How to Buy a Friend (2020)

8 Episodes


Rating : 8.0/10
Country : South Korean
Genre : Friendship,Mystery,Comedy,Romance,School,Youth,Drama
Cast : Lee Shin Young,Shin Seung Ho,Kim So Hye

CLOY ထဲက ဗိုလ်မူးလေး Lee Shin Young (Park Chan Hong) က စာလေ့လာရမှာ ဝါသနာမပါဘဲ ကဗျာရေးချင်စိတ်ပဲ ရှိတဲ့ အထက်တန်းကျောင်းသား တစ်ယောက်။ Chan Hongရဲ့ နာမည်ပြောင်က "Ninja" ပါတဲ့။ တစ်နေ့ သူ့ရေးထားတဲ့ ကဗျာ တစ်ပုဒ်ကနေ မထင်မှတ်တာတွေ ဖြစ်လာခဲ့ပါတယ်။

Heo Dong Hyuk (Shin Seung Ho) က လက်သီးဘုရင် လို့ ခေါ်ရလောက်အောင် ရန်ဖြစ်တဲ့ နေရာမှာ နာမည်ကြီးသူတစ်ယောက်။
လွန်ခဲ့တဲ့နှစ်က သူ့ ရဲ့ ကောင်မလေး သေဆုံးမှုမှာ လှောင်ပြောင်ခဲ့တဲ့ လူတွေနဲ့ ရန်ဖြစ်ပြီးနောက် လူငယ်ထိန်းသိမ်းရေး စခန်းကို ရောက်ရှိသွားသူပါ။

သူ လွတ်လာပြီးနောက်ပိုင်း အထက်တန်းကျောင်းမှာ ကျောင်း ပြန်တက်ပြီး သူ့ကောင်မလေး သေဆုံးသွားရတဲ့ အကြောင်းအရင်းကို စုံစမ်းလိုက်ချိန်မှာ Chan Hongရေးထားတဲ့ ကဗျာထဲကနေ သဲလွန်စ တစ်ချို့ကို သူ သိခဲ့ပြီးနောက်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်မလဲ။

မင်းသမီး Eom Se Yoon (Kim So Hye ) က ကျောင်းမှာ စာတော်ပြီး အရမ်းလှသူလို့ နာမည်ကြီးသူတစ်ယောက်။သူမရဲ့ အိမ်မက်က အနုပညာ အလုပ်တွေကို လုပ်ဖို့ပါ။Chan Hong ကိုလည်း Crush နေတဲ့ သူပေါ့။

ခပ်အေးအေးပဲ နေတတ်တဲ့ Chan Hong ရယ်
စိတ်တိုတာနဲ့ လက်ပါတတ်တဲ့ Dong Hyukရယ်
စာတော်ပြီး လှတဲ့ Se Yong တို့ သုံးယောက် အချစ်ဆုံး သူငယ်ချင်းတွေပဲ ဖြစ်ကြမလား?
ကဗျာနဲ့ သေဆုံးသွားသူနဲ့က ဘယ်လိုတွေ ဆက်စပ်နေတာလဲ? အထက်တန်းကျောင်းသားတွေရဲ့ ဆိုးသွမ်းမှုတွေကော အနိူင်ကျင့် ပိုက်ဆံတောင်းတာတွေကော ကို သူတို့သုံးယောက် ဘယ်လို တွေ ဖြေရှင်းကြမလဲ?
သူငယ်ချင်း အချင်းချင်းကြား ဘယ်လိုတွေ Crush ကြရင်း ဖြစ်ချင်တဲ့ အိမ်မက်တွေကကော ဖြစ်လာနိူင်မလား 

 

0 comments:

Post a Comment