Ode to Passion (2020)


 

Rating : 5.1/10
Country : United State
Genre : Drama, Musical, Romance 
Cast : Chandler Lovelle, Giuseppe Bausilio, Victoria Meade 
Released Date : 2020
Duration : 2h 8min

အညွှန်း
Relationship တစ်ခုဆိုတာ သူစိမ်းနှစ်ယောက်ရဲ့ ချစ်ခြင်းတစ်ခုပါပဲ။
အဲ့ဒီ ချစ်ခြင်းရဲ့ကြားထဲ အလွှာပါးပါးလေးက ခြားထားပါတယ်။

ထိလွယ်ရှလွယ်လွန်းတဲ့ အလွှာပါးကလေးဖြစ်တဲ့အတွက်အရမ်းအရေးကြီးပါတယ်။ ဒီဇာတ်ကားမှာ အဲ့တာကို အဓိက ရိုက်ပြထားတာပါ။

စရိုက်ခြင်း ကွာခြားလွန်းတဲ့ လူနှစ်ယောက်ရဲ့ Relationship တစ်ခုက တည်မြဲဖို့ဆိုတာ
မဖြစ်နိုင်သလောက်ပါပဲ။

နားလည်မှုက အဓိကပဲလို့ ပြောရင် ဘယ်လောက်ထိ နားလည်မှုပေးနိုင်မလဲဆိုတာလည်း အရေးကြီးပါတယ်။

ဇာတ်လမ်းကတော့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ မိုက်ကယ်နဲ့ သူ့ရဲ့ကောင်မလေး ဆယ်ရာ အကြောင်းကို ရိုက်ပြထားတာပါ။

စာရေးဆရာ ပီပီ အနေအေးပြီး တည်တည်တံ့တံ့လေးနေတတ်တဲ့ မိုက်ကယ်။

ဆယ်ရာကတော့ ငယ်စဉ်ကတည်းက အစ်ကိုက သေသွားပြီး အဖေကလည်း အိမ်ကထွက်သွားတော့ မိသားစု စိတ်ခံစားချက်ရှိနေတဲ့ ခပ်ဆိုးဆိုး ကောင်မလေးတစ်ယောက်ပေါ့။

သူတို့ကြားက အဓိက ပြဿနာက ဆယ်ရာဟာ ဆေးစွဲတော့မယ့် အခြေနေရောက်နေတာကြောင့်ပါပဲ။

အဲ့ကိစ္စက စတဲ့ ကတောက်ကဆလေးကနေ သူတို့နှစ်ယောက်အပေါ် ဘယ်လောက်ထိ သက်ရောက်သွားမလဲဆိုတာကို ဇာတ်လမ်းငြိမ်ငြိမ်ကလေးနဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ ထူးခြားတာတစ်ခုကတော့ သူတို့တွေဟာ သီချင်းတွေ အများကြီးဆိုပါတယ် (အိန္ဒိယကား ဆန်တယ်ပေါ့)။ ဒီတော့ သီချင်းတွေလည်း အများကြီး နားထောင်ရဦးမှာပါ။

0 comments:

Post a Comment