Ace the Case (2016) Rating : 4.1/10 Country : United State Genre : Family, Mystery Cast : Ripley Sobo, Lev Gorn, Susan Sarandon Released Date : 2016 Duration : 1h 34min အိုလီဗီယာဟာ သွက်လက်ချက်ချာပြီး စပ်စုတတ်တဲ့ ၁၀နှစ်အရွယ် ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်..။ တစ်ရက်မှာ သူ့အမေဖြစ်သူ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတဲ့အချိန်မှာ အသက် ၁၇ နှစ်အရွယ် အကိုဖြစ်သူ မိုင်းလ်နဲ့ အိမ်မှာ ၂ ယောက်တည်းကျန်ခဲ့ရရှာပါတယ်.။ အိမ်နီးချင်း ကောင်မလေး လူဆိုးတစ်သိုက်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံရချိန်မှာ အိုလီဗီယာဟာ မျက်မြင်သက်သေတစ်ယောက်ဖြစ်ခဲ့သောလည်း သူ့ရဲ့ ပြောစကားအရ ပြန်ပေးဆွဲခံရပုံက သိပ်ကို ထူးဆန်းလွန်းနေလို့ ဘယ်သူမှ အယုံအကြည်မရှိကြပါဘူး.။ အိုလီဗိယာဟာ ဘယ်လောက်ပင်ကြိုးစားကြိုးစား သူ့စကားကို ဘယ်သူမှ အလေးအနက်ထားပြီး လက်ခံကြခြင်းမရှိတဲ့အတွက် သူမရဲ့ ခွေးလေး ချာလီကို ခေါ်ဆောင်ပြီး လူဆိုးတွေရဲ့ နောက်ကနေ သဲလွန်စရှာကာ သူမရဲ့ အိမ်နီးချင်းကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်.။ သူမရဲ့ကြိုးစားအားထုတ်မှု့ကို မြင်ပြီး ကူညီဖို့ ကြိုးစားသူကတော့ အူကြောင်ကြောင် မိန်းမစုံထောက် ဒိုတီပဲဖြစ်ပါတယ်.။ သူတို့နှစ်ယောက်ရဲ့ အလွှဲလေးတွေ စွန့်စားခန်းတွေကို ပျော်ရွှင်ကြည်နူးစရာကြည့်ရှု့ကြရမှာပါ..။ မိသားစုနဲ့ အတူအချိန်ဖြုန်းဖို့ထိုက်တန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.။
0 comments:
Post a Comment