Ek Thi Daayan (2013)


Rating : 5.7/10
Country : India 
Genre :  Horror, Romance, Thriller
Cast : Emraan Hashmi, Konkona Sen Sharma, Kalki Koechlin 
Released Date : 2013
Duration : 2h 15min



အညွှန်း
င်္ဂလာပါခင်ဗျ၊ Edward Norton ရဲ့ Illusionist ကို မှတ်မိကြဦးမယ်ဆိုရင်.. သူ့လိုပဲ Illusionist တစ်ယောက်ရဲ့ ဘဝနောက်ကွယ်က ပဥ္စလက်ဆန်ဆန်အဖြစ်အပျက်တွေကို ရိုက်ကူူးထားတဲ့ Ek Thi Daayan ကိုလဲ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယူဆမိတဲ့အတွက်ကြောင့် Goldchannel မှ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ Imdb 5.7 rating နဲ့ ကလေးသရုပ်ဆောင်တွေ ဒါရိုက်တာတွေ မင်းသမီးတွေ အကုန် Nomination တွေ ရတဲ့အထိ ခရီးပေါက်ခဲ့တဲ့ film တစ်ခု ဖြစ်တဲ့အတွက်ကြောင့်... ကျွန်တော်တို့ မြန်မာနဲ့ သိပ်မစိမ်းလှတဲ့အရှေ့တိုင်းမျက်လှည့်ဆရာတစ်ယောက်ရဲ့ ခြောက်ခြားဖွယ် အိပ်မက်ဆိုးတွေကို ထိထိမိမိ ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။

Bobo ဟာ အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်းမျက်လှည့်ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်အာရုံထဲကို.. ထင်ယောင်ထင်မှား အာရုံတွေ ပူးဝင်နှောင့်ယှက်လာကတည်းက သူ့ရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေမှာ.. အမြဲလိုလို အခက်အခဲတွေဖြစ်လာရပါတော့တယ်။ အဲဒီအတွက် လူတွေရဲ့ စိတ်ကို လှည့်စားနိုင်စွမ်းရှိတဲ့ Bobo တစ်ယောက် စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက်နဲ့ ပြန်ပြီး အကုသခံဖို့ ဖြစ်လာပါတယ်။ ကုသချိန် အိပ်မွေ့ချနေစဉ်အတွင်းမှာ.. Bobo ဟာ သူ့ရဲ့ အတိတ်မှာ မေ့ဖျောက်ထားခဲ့တာ ကြာနေပြီ ဖြစ်တဲ့ အကြောင်းအရာတစ်ချို့ကို မှတ်မိလာတဲ့အလျောက် သူ့ရဲ့ ငယ်စဉ်ဘဝက ထိန်းကျောင်းပေးခဲ့တဲ့ မိထွေးဖြစ်သူ Diana ကို မုန်းတီးခဲ့မှုတွေ သူ့ရဲ့ ချစ်လှစွာသော ဖခင်ဖြစ်သူနဲ့ ညီမငယ်တို့ အသက်ဆုံးရှုံးရပုံတွေက စိတ်အာရုံတွေထဲမှာ တကြော့ ပြန်လည်နိုးထလာကြပြီ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် Bobo ရဲ့ ချစ်ရသူ Tamra ကနေ တဆင့် Lisa dutt ဆိုတဲ့ မိန်းမလှလေးတစ်ယောက်ဟာ Bobo ရဲ့ ပါတ်ဝန်းကျင်ထဲမှာ ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ Bobo အတွက်တော့ Lisa ရဲ့ အချို့သော အပြုအမူတွေ လုပ်ရပ်တွေကြောင့် Lisa ဟာ Daayan ( စုန်းအတတ်တွေကို လေ့လာလိုက်စားတဲ့သူ ) တစ်ယောက် ဖြစ်မယ်လို့.. သံသယရှိစရာပါပဲ။ တစ်ဖက်ကလဲ Lisa ဟာ.. သူ့ရဲ့အတိတ်ကနေ လူဝင်စားတစ်ယောက်အနေနဲ့ သူ့ဆီ ရောက်ရှိလာတာ လဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့.. ထင်မြင်လာမိတဲ့နောက်မှာတော့... Bobo တစ်ယောက်.. ဒီ Daayan Witch တွေ နဲ့ ဘယ်လို ရင်ဆိုင်တိုက်ခိုက်ကြမလဲ.. ဘယ်လို သူ့ဘဝရဲ့အိပ်မက်ဆိုးတွေကို ခြေဖျက်သွားမလဲဆိုတာ.. ဆက်လက်ကြည့်ရှု ခံစားပေးပါလို့. ညွှန်းဆိုရင်း....

0 comments:

Post a Comment