Tora-san, Wish You Were Here (2019)


 

Rating : 6.7/10
Country : Japan
Genre : Comedy, Drama 
Cast : Kiyoshi Atsumi, Chieko Baishô, Hidetaka Yoshioka
Released Date : 2019
Duration : 1h 55min

အညွှန်း
ဂျပန်နိုင်ငံရဲ့ရှီဘမတဘူတာရုံအပြင်ဘက်မှာဆိုရင် ဘောင်းဘီအိပ်ကပ်ထဲကိုလက်တစ်ဖက်ထည့်ထားပြီး တစ်ဖက်ကလက်ဆွဲအိတ်ကိုကိုင်ထားတဲ့ရုပ်တုတစ်ခုရှိပါတယ်။သူကအပေါ်ထပ်ဂျာကင်နဲ့ဝတ်စုံပြည့်ဝတ်ထားပေမဲ့ ဆောင်းထားတဲ့ဦးထုပ်နဲ့စီးထားတဲ့ခြေညှပ်ဖိနပ်ကြောင့် တိုကျိုမြို့သားတစ်ယောက်မဟုတ်တာသိသာပါတယ်။
အနီးကပ်ကြည့်လိုက်ရင်တော့ လူတွေက ခဏခဏထိကိုင်ပြီးကံကောင်းစေဖို့ဆုတောင်းတဲ့အတွက်ကြောင့် ပြောင်လက်နေတဲ့ သူ့ရဲ့ဘယ်ဘက်ခြေမကိုတွေ့ရမှာပါ။ ဒီရုပ်ထုဟာ Tora-San ဖြစ်ပါတယ်။
Tora sanဆိုတာ ၁၉၆၉ကနေ ၁၉၉၉ထိဆက်တိုက်ထုတ်လွှင့်ခဲ့တဲ့ It’s tough being a man ဆိုတဲ့ seriesထဲက ဇာတ်လိုက်ကာရိုက်တာပါ။ဒီ seriesကိုဂျပန်နိုင်ငံမှာ ၁၉၉၉ရောက်တဲ့အထိနှစ်စဉ်ထုတ်လွှင့်ခဲ့ပြီး Toraအဖြစ်သရုပ်ဆောင်တဲ့ Atsushi Kiyomi ဆုံးပါးသွားမှရပ်တန့်ခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ seriesရဲ့ နံပါတ်စဉ်၅၀မြောက်ဇာတ်ကားဖြစ်သလို series စတင်ထုတ်လွှင့်တဲ့နှစ်၅၀ပြည့်တဲ့အထိမ်းအမှတ်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ဒီဇာတ်ကားထဲမှာတော့ Tora-sanရဲ့တူလေးဖြစ်သူ မစ်ဆုအိုက မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သမီးနဲ့အတူနေထိုင်ရင်း စာရေးဆရာတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပါတယ်။သူ့ရဲ့ပွဲဦးထွက်စာအုပ်ဖြစ်တဲ့”အရိပ်ပမာမိန်းမပျိုငယ်”စာအုပ်ကလူကြိုက်များနေပြီး နာမည်ရတဲ့ဝတ္တရေးသူတစ်ယောက်ဖြစ်လာတဲ့အချိန်ပါ။ဒီအချိန်မှာသူ့နဲ့လွဲခဲ့တဲ့ငယ်ချစ်ဦးက ဂျပန်ကိုပြန်ရောက်လာခဲ့ပါတယ်။သူတို့တွေပြန်ဆုံဖြစ်တဲ့အချိန်မှာ လွမ်းစရာအမှတ်တရဟောင်းတွေနဲ့အတူ သူတို့ချစ်ရတဲ့Tora-sanနဲ့တိုက်ဆိုင်တဲ့အရင်ပုံရိပ်တွေကလည်း အမှတ်ရစရာပေါ်ထွက်လာပါတယ်။ချစ်ရတဲ့အချစ်ဦးနဲ့ပြန်တွေ့ချိန်မှာ ရှေ့တိုးရခက်နောက်ဆုတ်ရခက်အနေအထားဖြစ်နေတာကြောင့် ဘာပဲဖြစ်လာဖြစ်လာတိုင်ပင်လို့ရတဲ့ဦးလေးကို သတိရလာပါတယ်။မစ်ဆုအိုလိုအပ်ချိန်တိုင်းမှာရှိနေပေးတဲ့ မျက်နှာလေးထောင့်နဲ့ချစ်စရာကောင်းတဲ့ဦးလေးတိုရာရဲ့ ရယ်စရာအပြုအမူတွေဦးလေးကိုသဘောကျပြီးလက်ထပ်ချင်ပေမဲ့ လက်မထပ်ဖြစ်တဲ့အမျိုးသမီးတွေနဲ့အတူ ရှီဘမတမိသားစုရဲ့အမှတ်တရတွေကိုနောက်ကြောင်းပြန်ပြကွက်တွေနဲ့အတူကြည့်ရှုရမဲ့ Comedy,Drama အမျိုးအစားmovieကောင်းတစ်ခုပါ။

0 comments:

Post a Comment