Ugly (2013)


Rating : 8.0/10
Country : India
Genre : Crime, Drama, Mystery
Cast :    Rahul Bhat, Ronit Roy, Tejaswini Kolhapure 
Released Date : 2013
Duration :  2h 8min 


အညွှန်း
ကားကောင်းလေးတကားပါ။ ကောင်မလေးက သူ့အဖေနဲ့ အပြင်ထွက်လည်နေတုန်း ရုတ်တရတ်ပျောက်ဆုံးသွားပါတယ်။ အဖေနဲ့ အမေနဲ့က ကွဲနေပြီး အမေရဲ့ နောက်အိမ်ထောင်ဖက်ကတော့ မှုခင်းစုံစမ်းရေးမှူကြီးတဦးဖြစ်ပါတယ်။

ကောင်မလေးပျောက်သွားတုန်းက သူ့အဖေနဲ့ အတူ သူ့အဖေသူငယ်ချင်းပါ အတူတူရှိနေပါတယ်။ တဖက်က သူ့အမေကလည်း အရက်စွဲနေတဲ့သူဖြစ်ပြီး ကောင်မလေးကို ဂရုမစိုက်နိုင်ပါဘူး။ ရဲမှူးနဲ့ အိမ်ထောင်ရေးကလည်း အဆင်မပြေတဲ့အချိန် ကောင်မလေးရုတ်တရတ်ပျောက်ဆုံးမှုဟာ ဘယ်သူ့လက်ချက်လဲ ဘယ်သူလုပ်တာလဲဆိုတာ ဇာတ်အိမ်ကောင်းကောင်းနဲ့ တဆင့်ချင်း ဖေါ်ပြသွားတဲ့ ရုပ်ရှင်ကောင်းတလက်ပါ။

ဒီဇာတ်လမ်းကိုကြည့်ရင် လူတွေရဲ့လောဘ၊ အတ္တကြီးမှုတွေကို ကြောက်စရာကောင်းအောင်တွေရမှာပါ။

သရုပ်ဆောင်တွေအားလုံး ပီပြင်ကြပါတယ်။ သဘောအကျဆုံး သရုပ်ဆောင်နှစ်ယောက်ရှိပါတယ်။ ကလေးပျောက်တော့ ပထမဆုံး ရဲစခန်းမှာ တိုင်ချက်ဖွင့်တဲ့အခါ သူငယ်ချင်းနှစ်ယောက်အရစ်ခံရပါတယ်။ အဲ့ဒီအခန်း အရစ်သန်တဲ့စခန်းမှူးကိုကြည့်ကြည့်ပြီး နရင်းရိုက်ချင်စိတ်တွေ ဖြစ်လာအောင် သရုပ်ဆောင်ထားပါတယ်။ ဒုတိယတယောက်ကတော့ အရုပ်မျက်နှာဖုံးရောင်းတဲ့သူရဲ့ အဒေါ်ဆိုသူဖြစ်ပါတယ်။ သူ့ရုပ်ကို သေသေချာချာကြည့်ရင် သရုပ်မဆောင်တတ်သလို၊ ဘာမှမသိတဲ့ အရိုးခံကြီးလိုလို သရုပ်ဆောင်သွားတဲ့ ပုံစံတွေဟာ ပီပြင်တယ်ပြောရမှာပါ။



 

0 comments:

Post a Comment