On the Way to the Airport (2016)

16 Episodes

Rating : 7.9/10
Country : South Korean
Genre : Romance,Drama,Melodrama,Mature
Cast : Kim Ha Neul,Lee Sang Yoon,Shin Sung Rok,Choi Yeo Jin

နှစ်မယားနှစ်ယောက်လုံး လေယဉ်မယ်နဲ့လေယဉ်မှုးတွေတော့ အလုပ်မအားတာတွေကြောင့် အနေဝေးပြီးသွေးအေးသွားတယ်၊မင်းသမီး သူငယ်ချင်းနဲ့လည်း ကွယ်ရာမှာဖောက်ပြန်နေတာ၊မင်းသမီးက မင်းသားနဲ့လေဆိပ်မှာတွေ့တာများပီးရင်နှီးသွားတဲ့ကား ကိုယ်လည်း ၆ထိကြည့်ဖူးတာ၊အဲတုန်းက အလုပ်မအားတာနဲ့မကြည့်ဖြစ်လိုက်ဘူး😥ဇာတ်ကား Rating ကောင်းတယ်ဆိုတော့ ကောင်းလောက်မှာပါ အောက်မှာ Review ပါတယ်ဖက်ကြည့်လိုက်ပါနော်😊

ဒီဇာတ်လမ်းလေးကိုတော့ သာမန် အရင်တင်နေကြ လူငယ်သရုပ်ဆောင်တွေမဟုတ်ပဲ လူလတ်ပိုင်းသရုပ်ဆောင်တွေဖြစ်တဲ့ Lee Sang Yoon နဲ့ Kim Ha Neul တို့က Main Actor နဲ့ Actress နေရာကနေ ပါဝင်ထားပါတယ် ...

ဇာတ်လမ်းအကျဉ်းလေးကတော့ - အမှန်ဆို ကျွန်တော်လဲ တပိုင်းလောက်ပဲ ကြည့်ရသေးတော့ သိပ်မပြောတတ်ဘူးဗျ 😂😂 ... သိသလောက်ကတော့ ဒီဇာတ်လမ်းလေးဟာ လေယာဉ်မယ်တစ်ယောက်ရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် .... လေယာဉ်မယ် တယောက်ဖြစ်တဲ့ ချွဲဆွန်းအာ ( Kim Ha Neul ) မှာ သမီးလေးတယောက်ရှိပြီး ထိုသမီးလေးကို Malaysia ကို ကျောင်းသွားထားဖို့ စီစဉ်ခဲ့ပါတယ် ... ကလေးက မသွားချင်ပေမဲ့လဲ ဇွတ်ပို့တာပေါ့ ( ဒီခေတ် မိဘတွေ 😌😌 😝😝 ) .... အဲ့တော့ ကလေးက ဟိုရောက်တော့ အခန်းဖော် ကောင်မလေး တယောက် သူ့လိုပဲ Korea ကနေ ကျောင်းလာတက်တဲ့ အခန်းဖော် တယောက်နဲ့ ခင်သွားပါလေတော့တယ် ... ဒါနဲ့ အဲ့အခန်းဖော် ကောင်မလေးရဲ့ talkie တွေက လန်းတယ်ဗျ ကြည့် ကြည့်လိုက် ... ကိုတောင် ကြွေသွားတယ် 😂😂 ... တိုက်ဆိုင်တာတစ်ခုကဗျာ ကျွန်တော်ထင်တာတော့ ကောင်မလေး နှစ်ယောက်လုံးက တယောက်က အမေ က ဂရုမစိုက်ဘူး အဖေ က အရမ်းချစ်ပြီး ဂရုစိုက်တယ် ... နောက်တယောက်ကျ အမေ က ဂရုစိုက်ပြီး ချစ်တယ် အဖေ က ကျတော့ ပစ်ပယ်ထားတယ် အဲ့လိုမျိုးဗျ .... ပြီးတော့ နှစ်ယောက်လုံးရဲ့ မိဘတွေကလဲ Architect နဲ့ အနုစိတ်ပညာရှင် ... လေယာဉ်မယ် နဲ့ လေယာဉ်မှူး ... အဲ့လိုတွေဆိုတော့ တစ်ယောက် အလုပ်ပြီးရင် တယောက်က အလုပ်သွား အဲ့လိုတွေနဲ့ပဲ တယောက် နဲ့ တယောက် အနေဝေးပြီး သွေးအေးတဲ့ ပုံစံလေးပေါ့ ... တပိုင်းပဲ ကြည့်ရတော့ သိပ်မပြောတတ်သေးတာနဲ့ အပိုင်း ၁ မှာ တွေ့ရတာတွေ လျှောက်ရေးလိုက်တယ် .... ဒါပေမဲ့ ကြည့် ကြည့်လိုက်ပါ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တာကိုတော့ အာမခံပါတယ် ...

Rating အနေနဲ့ကတော့ Viki မှာ 9.5/10 တောင် ရထားတာနော် ... ကြည့်ရှုနှုန်းကလဲ Moon တွေ လိုက် မများပေမဲ့ မတိမ်းမယိမ်းလေးတွေ ... ဒါ့ကြောင့် အားပေးကြပါဦးလို့ မှာကြားရင်း review လေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတော့တယ် ....

0 comments:

Post a Comment