Rating : 5.4/10
Country : United State
Genre : Fantasy, Romance, Thriller
Cast : Jacqueline McKenzie, Eamon Farren, Salvatore Coco
Released Date : 2018
Duration : 1h 30min
အညွှန်း
စကြာဝဠာကြီးထဲမှာ စိတ်ခံစားချက်နှစ်ခုပဲရှိတယ် အဲ့ဒါကတော့ ချစ်စိတ်နဲ့ ကြောက်စိတ်တဲ့ အဲ့ဒီခံစားချက်၂ခုဟာ သိပ်ကို ပြင်းထန်လွန်းတဲ့အတွက် အရာရာတိုင်းကို ချည်နှောင်ထားတယ်တဲ့ ဟာမိုနီလို့ခေါ်တဲ့ ကောင်မလေးဟာ မွေးကတည်းက သူ့ပတ်ဝန်းကျင်မှာ ရှိတဲ ့အပျက်တရားဖြစ်တဲ့ ကြောက်ရွံခြင်းစိတ်ကို ခံစားသိရှိသူတစ်ဦးပါ။ ဒါ့အပြင် သူထိလိုက်တဲ့လူရဲ့ ကြောက်ရွံခြင်းစိတ်ကို စုပ်ယူနိုင်စွမ်းလဲရှိပါတယ်။ သူဟာ ဒုက္ခရောက်နေသူတွေဆီက ကြောက်ရွံခြင်းစိတ်ကို စုပ်ယူပြီး ကူညီပေးနေသူတစ်ဦးဖြစ်ပါတယ်။
တစ်နေ့ ဟာမိုနီ ဟာ ကိုယ့်ကိုယ်ကို သတ်သေတော့မယ်အမျိုးသမီးကို ကူညီပေးရင်း အဲ့ဒီအမျိုးသမီးက ဟာမိုနီကို အရမ်းခင်မင်သွားပါတော့တယ်။ အဲ့ဒါကပဲ ဟာမိုနီ ဆိုတဲ့ ကောင်မလေးနဲ့ မေဆင် ဆိုတဲ့ကောင်လေးတို့ တွေ့ဖို့ အကြောင်းဖြစ်လာတော့တာပဲ။ မေဆင်ဆိုတဲ့ကောင်လေးကတော့ တစ်ခန်းလွတ်နေတယ်လို့ ပြောရလောက်တဲ့ ခပ်ကြောင်ကြောင်ကောင်လေးပါ။ သူ့မှာ အထူးအဆန်းမေးခွန်းတွေ အများကြီးရှိတယ် အချစ်ဆိုတာ ဘာလဲတို့ အချစ်ဆိုတာ ထင်ယောင်ထင်မှားအရာလား ဆိုတဲ့ ဂေါက်တောက်တောက် မေးခွန်းတွေပေါ့။ ပါတီပွဲတစ်ခုမှာ ဟာမိုနီ နဲ့ မေဆင် တို့ တွေ့ဆုံကြပြီး တစ်ယောက်နဲ့ တစ်ယောက် လက်ချင်းထိမိလိုက်တဲ့အချိန် ဟာမိုနီ ဟာ သူ လူထူထူကြားရောက်ရင် ခံစားမိနေကျ ပတ်ဝန်းကျင်က အကြောက်တရားလှိုင်းတွေကို မခံစားမိတော့ပဲ သာမန်လူတစ်ယောက်လိုဖြစ်သွားသလို မေဆင် မှာလဲ သူတစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တစ်မျိုး ရရှိသွားပါတော့တယ်။ အဲ့ဒါက ဘာဖြစ်မလဲ….

0 comments:
Post a Comment