Tekken (2010)

Rating : 4.8/10
Country : United State
Genre :  Action, Crime, Drama 
Cast : Jon Foo, Kelly Overton, Cary-Hiroyuki Tagawa
Released Date : 2010
Duration : 1h 32min

Tekken ဆိုတာကတော့ ဂိမ်းပလက်ဖောင်းအစုံနီးပါးကနေ ကစားလို့ရနေတဲ့ ဂျပန်လက်ဝှေ့ဂိမ်းနာမည်ပါ။ ဒီဂိမ်းကို 1994 ခုနှစ်ကနေ စတင်ထုန်ဝေခဲ့ပြီး လက်ရှိအချိန်အထိဆို Tekken 7 အထိ ဂိမ်းထွက်ထားပြီးပါပြီ။
ဒီ Tekken ကားလေးတော့ ဂိမ်းကို Live Action အနေနဲ့ အသက်ပြန်သွင်းထားတဲ့ ဇာတ်ကားပေါ့။
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့….
တက်ခန်မြို့တော်ရဲ့ အပြင်ဘက်က အန်ဗေးလ် ဆိုတဲ့ ဆင်းရဲသားရပ်ကွက်ထဲမှာနေနေပြီး ကြေးမြင့်တဲ့ ပစ္စည်းတွေလိုက်ခိုးပေးနေတဲ့ ဂျင် ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။
တစ်နေ့မှာ ဂျင်ဟာ ငွေအတွက် တက်ခန်ရဲ့ ပစ္စည်းတစ်ခုကို ခိုးမိရာကနေ အဖွဲ့အစည်းကနေ ခြေရာပြန်ခံပြီး သူ့အိမ်ကို မီးရှို့ပစ်လိုက်ပါတယ်။
ဒီမှာတင် မီးရှို့တဲ့အထိ အမေပါသွားတဲ့အတွက် နာကျည်းပြီး တက်ခန်ရဲ့ခေါင်းဆောင်ကို ရအောင်သတ်ဖို့ တက်ခန်မှာတစ်နှစ်တစ်ခါကျင်းပတဲ့ သံမဏိလက်သီးပြိုင်ပွဲကို ရအောင်ဝင်ပြိုင်ဖို့ကြိုးစားရာကနေ….
ဒီကားထဲမှာ အဓိက ညွှန်းချင်တာကတော့ သူတို့ရဲ့ martial arts ပါ
တိုက်ကွက်တွေ ရိုက်ချက်တွေက တော်တော်ကို မိုက်ပါတယ်။
ဘယ်အချိန်ပြန်ကြည့်ကြည့် မိုက်နေဆဲ ဆိုတဲ့အထဲမှာပါပါတယ်။
မကြည့်ရသေးရင်တော့ ကြည့်ကြည့်ပါ။
ကြည့်ပြီးသားဆိုရင်လည်း ဇာတ်ကားကောင်းလေးမို့ တစ်ခေါက်ခေါက်ပြန်ကြည့်ကြည့်ဖို့ကို တိုက်တွန်းချင်ပါတယ်။

0 comments:

Post a Comment