Rating : 6.9/10
Country : United State
Genre : Drama, Family, Sport
Cast : Damian Lewis, Bob Hoskins, Rebekah Staton
Released Date : 2011
Duration : 1h 42min
ကျတော်တို့ ပရိသတ်တွေထဲမှာ ဘောလုံးအသင်း Fan မျိုးစုံရှိလိမ့်မယ်ထင်ပါတယ်။ ကိုယ့်အသင်းကိုယ် ဘယ်လောက်ထိရူးသွပ်ဖူးကြလဲမသိဘူး။ ဒီဇာတ်ကားထဲက ဇာတ်ကောင် Will ဆိုတဲ့ ၁၁ နှစ်သားကလေးလေးကတော့ Liverpool FC ရဲ့ ပရိသတ်စစ်တစ်ယောက်ပါ။ သူငယ်စဉ်က သူ့အမေဆုံးသွားပြီးနောက် သူ့အဖေက ၃ နှစ်လောက်လေလွှင့်နေခဲ့တဲ့အတွက် မိဘမဲ့ကျောင်းမှာ နေခဲ့ရသူပါ။ တစ်နေ့မှာတော့ သူ့ဖခင်ပြန်လည်ရောက်ရှိလာပြီး လက်ထဲမှာ Liverpool အသင်းရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်လက်မှတ်၂စောင်နဲ့ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ သူ့အိပ်မက်တွေရှင်သန်လာခဲ့ပါပြီ။ ဒါပေမယ့် ပွဲနေ့မတိုင်ခင်သူ့အဖေရုတ်တရက်သေဆုံးသွားတဲ့အခါမှာတော့ Will ကလေးဟာ သူ့ရဲ့အိပ်မက်ကို တစ်ယောက်ထဲနဲ့ ဆက်လက်အကောင်အထည်ဖော်ဖို့ အတွက် ဂေဟာကနေထွက်ပြေးပြီး မိုင်ပေါင်း၁၅၀၀ ကျော်ဝေးတဲ့ အစ်စတန်ဘူ ကိုရောက်အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ကလေးလေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး မိသားစုတွေရဲ့မေတ္တာ မိတ်ဆွေတွေရဲ့မေတ္တာ နဲ့ ဘောလုံးပရိသတ်တွေရဲ့ စည်းလုံးမှုကို ကောင်းကောင်းကြီးပုံဖော်ပြသွားခဲ့ပါတယ်။ ဒီကားကိုကြည့်ဖို့ Liverpool fan ဖြစ်စရာမလိုပါဘူး ဘောလုံးပွဲကြည့်ဖူးစရာတောင်မလိုပါဘူး။ ခံစားတတ်တဲ့လူတိုင်း ကောင်းကောင်းကြည့်ရှုနိုင်ပါတယ်။ ဒီကားကြည့်ပြီးရင် ကျတော်တို့လိုပဲ မျက်ရည်ဝဲမိဦးကြမယ် ထင်ပါတယ်။ဒီဇာတ်ကားလေးကို ကျတော်တို့ CM merber တစ်ဦးဖြစ်တဲ့ Silent K မှ ဘာသာပြန်ပေးထားပါတယ်
0 comments:
Post a Comment