Vagabond (2019)

Season (1) - 16  Episodes


Rating : 8.5/10
Country : South Korean
Genre : Action,Thriller,Crime,Melodrama,Investigation
Cast : Lee Seung Gi,Bae Suzy,Shin Sung Rok

Cha Dal Gun(Lee Seung Gi)ဟာစတန့်မင်းသားတစ်ယောက်ပါ
သူအိုင်ဒေါလ်ကတော့အက်ရှင်မင်းသားကြီးဂျက်ကီချန်းပါ
ဂျက်ကီချန်းလိုမျိုးကမ္ဘာကျော်အက်ရှင်မင်းသားကြီးဖြစ်လာဖို့ကတော့သူရဲ့အိမ်မက်ပါ

တစ်ချိန်မှာတော့DalGunဟာ
နိုင်ငံတော်နဲ့ဆိုင်တဲ့လျှို့ဝှက်အစိအစဉ်ထဲမှာပါဝင်ခဲ့ရပါတယ်
အဲဒီအစီအစဉ်ကတော့လေယာဉ်ပျက်ကျမှုပါ
လေယာဉ်ပျက်ကျမှုမှာ
DalGunရဲ့တူအပါအဝင်လူအယောက်ပေါင်းနှစ်ရာကျော်သေဆုံးခဲ့ရပါတယ်
DalGunကတော့အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်ပြီး
အဲဒီဖြစ်ရပ်ရဲ့တစ်ဦးတည်းသောမျက်မြင်သက်သေဖြစ်လာပါတယ်

ဒါ့အပြင်DalGunဟာ
လေယာဉ်ပျက်ကျမှုကလျှို့ဝှက်ကြိုတင်ကြံစည်မှုကြောင့်ဖြစ်ခဲ့ရတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်
အဲဒီအချိန်ကစလို့DalGunရဲ့ဘဝဟာပြောင်းလဲသွားခဲ့ပါတယ်

DalGunဟာလေယာဉ်ပျက်ကျမှုရဲ့နောက်ကွယ်ကအကြောင်းအရာတွေကိုစတင်စုံစမ်းခဲ့ပါတယ်
အဲဒီနောက်လေယာဉ်ပျက်ကျမှုဟာ
နိုင်ငံတော်အကျင့်ပျက်ခြစားမှုနဲ့ဆက်စပ်နေကြောင်း
သိလာခဲ့တဲ့အခါမှာတော့DalGunဟာအကျင့်ပျက်ခြစားမှုတွေကိုထုတ်ဖော်ဖို့ကြိုးစားလာပါတော့တယ်

Go Hae Ri(Suzy)ဟာသူမမိသားစုကိုထောက်ပံ့ပေးဖို့အတွက်တပ်မတော်နဲ့ဆိုင်တဲ့ခိုင်မြဲတဲ့လုပ်ကိုအလိုရှိသူပါ
သူမဟာအများပြည်သူနဲ့ဆိုင်တဲ့ လုံခြုံရေးအေးဂျင့်တစ်ယောက်ဖြစ်လာပါတယ်

HaeRiရဲ့အေဖဟာ
အကြီးတန်းဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး
မစ်ရှင်တစ်ခုအတောအတွင်းအသတ်ခံလိုက်ရပါတယ်

HaeRiဟာသူမအဖေရဲ့ကျွမ်းကျင်ထက်မြက်မှုတွေကို
ဆက်ခံလာတယ်ပြောရလောက်အောင်
သူမဟာအစမှာသာမန်အေးဂျင့်တစ်ယောက်သာဖြစ်ချင်ပေမယ့်
သူမရဲ့ထက်မြက်မှုကြောင့်ကျွမ်းကျင်တဲ့စပိုင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်

Ki Tae Woong(Shin Sung Rok)ကေတာ့
ထူးချွန်ထက်မြက်တဲ့
NISအေးဂျင့်အဖွဲ့အစည်းရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်

0 comments:

Post a Comment