The Imitation Game (2014)

Rating : 8.0/10
Country : United State
Genre :    Biography, Drama, Thriller
Cast :  Benedict Cumberbatch, Keira Knightley, Matthew Goode 
Released Date : 2016
Duration :   1h 54min

ဒီဇာတ်ကားလေးကတော့ IMDb rating 8/10 နဲ့ Rotten Tomatoes 90 % တောင်ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားပြီး ၂၀၁၄ ခုနှစ်က

ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကလည်း အားလုံးသိကြတဲ့ Sherlock Holmes , Doctor Strange မင်းသားကြီး Benedict Cumberbatch ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဒုတိယကမ္ဘာစစ်ကြီးတုန်းက နာဇီဂျာမနီတို့ဟာ သူတို့ရဲ့ စစ်တပ်ကို အဆုံးစွန်ထိဖြန့်ကျက်ပြီး ဥရောပတစ်ခွင်လုံးကို ဝါးမြိုဖို့ ကြိုးစားနေပါတယ်။ နာဇီတို့ အဲ့လိုဖြန့်ကျက်နိုင်ရတဲ့ အကြောင်းရင်းကတော့ သူတို့မှာ

“အင်နစ်ဂမာ” လို့ခေါ်တဲ့ ကုဒ်ဝှက်တဲ့စက်ကြီးရှိနေလို့ပါပဲ။ အဲ့ဒီ စက်ကြီးကို သုံးပြီး ဥရောပတစ်ခွင်မှာရှိတဲ့ သူတို့ရဲ့စစ်တပ်တွေကို ညွှန်ကြားချက်တွေပေးပို့ပါတယ်။ဂျာမန်တွေဟာ “အင်နစ်ဂမာ” စက်ကြီးကို နေ့တိုင်း setting တွေပြောင်းပစ်နေပါတယ်။ အဲ့ဒါကြောင့် ဗြိတိသျှစစ်တပ်ဟာ အဲ့ဒီကုဒ်တွေကို ဖမ်းမိပေမယ့် အဓိပ္ပာယ်ကို မဖော်နိုင်ပဲဖြစ်နေပါတယ်။ အဲ့ဒီမှာ “အင်နစ်ဂမာ” စက်ကြီးကို ချိုးဖောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။

ဗြိတိသျှစစ်တပ်ဟာ ပညာရှင်တွေကို စုစည်းပြီး အဲ့ဒီကုဒ်တွေကို ဖော်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီပညာရှင်တွေထဲမှာ ကင်းကောလိပ်က ပရော်ဖက်ဆာ “အလန်ကျူရင်း”လည်းအပါအဝင်ဖြစ်ပါတယ်။ အလန်ကျူရင်းဟာ သင်္ချာပညာရှင်တစ်ယောက်ဖြစ်ပြီး စကားလုံးပဟေဠိတွေမှာ အရမ်းတော်ပါတယ်။ ဒါပေမယ့် သူဟာ ဂျာမန်စကား လုံးဝနားမလည်ပါဘူး။

ဒီတော့ တစ်ရက်ကို ဖြစ်နိုင်ခြေ setting ပေါင်း ၁၅၉ မီလီယံ မီလီယံ မီလီယံ ရှိတဲ့ “အင်နစ်ဂမာ” စက်ကြီးကို ဂျာမန်စကားလုံးဝနားမလည်တဲ့ အလန်ကျူရင်းနဲ့ သူ့ရဲ့အဖွဲ့ဟာ ဘယ်လိုများ ချိုးဖောက်ပြီး ကုဒ်တွေကို ဖော်နိုင်မလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

“မင်း အာရုံစိုက်နေသလား” ဆိုတဲ့ စကားနဲ့ အစပြုထားတဲ့ ဒီဇာတ်လမ်းလေးဟာ နောက်ဆုံးဇာတ်လမ်းပြီးဆုံးသွားတဲ့ အချိန်အထိ အာရုံမစိုက်ပဲ မနေနိုင်အောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment