The Notebook (2004)

Rating : 7.8/10
Country : United State
Genre : Drama, Romance 
Cast :  Gena Rowlands, James Garner, Rachel McAdams
Released Date : 2004
Duration : 2h 3min

ဒီဇာတ်ကားကို ရုပ်ရှင်ချစ်ဘော်ဒါတိုင်း ကြည့်ဘူးကြမယ်လို့ ယုံကြည်မိပါတယ်။the notebook ဇာတ်ကားက အမေရိကန် အချစ်စာရေးဆရာကြီးnicholas sparks ရဲ့ ဝတ္ထု ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။သူ့အကြောင်းကိုလည်း ဒီpageတစ်နေရာမှာ ပြောပြဘူးခဲ့ပါတယ်။
ဟောလိဝုဒ်ရုပ်ရှင်လောကကို အလုပ်အကျွေ းပြု နေတဲ့စာရေးဆရာကြီးဆိုလည်းမှားမယ်မထင်ပါဘူး။သူဝတ္ထု ကိုပြန်ရိုက်တဲ့ ဇာတ်ကားတိုင်း သောက်သောက်လဲလူကြို က်များ အောင်မြင်တဲ့အတွက်ပါ။ယခု the notebook ဇာတ်ကားကလည်း ဆယ်ကျော်သက်တွေကြားမှာအရမ်းလူကြို က်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သူရဲ့ ဇာတ်ကားအများစုက ရိုးရှင်းတဲ့ ဇာတ်အိမ်လေးတွေနဲ့ အချစ်ကိုဆွတ်ပျံ့ကြည်နူးဖွယ်ဖြစ်အောင် ပုံဖော်တတ်ပါတယ်။အခြားအချစ်ကားတွေလိုရှု ပ်ထွေးတဲ့ဇာတ်အိမ် လိင်ကိစ္စအသားပေးထားတာမျို း သူ့ဇာတ်ကားတွေထဲမှာ သိပ်ပြီးမတွေ့ရပါဘူး။မႏွစ္ကထြက္ထားတဲ့ the best ofmeနဲ့ ယခု the notebookက ဇာတ်အိမ်တည်ဆောက်မှု က တူညီပါတယ်။ဒါပေမယ့် ပိုပြီး ကောင်းသွားတာက ယခု the notebook ဇာတ်ကားဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ryan Gosling နဲ့ Rachel McAdams တို့ရဲ့အပေးအယူညီစွာသရုပ်ဆောင်နိုင်ပုံက ဇာတ်ကိုပိုကြွစေခဲ့တာပါ။အထူးသဖြင့် အမျို းသမီး ဇာတ်ဆောင် Rachel McAdams က ဇာတ်ကိုပိုရုပ်လုံးကြွအောင် ဆွဲယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ချစ်သူနှစ်ယောက်ကြားမှာဝိရောဓိဖြစ်နေပေမယ့် အချစ်ဦးကိုပဲ ရွေးချယ်လိုက်ပုံ။ အချစ်ဦးကိုပဲ ချစ်ခင်စွဲလန်းပုံ စတဲ့ဇာတ်ကွက်တွေမှာ လက်ဖျားခါလောက်တဲ့ သူမရဲ့သရုပ်ဆောင်ပုံတွေကို ကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်။ကဲ ကျွန်တော်တို့ ပြန်ပြီး အတူတကွ ခံစားလိုက်ကြရအောင်။
————–
စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် ယခု ဇာတ်လမ်း အကြောင်းအရာသည်စတင်မွေးဖွားခဲ့၏။ ဖြစ်ခဲ့ပြီးသား ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြီး နောက်ကြောင်းပြန်ခြင်းဟုအဓိပ္ပါယ်ဖွင့်ဆိုလို့ရ၏။နှလုံးရောဂါဖြင့် ဆေးကုနေသောအဘိုးကြီး duke တွင် ဝတ္ထု စာအုပ်တစ်အုပ်ပါလာသည်။သူနဲ့အတူတူဆေးကုသမှု ခံနေရသည့်အဘွားကြီးတစ်ယောက်လည်းရှိသည်။အဲဒီအဘွားကြီးမှာdementia စိတ်ကလျဉ့်ကလျား ရောဂါစွဲကပ်နေသည်။အတိတ်မေ့နေသူဖြစ်သည်။အဲဒီ အဘွားကြီးကို dukeက ဂန္တဝင် အချစ်ဝတ္ထု တစ်ပုဒ်ကို ဖတ်ပြခဲ့လေသည်။

0 comments:

Post a Comment