The Day After We Break Up (2016)

8 Episodes

Rating : 7.6/10
Country : South Korean
Genre : Friendship,Music,Romance,Youth,Drama
Cast : Kim Myung Soo,Yoon So Hee 

နာမည်​ကြီးဇတ်​ကားတစ်​ကားဖြစ်​တဲ့ Master of the mask ထဲက သရုပ်​​ဆောင်​​တွေဖြစ်​ကြတဲ့ Infinite အဖွဲ့ က မင်​းသား​ချော​လေး L နဲ့ မင်​းသမီး​ချော​လေး Yoon soo he တို့ အဓိက ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ The day after we broke up ဆိုတဲ့ အပိုင်း ၈ ပိုင်​း ပါဝင်​တဲ့​​ဇတ်​ကား​ကောင်း​ေ​လးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ဒီဇာတ်​ကာ​လေးဟာ ဂျပန်​ရုပ်​သံလိုင်​းနဲ့ ကိုရီးယားရုပ်​သံလိုင်​းတို့ ပူး​ပေါင်​းရိုက်​ကူးခဲ့တဲ့ ဇတ်​ကား​ကောင်​း​လေးတစ်​ကားဖြစ်​ပြီး ဂျပန်​နိုင်​ငံမှာ ၂၀၁၆ တုန်​းကပြသခဲ့ပါတယ်​စိတ်​ကူးယဉ်​ ဆန်​ဆန်​နဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အချစ်​ဇတ်​လမ်​း​ကောင်​း​လေးတစ်​ကား​လေးဖြစ်​ပါတယ်​ ဘယ်​အရာကိုမဆို စိတ်​မြန်​လက်​မြန်​နဲ့ တစ်​ဇွတ်​ထိုးလုပ်​တတ်​ပြီး ဂီတလမ်​း​ပေါ်မှာ ​အောင်​မြင်​စွာရပ်​တည်​နိုင်​ဖို့ ကြိုးစား​နေတဲ့ Tan (L) တစ်​​ယောက်​ တစ်​ရက်​မှာ​တော့ နာမည်​ကြီးရုပ်​သံလိုင်​းတစ်​ခုက​နေ ကမ်​းလှမ်​းခံရပြီး သူ့ရဲ့ လက်​ရှိလုပ်​​နေတဲ့ဂီတအဖွဲ့ကို စွန်​့လွှတ်​ဖို့ဖြစ်​လာတဲ့အခါ စိတ်​ထွက်​​ပေါက်​ရှာတဲ့အ​နေနဲ့ အရက်​​တွေအလွန်​အကျွံ့​သောက်​မိတဲ့အခါ ကြုံ​တွေ့လာရတဲ့ စိတ်​ကူးယဉ်​ဆန်​တဲ့ထူးခြားမှု​တွေ တစ်​ဖက်​မှာလည်​း ငယ်​ငယ်​​လေးကတည်​းက စိတ်​အလိုမကျမှု​တွေ စိတ်​ဓာတ်​ကျမှု​တွေ နဲ့ ​ကျောင်​းမှာ​ရော ပတ်​ဝန်​းကျင်​ကပါ ​​ရှောင်​ဖယ်​ထားချင်​းခံရပြီး အမြဲတမ်း ​သေဖို့ စဉ်းစား​​နေတဲ့ ေ​​ကောင်​မ​လေး Da – Hi သူတို့နှစ်​​ယောက်​ရဲ့ ထူးခြားဆန်​းကြယ်​မှု​တွေ မယုံကြည်​နိုင်​စရာ​တွေ ကို စိတ်​ကူးယဉ်​ဆန်​ဆန်​​လေးရိုက်ကူးတင်ဆက်​ ထားတဲ့ ဇာတ်ကား​​ကောင်း​ေ​လးတစ်ကားဖြစ်ပါတယ်​

0 comments:

Post a Comment