Pixels (2015)

Rating : 5.5/10
Country : United State
Genre : Action, Comedy, Fantasy 
Cast :  Adam Sandler, Kevin James, Michelle Monaghan 
Released Date : 2015
Duration : 1h 45min

ာတ်လမ်းကတော့ပရိတ်သတ်ကြီးသိပြီးတဲ့အတိုင်းပါပဲ။၁၉၈၀ ကျော်ကာလမှာ လူငယ်တွေကArcade ဂိမ်းတွေကစားနေကြပါတယ်။ဒီကာလအတွင်းမှာပဲ Arcade GameWorld Championshipပြိုင်ပွဲကျင်းပပြုလုပ်ပြီး အဲ့ဒီပြိုင်ပွဲကိုမှတ်တမ်းတင်ဗီဒီယို ရိုက်ကူးတာTime capsule အနေနဲ့အာကာသထဲကိုလွှတ်တင်လိုက်ပါတယ်။ TimeCapsule ဆိုတာ လက်ရှိခေတ်ရဲ့အထင်ကရဖြစ်ရပ်တွေအမှတ်တရတွေကိုနောက်လာနောက်သားတွေပြန်ကြည့်နိုင်အောင်၊နောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာလက်ရှိအချိန်ရဲ့ သမိုင်းကြောင်းကိုအလွယ်တကူပြန်ကြည့်နိုင်အောင်ပါ။မှတ်တမ်းတင်မော်ကွန်းရေးထိုးတယ်လို့ လည်းဆိုလို့ရသလိုမြန်မာပြည်မှာဆို ကျောက်စာတွေကTime Capsule တွေဖြစ်ပါတယ်။ဒီကျောက်စာတွေက နေတဆင့်ပဲကျွန်တော်တို့ တိုင်းပြည်ရဲ့သမိုင်းကိုလေ့လာကြတာဖြစ်ပါတယ်။ဒီ ဗီဒီယို ကို ဂြိုလ်သားတွေကတွေ့သွားပြီး သူတို့ကို ခြိမ်းခြောက်တိုင်ခိုက်တယ်လို့ ယူဆပြီး သူတို့ဆီကနည်းပညာတွေနဲ့ ဒီဗီဒီယိုဂိမ်းတွေကိုစစ်သားတွေအဖြစ် ပြောင်းပြီးကမ္ဘာကြီးကို ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒီအချိန်မှာ ကမ္ဘာကြီးကိုကယ်တင်နိုင်ဖို့အတွက်ကတစ်ချိန်တုန်းက Champion တွေအပေါ်မူတည်နေပြီး Adam Sandler,Kevin James, Josh Gad နဲ့ PeterDinklage တို့က ဂြိုလ်သားတွေကိုနှိမ်နင်းဖို့အတွက် တာဝန်ယူရပါတယ်။ဇာတ်လမ်းက ရှင်းပြဖို့ ဘာမှမလိုပါဘူး ဘာလို့လည်းဆိုတော့ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းမရှိ လို့ပါ။ကျွန်တော်တို့ကစားခဲ့တဲ့ ဗီဒီယိုဂိမ်းတွေအသက်ဝင်လာတာကြည့်လို့ကောင်းပေမယ့် ဒီဗီဒီယိုဂိမ်းဇာတ်ကောင်တွေကိုတောင်ပရိတ်သတ်စိတ်ဝင်စားအောင်မလုပ်နိုင်ပါဘူး။ Pac-man နဲ့ဇာတ်ဝင်ခန်းကကြည့်ကောင်းသယောင်ရှိပေမယ့်တစ်ကားလုံးမှာတစ်ခန်းနှစ်ခန်းလောက်ပဲကြည့်လို့ကောင်းပါတယ်။ AdamSandler ကလည်း သူ့ထုံးစံအတိုင်းကလေးကလား လုပ်နေပြီး KevinJames ကလည်း ပိုက်ဆံအလကားယူသွားတာပါ။ အဆိုးဆုံးကတော့Peter Dinklage လိုသရုပ်ဆောင်ကောင်းတစ်ယောက်ကိုထည့်ထားပြီးတော့အသုံးမချတတ်သလို၊သူ့ကိုပေးထားတဲ့ဇာတ်ကောင်ကလည်း တော်တော်ညံ့ပါတယ်။ဒါ့အပြင် ဇာတ်လမ်းထဲမှာ ဗီဒီယိုဂိမ်းအဖြစ်ပြန်လာတဲ့ ဂြိုလ်သားတွေကိုသတ်ဖို့ အတွက် စည်းမျည်းလည်းတိတိကျကျမရှိသလို၊ တစ်ခန်းမှာဒီနည်းနဲ့ နိုင်ပေမယ့်နောက်တစ်ခန်းမှာတစ်မျိုးဖြစ်သွားပြန်ပါတယ်။ ဒါ့အပြင်အဆိုးဆုံးက တစ်ခန်းမှာ Cheat Codeဆိုပြီး အဓိပ္ပာယ်မရှိပါလာပါသေးတယ်။ဒီကားကို သာမန်ဇာတ်လမ်းပြောပြရင်ကြည့်ကောင်းသလိုလိုစိတ်ဝင်စားဖို့ကောင်းသလိုလိုရှိပေမယ့်တကယ်ရုပ်ရှင်သွားကြည့်မိချိန်မှာတော့တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။Adam Sandler ရဲ့ နောက်ဆုံးအကောင်းဆုံးကားက 1996 ခုနှစ်ကHappy Gilmore ဖြစ်ပီး အဲ့ဒီကားအပြီးမှာ အဖျင်းစားကားတွေပဲဆက်တိုက်လာပြီး 2004 ခုနှစ် 50First Dates မှာ သူ့ကို Dramaမင်းသား ကောင်းတစ်ယောက်လိုသရုပ်ဆောင်မှုတွေပြန်တွေ့ရပြီးနောက်မှာတော့ ဒုံရင်းဒုံရင်းနဲ့ပြန်ဖျင်းသွားခဲ့ပါတယ်။အခုနောက်ပိုင်းဆို Adam Sandler ကိုလူတော်တော်များများအပန်းဖြေခရီးထွက်နေတယ်လို့ဝေဖန်နေကြပြီး သူ့ဇာတ်ကားတိုင်းမှာတစ်နေရာမဟုတ်တစ်နေရာကိုခရီးသွားနေပြီး ပရိတ်သတ်တွေဆီကငွေအလကား ယူနေတယ်လို့ဝေဖန်နေကြပါတယ်။ဒါပေမယ့်လည်း Adam Sandler ကိုကြိုက်တဲ့သူတွေကလည်း ရှိနေပြီးဇာတ်လမ်းကို ဂရုမစိုက်တဲ့ပရိတ်သတ်ကများနေတော့လည်းပြောရခက်ပါတယ်။ဒါကြောင့်ဒီကားအပေါ်ကျွန်တော့်အမြင်ကတော့အညံ့စားဇာတ်ကားတစ်ကားမဟုတ်တောင်ဇာတ်ကားကောင်းတော့မဟုတ်ပါဘူး။အညံ့ဆုံးဇာတ်ကား အဖြစ်ပြောရရင်Parodyဇာတ်ကားတွေအနေနဲ့ရိုက်ထားတဲ့Epic Movie တို့ Superhero Movieတို့ Adam Sandler ရဲ့Jack & Jillတို့ကားမျိုးနဲ့နှိုင်းယှဉ်ရမှာဖြစ်ပြီးအဲ့ဒီကားတွေထက်စာရင်တော့ ဒီPixel ကအနည်းငယ်သာနေပါသေးတယ်။ဒါပေမယ့် ဇာတ်လမ်းကောင်းတစ်ကားဖြစ်သင့်ရဲ့သားနဲ့ အပေါစားသာမန်ကားတစ်ကားပါပဲ။ ဒီကားကိုကလေးကားလို့ပြောလို့လည်းမရပြန်ပါဘူး။ဘာလို့လည်းဆိုတော့ဒီဘက်ခေတ်ကလေးတွေကဒီဗီဒီယိုဂိမ်းတွေကိုဘယ်သူမှမသိကြတော့ပါဘူး။ကျွန်တော်တို့ ခေတ်မှာတောင်ဒါတွေကသိပ်ခေတ်မစားချင်တော့ပါဘူး။ဒါပေမယ့် အထက်မှာပြောသလိုAdam Sandlerကိုကြိုက်တဲ့ပရိတ်သတ်တွေ၊ Jack &Jill တို့ Grown Ups 2 တို့ Blendedတို့ ကို ကြိုက်တယ်ဆိုရင် တော့ဒီကားကိုလည်း ကြိုက်မှာပါ။ကျန်တဲ့ပရိတ်သတ်တွေကတော့ရုံမှာသွားကြည့်ဖို့လုံးဝမတန်ပါဘူး။ဘာမှကြည့်စရာမရှိမှအိမ်မှာအပျင်းပြေကြည့်ဖို့ အခွေငှားကြည့်တာ၊ TVမှာလာ ရင်ကြည့်ဖို့ပဲတန်ပါတယ်။ NoSex, No Nudity ဖြစ်ပြီး မိသားစုတူတူကြည့်နိုင်ပါတယ်။

0 comments:

Post a Comment