Hot Blooded Detective (2020)


 

Rating : 7.3/10
Country : Korea
Genre : Comedy, Crime, Drama
Cast : Kim In Kwon, Kim Seung Hyun
Released Date : 2020
Duration : 1h 36min

အညွှန်း
ဒီကားကစုံထောက်ဟာသကားကြိုက်နှစ်သက်တဲ့သူတွေအတွက်ပေါ့ပေါ့ပါးပါးနဲ့ရီရပြီးကြည့်လို့ကောင်းတဲ့ Comedy ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ကိုရီးယားနိုင်ငံကမော်ဒယ်လုပ်ငန်းတစ်ခုမှာမွန်ဂိုကနေမော်ဒယ်လာလုပ်တဲ့တိုရာချယ်ဆိုတဲ့ကောင်မလေးတစ်ယောက်က
ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။

အဲ့လိုပျောက်ဆုံးသွားချိန်မှာ သူနဲ့အနီးစပ်ဆုံးဖြစ်တဲ့ သူ သူငယ်ချင်းအလီရှာကသံသယတရားခံဖြစ်လာပြီးကိုရီးယားမှာခြေချုပ်မိနေခဲ့ပါတယ်။အလီရှာက မွန်ဂိုက အကြီးဆုံး ကုမ္ပဏီဥက္ကဌသမီးလည်းဖြစ်သလိုသူမအမေနေမကောင်းတဲ့အတွက် သူကိုပြန်ခေါ်လာဖို့မွန်ဂိုကစုံထောက်မလေးဖြစ်သူမွန်ဟောက တာ၀န်ယူဆောင်ရွက်ပေးရပါတယ်။ဒါကြောင့် မွန်ဂိုစုံထောက်မလေးမွန်ဟောတစ်ယောက်တာ၀န်ထမ်းဆောင်ဖို့ ကိုရီးယားကိုရောက်လာတဲ့အခါကိုရီးယားဖက်က အလွဲတွေလုပ်တတ်ပြီး ကြောက်တတ်တဲ့ရဲဖြစ်သူ ဒုန်းမင်းနဲ့ ဆုံတွေ့ဖို့ဖြစ်လာပါတယ်။မွန်ဂိုမော်ဒယ်မလေး တိုရာချယ်ပျောက်ဆုံးမှုကိုကိုရီးယားဖက်ကစုံစမ်းနေသလို မွန်ဟောကလည်းစုံစမ်းဖို့ဖြစ်လာပါတယ်။အမှုသွားအမှုလာကထင်ထားသလိုရိုးရိုးပျောက်ဆုံးမှုမျိုး မဟုတ်ပဲမထင်မှတ်ထားတဲ့ လှည့်ကွက်တွေ၊ဖုံးကွယ်မှုတွေရှိလာတဲ့အခါကိုရီးယားနဲ့မွန်ဂို စုံထောက်နှစ်ယောက်အဖို့ ခေါင်းကိုက်စရာတွေဖြစ်လာပါတယ်။ရဲလုပ်လာထဲကအကြမ်းမဖက်တတ်တဲ့ ဒုန်မင်းနဲ့တစ်ခုခုဆိုစိတ်မြန်လက်မြန်စုံထောက်မလေး မွန်ဟောတို့ဆုံတွေ့တဲ့အခါဘယ်လို အလွဲတွေဖြစ်လာမယ်ဆိုတာကိုဒီကားလေးကိုကြည့်ရင်းခံစားကြည့်စေချင်ပါတယ်။Stay Home ကာလမှာ ပေါ့ပေါ့ပါးပါးနဲ့ ရီရပြီးကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားလို့ညွှန်းချင်ပါတယ်။

0 comments:

Post a Comment