုံစေတဲ့နွေရာသီဟာကြာတော့သူတို့နှစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတော့တယ်အရမ်းထူးခြားတဲ့ဇာတ်လမ်းဇာတ်ကွက်မပါပေမယ့်တစ်ပုဒ်တည်းသုံးထားတဲ့ဇာတ်ဝင်တေး၊Narrative ဆန်တဲ့ဇာတ်ကြောင်းတင်ပြမှု၊ခေါင်းဆောင်မင်းသားJames Reid နဲ့မင်းသမီး Nadine Lustre တို့သရုပ်ဆောင်ထားကChemistry တော်တော်မိပါတယ်။တခြားcast တွေက comedy ဖြစ်ပြီးကြည့်နေရင်းကို သရုပ်ဆောင်တွေနဲ့မျောပါနေမိတယ်။ဇာတ်လမ်းအလှည့်အပြောင်းအထွေအထူးမမျှော်လင့်နေပဲ ဒီအတိုင်းအေးအေးငြိမ့်ငြိမ့်လေးကြည့်ချင်သူတွေအတွက်ဆို ကြည့်ရအဆင်ပြေမယ့် ဇာတ်ကားတစ်ကားပါ

0 comments:

Post a Comment