The Whole Truth (2016)

Rating : 6.2/10
Country : United State
Genre :   Crime, Drama, Mystery 
Cast : Keanu Reeves, Renée Zellweger, Gugu Mbatha-Raw 
Released Date : 2016
Duration :  1h 33min 

ဒီ ဇာတ်ကားလေးက ဒီနှစ်ပိုင်းတွေ ထွက်ခဲ့ တဲ့ Keanu Reeves ရဲ့ ဇာတ်ကားတွေထဲမှာတော်တော် ကောင်းတဲ့ ဇာတ်ကားဆစ်ခုလို့ပြောရပါတယ်
ဇာတ်လမ်းက သာမန် ရှေ့နေ ဇာတ်ကျောရိုးသာဖြစ်သော်လည်း မထင်မှတ်ထားသောအရာ တွေ တချို့ tricks တွေက ကြည့်ရှုသူကိုစကြည့် ချိန်မှစ၍ တစ်ကားလုံး မထချင်လောက်အောင်ဆွဲဆောင်သွားပါလိမ့်မယ် တချို့ ဇာတ်ဝင်ခန်းတွေ ချုပ်ထားတာက လွဲလို့ အလွန်ကောင်းမွန်လှပါတယ် ကင်မရာရိုက်ချက် မှာအထွေထူးမရှိလှပေ အဓိက သရုပ်ဆောင်ချက်နှင့် ဇာတ်ညွှန်း ဇာတ်သားကိုသာ ဦးစားပေး သပ်ရပ်စွာဖော်ပြထားပေ၏
စရိတ်စက များစွာကုန်ကျသော ဟောလိဝုဒ် ကားကြီးများထဲတွင် စရိတ်ကျဉ်းဒရာမာကားတွေ ရိုက်က ရှုံးမည်ဟု အယူအဆကို ဒီဇာတ်ကားက တော်လှန်နေသလိုပင်
မူရင်းသရုပ်ဆောင်ခ မပါ ရိုက်ကူး စရိတ်ဆိုလျှင် ကျွန်တော်တို့နိုင်ငံတွင်သုံးစွဲနိုင်သော ဘတ်ဂျက် မျှ သာ ရိုက်ကူးထားပေ၏
သို့သော်ဒါရိုက်တာ၏ ဇာတ်လမ်း စပ်ဟပ်မှု အတွေးအမြင်က ချီးကျူးစရာပင် ဇာတ်ညွှန်းမှာလည်း လွန်စွာကောင်းလှပေ၏
သရုပ်ဆောင် ပိုင်းတွင်တော့ အဓိက Keanu Reeves ကို ဦးစားပေးဖော်ပြသော်လည်း တခြား ဇာတ်ပို့များက ဇာတ်လမ်း ကို တချက်မယိုင်သွားအောင် သရုပ်ဆောင်နိုင်ပေ၏(ကျွန်တော် အကြိုက်ဆုံးအခန်းမှာ အလုပ်ခန်းထဲတွင် Keanu Reevesနှင့် သူ့လက်ထောက် အမှု၏ တရားခံမှာအခြားတစ်ယောက်ဖြစ်ကြောင်း ငြင်းခုန်သည့်အခန်းတွင် Reeves သရုပ်ဆောင်သွားသည့် အမူရာပင်)
လောက တွင် မလိမ်သော သူမရှိနိုင်ဟု အယူ အဆတွငိ အလွန်ယုံကြည်ရသော သူတစ်ယောက် က သစ္စာဖောက်တတ်ကြောင်း
ပညာတတ်တစ်ယောက် အကွက်ကျကျလိမ်လျှင် တလောက လုံး ယုံကြည်တတ်ကြောင်း ပြသ ထားသောဇာတ်ကား ဖြစ်၍ စမ်းသပ်ကြည့်ရှုရန်တိုက်တွန်း အပ်ပေသည်

0 comments:

Post a Comment