One Fine Day (2006)

16 Episodes

Rating : 6.5/10
Country : South Korean
Genre : Romance
Cast : Sung Yoo Ri,Gong Yoo,Nam Goong Min,Lee Yun Hee

ဒီဇာတ်ကားလေးက ဦးဦးမှင်စာ(Gong Yoo)ရဲ့ကားဟောင်း ကားကောင်းလေးတစ်ကားပါ။မင်းသမီးကလည်း ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ The Snow Queen ဇာတ်ကားထဲက မင်းသမီး(Sung Yu-Ri)ဖြစ်လို့ သဘောကျနှစ်ခြိုက်မှာအသေအချာပါပဲ။ဇာတ်လမ်းလေးကတော့ ဆိုဂွန်း(Gong Yoo) နဲ့ ဆိုဟာနူ(Sung Yu-Ri) တို့နှစ်ယောက်ဟာ သွေးသားမတော်စပ်ကြပေမယ့် ဆိုဂွန်းအဖေနဲ့ ဟာနူအမေတို့လက်ထပ်လိုက်ပြီးတဲ့နောက်မှာ မောင်နှမတွေဖြစ်လာခဲ့ကြပါတယ်။
တစ်နေ့မှာတော့ ကားအက်ဆီးဒင့်တစ်ခုကြောင့် မိဘနှစ်ပါးစလုံးကိုဆုံးရှုံးခဲ့ရပြီး နှစ်ယောက်သားဝေးကွာခဲ့ကြပါတယ်။ဆိုဂွန်းက သြစတြေးလျရောက်သွားပြီး ဟာနူကတော့ တခြားမိသားစုတစ်ခုမှာ မွေးစားခံရပြီး ကိုရီးယားမှာကျန်နေခဲ့ပါတယ်။ဒီလိုနဲ့နှစ်ပေါင်း ၁၅ နှစ်အကြာ တစ်နေ့မှာတော့
သူတို့နှစ်ယောက်ပြန်လည်ဆုံစည်းခဲ့ပါတယ်။ဒီလိုဆုံစည်းမှုကနေတစ်ဆင့် ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာပဲစီးမျောခံစားကြည့်ရအောင်ပါ။ဇာတ်လမ်းက ရိုမန့်တစ်,ဒရာမာလေးပါ။

0 comments:

Post a Comment