Rating : 5.6/10
Country : United State
Genre : Thriller
Cast : Michael Ealy, Meagan Good, Dennis Quaid
Released Date : 2019
Duration : 1h 42min
အညွှန်း
ချာလီပက်ခ်တစ်ယောက် သူ့အိမ်ကိုအရောင်းထုတ်နေပါတယ်။ဖလော်ရီဒါမှာရှိတဲ့သူ့သမီးလေးက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့သူ့အဖေကိုသူတို့နဲ့အတူလာနေစေဖို့ပြောနေတော့ ဒီအိမ်ကိုရောင်းထုတ်ပြီးတော့သူ့သမီးဆီလိုက်သွားတော့မှာပါ။ချာလီတို့ အိမ်ကိုလာကြည့်တဲ့ စကော့နဲ့အန်နီတို့ကတော့
စစရောက်ချင်းမှာ နည်းနည်းလေးတော့ထိတ်လန့်စရာတွေကြုံခဲ့ရပေမယ့်အန်နီတစ်ယောက်အိမ်လေးကိုအရမ်းသဘောကျနေတာနဲ့ပဲနောက်ဆုံးတော့ဝယ်ဖြစ်သွားပြီးပြောင်းရွေ့နေထိုင်ကြပါတော့တယ်။အိမ်လေးရဲ့ဘေးနားတစ်ဝိုက်မှာသစ်တောလေးနဲ့ဖုံးအုပ်ထားပြီးတော့တကယ့်ကိုလှပတဲ့အိမ်လေးတစ်လုံးလဲဖြစ်ပါတယ်။အန်နီတစ်ယောက်တော့ အပျော်ကြီးပျော်နေခဲ့တာပေါ့။ဒါပေမယ့်လေ နှစ်ရှည်ကြာမြင့်စွာနေထိုင်ခဲ့တဲ့ ချာလီအတွက်တော့ဒီအိမ်မှာ သူ့မိန်းမနဲ့အတူ ကလေးတွေနဲ့လဲ နေထိုင်ရင်းဖြတ်သန်းခဲ့ရတာဆိုတော့မကြာမကြာပြန်ပြန်ရောက်လာပြီးတော့အိမ်လေးနဲ့ပတ်သက်တာတွေကို လုပ်ပေးလေ့ရှိပါတယ်။ဒါပေမယ့် တချို့သောကိစ္စလေးတွေပေါ်ပေါက်လာခဲ့တဲ့အချိန်မှာတော့ဇာတ်လမ်းကတစ်မျိုးပြောင်းလဲသွားတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်ခင်ဗျာ။စိတ်လှုပ်ရှားစရာကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့်လက်လွတ်မခံပဲကြည့်ရှုသင့်ပါတယ်လို့ထပ်လောင်းပြောကြားလိုက်ပါတယ်။

0 comments:
Post a Comment