Downhill (2020)


 

Rating : 4.8/10
Country : United State
Genre : Comedy, Drama
Cast : Julia Louis-Dreyfus, Will Ferrell, Zach Woods
Released Date : 2020
Duration : 1h 26min

အညွှန်း
ဟာသမင်းသားကြီး Will Ferrell ပါဝင်သရုပ်ဆောင်ထားပြီး ဒီနှစ်ထဲထွက်ရှိထားတဲ့ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ၂
၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ဆွစ်ဇ်ဇာတ်လမ်းလေး “ Force Majeure” ကိုပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပီတာတို့မိသားစုလေးက ဩစတီးယားကအဲ့လ်ပ်စ်တောင်တန်းရှိအစ်ဘစ်ဇာ အပန်းဖြေစခန်းကို အပျော်ခရီးထွက်လာခဲ့ကြပါတယ်။ ပျော်ပါးလျှောက်သွား နှင်းလျှောစီးကြတယ်ပေါ့။ ဒါပေမဲ့တစ်ရက် တော့ နှင်းတောင်ကိုဖြိုချရင်း မတော်တဆတွက်ချက်မှုလွဲချော်ပြီး အပန်းဖြေစခန်းကလူတွေကိုသေတော့မတတ်ဖြစ်စေခဲ့ ပါတယ်။ အဆိုပါဖြစ်စဉ်မှာ ပီတာရဲ့လက်မခံနိုင်တဲ့လုပ်ရပ်တစ်ခုကြောင့် သူတို့မိသားစုအကြားမှာအက်ကြောင်းတွေဖြစ် လာပါတော့တယ်။ အဲ့ဒီအက်ကြောင်းတွေကို သူတို့အချိန်မီပြုပြင်နိုင်မှာလား။ ဒါမှမဟုတ် သူတို့မိသားစုပြိုကွဲသွားမှာ လား စတာတွေကိုတော့ ဇာတ်လမ်းကိုကြည့်မှပဲရပါမယ်။ ဟာသကားတွေလိုဟက်ဟက်ပက်ပက်မရယ်ရပေမဲ့ ပြုံးစေတဲ့ မိသားစုဒရမ်မာကားလေးတစ်ကားဖြစ်ပါတယ်။

0 comments:

Post a Comment