The King of Fighters (2010)


 

Rating : 3.0/10
Country : United State
Genre : Action, Sci-Fi, Thriller 
Cast : Maggie Q, Sean Faris, Will Yun Lee 
Released Date : 2010
Duration : 1h 33min

အညွှန်း
“ဖိုက်တာတွေရဲ့ဘုရင်”ဆိုတဲ့ ဂိမ်းပြိုင်ပွဲတစ်ခုကို တခြားကမ္ဘာရဲ့အချိန်ကာလမှာကျင်းပပါတယ်။ပြိုင်ပွဲဝင်တွေက စိန်ခေါ်မှုတွေကိုလက်ခံပြီးရင် အထူးတီထွင်ထားတဲ့နားကြပ်ကနေ ပြိုင်ပွဲထဲကို ဝင်ရောက်သွားရတာပါ။“မိုင်”နဲ့ သူမရဲ့ချစ်သူဖြစ်တဲ့”အီအိုရီ ရာဂါမီ”တို့က ဘော်စတွန်ပြတိုက်တစ်ခုမှာကျင်းပတဲ့ မျိုးနွယ်စုသုံးခုရဲ့ ရတနာသုံးခုပြပွဲကိုတက်ရောက်ခဲ့ပါတယ်။ဒီရတနာသုံးခုကတော့ “ရာဂါမီမျိုးနွယ်ရဲ့ လည်ဆွဲ”၊”ကာဂူရာမျိုးနွယ်ရဲ့ ကြေးမုံမှန်”နဲ့ “ကူဆာနာဂီမျိုးနွယ်ရဲ့ ဓား” တွေပဲဖြစ်ပါတယ်။မျိုးနွယ်စုတွေရဲ့ဒဏ္ဍာရီလာပုံပြင်တွေအရ ဒီရတနာသုံးခုကိုပေါင်းစည်းနိုင်တဲ့သူက “အိုရိုချီ”ဆိုတဲ့မကောင်းဆိုဝါးဝိဉာဉ်ကိုလွှတ်ပေးနိုင်ပြီး အဆုံးမရှိတဲ့စွမ်းအားကိုလဲ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ဒါကြောင့် ပြပွဲကျင်းပနေတုန်း “ရူဂယ်”ဆိုတဲ့လူတစ်ယောက်ရောက်လာပြီး ရတနာတွေကိုခိုးယူကာ တခြားကမ္ဘာဆီကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ရတနာတွေကိုပြန်ယူပြီး ရူဂယ်ရဲ့အကြံဆိုးကိုတားဆီးဖို့အတွက် အတူပူးပေါင်းပြီးပြန်တိုက်ရမှာပေမယ့်လည်း မျိုးနွယ်စုသုံးခုကြားမှာ အတိတ်ကရန်ငြိုးတွေရှိနေသေးတဲ့အခါမှာတော့…..
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ရှူစားလိုက်ကြပါဦးနော်

0 comments:

Post a Comment