Meet the Spartans (2008)

Rating : 2.8/10
Country : United State
Genre :  Comedy
Cast : Sean Maguire, Kevin Sorbo, Carmen Electra
Released Date : 2008
Duration : 1h 26min

300 ဆိုတဲ့ ဂန္တဝင်ရောမဇာတ်ကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ သောင်းချီတဲ့ ရန်သူအင်အားကို ရဲမက်အယောက်သုံးရာတည်းနဲ့ ယှဉ်တိုက်ပြီး သတ္တိအရာမှာသမိုင်းတွင်တယ်ဆိုတဲ့ ဇာတ်ကားကြီး…. အဲဒီဇာတ်ကားကြီးမှာ ရောမခေတ်အရိပ်အယောင်တွေကို ကောင်းကောင်းကြီးချပြခဲ့သလို စိတ်တက်ကြွခြင်း ၊ ဝမ်းနည်းခြင်း ၊ ပျော်ရွှင်ခြင်းတွေပါ တပြိုင်တည်းပေးပြီး ကြည့်ရှုသူတွေ မျက်ရည်ပါကျခဲ့ရတဲ့ ဇာတ်ကားကြီးဆိုလည်းမမှားဘူး။ 300 ဇာတ်ကားကြီး ထွက်ပြီး လို့တစ်နှစ်အကြာမှာတော့ Meet The Spartans ဆိုတဲ့ ဒီ parody ဇာတ်ကားပြန်ထွက်လာတယ်။ Parody ဆိုတဲ့အတိုင်း မူရင်းဇာတ်ကားကို ဟာသပြန်ရိုက်ထားတဲ့ကားပေါ့။ တကယ့် လေးနက်တည်ကြည်တဲ့ ဇာတ်ကားကြီးကို ဟာသပြန်ရိုက်လိုက်တဲ့အခါ ဘယ်လိုဖြစ်သွားလဲဆိုတော့…. အဓိက ကတော့ ပေါ့ပါးသွားတာပါ အရင်မူရင်းကားတုန်းက မျက်ရည်ဘူးသီးလုံးလောက်ကျခဲ့ရပြီး ဒီကားလေးပြန်ကြည့်လိုက်တော့မှ တသောသောတွေကို ဖြစ်ရပါတယ်။ ဒီ parody ကားလေးမှာတော့ 2008 ခုနှစ်ဝန်းကျင် အဲဒီခေတ်အခါက trend ဖြစ်သမျှဟာတွေကို ဇာတ်ကားထဲအကုန် ပြွတ်သိပ်ထည့်ပေးထားတာမြင်ရမှာပါ ဒီဘက်ခေတ်ကနေ ပြန်ကြည့်ရင် သိပ်မရီရဘူးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စစထွက်တုန်းကသာ ကြည့်ရတဲ့သူတွေဆိုရင်တော့ သေးသာကြိုမပေါက်ထားရင် တကယ်ဒုက္ခများမယ့်ကိန်းပါပဲ။ ဇာတ်လမ်းကျောရိုးကတော့ မူရင်း ဇာတ်လမ်းအတိုင်းပါပဲ။ ဒါပေမယ့် parody တို့ ထုံးစံအတိုင်း comedy မှ တကယ့်ရေမရောတဲ့ ဟာသဇာတ်ကားဖြစ်တယ် ဆိုတဲ့အကြောင်းလေး ပါးရင်း…. ရယ်လိုက်ကြပါဦး

0 comments:

Post a Comment