Any Body Can Dance 2 (2015)


Rating : 5.4/10
Country : India
Genre : Biography, Drama, Music 
Cast :   Prabhu Deva, Varun Dhawan, Shraddha Kapoor 
Released Date : 2015
Duration :  2h 34min 


အညွှန်း
ဆူရှပ် ဆိုတဲ့ လူငယ်လေးဟာ
မွန်ဘိုင်းစတန်နာ အကအဖွဲ့ရဲ့ခေါင်းဆောင်ပေါ့။
အခုလည်း HKKN ဆိုတဲ့ အိန္ဒိယအကရှိုးပွဲမှာ
ဝင်ပြိုင်ထားပြီး အကောင်းဆုံးတင်ဆက်ခဲ့ပါတယ်။သို့သော် ဆူရှပ် ဖန်တီးတဲ့ကကွက်တွေဟာ
ဖိလစ်ပိုင်လူငယ်ကကွက်အတိုင်း မလွဲမသွေ
တူနေတာကြောင့် ဒိုင်လူကြီးတွေက သူတို့အဖွဲ့ကို
ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ပါတယ်။
လူလိမ် တွေအဖြစ် ပရိသတ်တွေရဲ့ တုံ့ပြန်မှုနဲ့
မွန်ဘိုင်းစတန်နာ အဖွဲ့ဟာလည်း ဖရိုဖရဲ
ဖြစ်ခဲ့ရပြီး လူမှုပတ်ဝန်းကျင်မှာလည်း
အရှက်တကွဲ ဖြစ်ခဲ့ကြရပါတယ်။ဒါပေမဲ့ ဆူရှပ်ဟာ စိတ်ဓာတ်မကျဘဲ
သူ့အဖွဲ့ရဲ့သိက္ခာကို
ကယ်ဆယ်နိုင်ဖို့ ပြန်လည်ကြိုးပမ်းခဲ့တယ်။တစ်နေ့မှာတော့ ဆူရှပ်ဟာ အရက်ဘားတစ်ခုမှာ
စားပွဲထိုးလုပ်နေရင်း ကကွက်အလှတွေနဲ့
သူ့စိတ်ကို ဖမ်းညှိစေတဲ့ လူတစ်ယောက်ကို
တွေ့မိတယ်။.သူ့နာမည်က ဗစ်နူး။ဆူရှပ်သိသလောက်တော့ ဗစ်နူးဟာ
အရက်ဂျိုးတစ်ယောက်ပေမဲ့ အကဘုရင်တစ်ဦးပေါ့။
ဒီလိုနဲ့ ဆူရှပ်ဟာ ဗစ်နူးမူးနေစဉ် အိမ်ကို
ညစဉ် ပြန်ပို့ပေးပြီး တပည့်အဖြစ်အကသင်ပေးရန်
တောင်းဆိုခဲ့သည်။ ဗစ်နူးကတော့ ဆူရှပ်ကို
လူလိမ် ဖြစ်နေတာကြောင့် သင်မပေးခဲ့ပါဘူး။ဒီလိုနဲ့ ဆူရှပ်ဟာ အလျှော့မပေးသေးဘဲ
သူ့အကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။
သူ့ရဲ့ အဓိကမျှော်လင့်ချက်ကတော့
လက်ဗီးဂတ်စ် မှာကျင်းပတဲ့ Hip Hop
အကပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံအသင်းအဖြစ်
ယှဉ်ပြိုင်လိုခြင်းပဲဖြစ်ပါတယ်။ဒါကြောင့် ဗစ်နူးကိုလည်း တပည့်အဖြစ်လက်ခံပေးရန်
အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတယ်။နောက်ဆုံးမှာတော့ —???ကဲ— ဘာတွေဖြစ်ကြမလဲ
ဆိုတာတော့
ရုပ်ရှင် ဖန်သားပြင်ပေါ်မှာပဲ ကြည့်လိုက်ရအောင်နော်။

0 comments:

Post a Comment