Mad Money (2008)


 

Rating : 5.8/10
Country : United State
Genre : Comedy, Crime, Thriller 
Cast : Diane Keaton, Queen Latifah, Katie Holmes
Released Date : 2008
Duration : 1h 44min

အညွှန်း
ဒီတခါတော့ အဟောင်းပေမယ့်ကောင်းနေသေးတဲ့ဟာသဇာတ်မြူးကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ.Imdb 5.8ရထားပြီး Comedy/Heistဆိုတော့လူတိုင်းကြိုက်ကြမယ့် ကားလေးပေါ့ဗျာ.ဇာတ်လမ်းအကျဉ်းကတော့ ဘရစ်ဂတ်ရဲ့ခင်ပွန်း ဒွန်ဟာ
နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်ကနေ ပြုတ်သွားတာကြောင့်တသက်လုံး အေးဆေးနေခဲ့တဲ့ ဘရစ်ဂတ်တို့မိသားစုဟာဒုက္ခရောက်တာပေါ့ဗျာ. ခင်ပွန်းဒွန်ကလဲ အလုပ်ပြုတ်ပြီးစိတ်ဓာတ်တွေ တဖြုတ်ဖြုတ်ကျတာကြောင့်
ဘာမှမလုပ်နိုင်ဖြစ်ပြီး စီးပွားရေးအခြေအနေက ပိုဆိုးလာခဲ့ပါတယ်. ဘယ်လောက်တောင် ဆိုးလဲဆိုသူတို့အိမ်ဖော်ကိုတောင် လခမပေးနိုင်လို့ အကြွေးတောင်းခံရတဲ့ထိပါပဲ.ကံကောင်းချင်တော့ အဲ့ဒီအိမ်ဖော်မလေးကပဲဘရစ်ဂျတ်ကို အလုပ်တစ်ခုလုပ်ဖို့ အကြံပေးခဲ့ပါတယ်.အဲ့ဒီအလုပ်ကတော့ ဘဏ်မှာ သန့်ရှင်းရေးလုပ်တာပါပဲ. ဘရစ်ဂျတ်ကလဲငွေလိုနေတာဆိုတော့ ဝင်လုပ်တာပေါ့ဗျာ.ဝင်လုပ်ရင်းနဲ့ ပဲ ဘဏ်ရဲ့ဟာကွက်တချို့ကို တွေ့ပြီး အဲ့ဒီကနေငွေရပေါက်အကြီးကြီးဖြစ်သွားတာပေါ့.ဒါပေမယ့် သူတစ်ယောက်တည်းလုပ်ဖို့ကျအဆင်မပြေတာကြောင့် ဘဝတူ ဘဏ်ဝန်ထမ်းအဖော်နှစ်ယောက်စုပြီးသုံးယောက်ပေါင်းကာ ကွက်ကျော်ရိုက်ကြပါတယ်.သူတို့ရဲ့ ငွေရပေါက်ဟာ တရားမဝင်တော့ လူအင်အားပိုလိုလာလို့လူစုရင်းနဲ့ အုပ်စုတစ်ခုလိုဖြစ်ပြီး အတူတူ ကွက်ကျော်ရိုက်ကြရင်းအလွဲတွေဖြစ်ပြီး တိုင်ပတ်တာကို ရိုက်ပြထားတဲ့ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းကိုကြည့်ရင်ဘဝအမောတွေ
ကျိန်းသေပြေစေမှာမလို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦးဗျာ

0 comments:

Post a Comment