The Ghost Detective (2018)

16 Episodes

Rating : 7.9/10
Country : South Korean
Genre : Thriller,Mystery,Horror,Psychologiacl,Romance,Melodrama,Supernatural,
Detective,Investigation
Cast : Choi Daniel,Park Eun Bin,Lee Ji Ah

K​​BS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြီး
Crime, Thriller, Horror, Mystery ရသမျိုးစုံ
ခံစားရမယ့် The Ghost Dectective Series ကို
FoF ကနေ မြန်မာစာတန်းထိုးနဲ့
တင်ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ....

ဒီရုပ်သံဇာတ်လမ်းတွဲမှာ အပိုင်း ၁၆ပိုင်းပါဝင်ပြီး
Choi Daniel, Park Eun Bin နဲ့ Lee Ji Ah တို့ အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းအကြောင်း မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့်.....

Lee Da Il ဟာ သဘာဝလွန်မှုခင်းတွေကို ဖြေရှင်းရင်း သရဲတစ္ဆေတွေကို လိုက်လံဖမ်းဆီးနေတဲ့
အလွတ်စုံထောက်တစ်ဦး ဖြစ်ပါတယ်။

သူဟာ အရင်က စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အကျင့်ပျက်လာဘ်စားမှုတစ်ခုကို ဖော်ထုတ်ဖို့ကြိုးစားမိတဲ့အတွက် လုပ်ကြံစွပ်စွဲခံရပြီး တပ်ကထုတ်ပယ်ခံခဲ့ရသူလဲ ဖြစ်ပါတယ်။

Jung Yeol Woo ကတော့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်သွားတဲ့ ညီမငယ်ဖြစ်သူရဲ့ နောက်ကွယ်ကဖြစ်ရပ်တွေကို အဖြေရှာဖို့ကြိုးစားရင်း Lee Da Il ရဲ့လက်ထောက် ဖြစ်လာခဲ့ပါတယ်။

သူတို့နှစ်ဦးသား အမှုအတူတူလိုက်ရင်း အခင်းဖြစ်ပွားရာနေရာတိုင်းမှာ ထူးထူးဆန်းဆန်းပေါ်လာတတ်တဲ့ Sun Woo Hye ခေါ် အမျိုးသမီးတစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါ.....

အဲဒီအမျိုးသမီးက Yeol Woo ညီမငယ်
​သေဆုံးမှုနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲ.....

စုံထောက် Lee Da Il နဲ့ Yeol Woo တို့
ဘယ်လိုလျှို့ဝှက်သည်းဖိုမှုခင်းတွေကို
ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ

0 comments:

Post a Comment