High Strung (2016)

Rating : 6.4/10
Country : United State
Genre :  Drama, Music, Romance
Cast :  Keenan Kampa, Nicholas Galitzine, Sonoya Mizuno
Released Date : 2016
Duration :  1h 36min

ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပုံများ ၊ ဘဲလေး အကတင်သာမက ခေတ်ပေါ်အကများပါ ကျွမ်းကျင်အောင်လေ့ကျင့်ရသော အနောက်နိုင်ငံများမှ ဘဲလေး အကပညာရှင်များ လေ့ကျင့်ပုံများကို အသေးစိတ်ရိုက်ကူးပြထားသည်။Street Dance သမားများ၏ ဘဝ အခက်အခဲများ ကြိုးစားကြပုံများ ၊ Street Dance ဟုခေါ်ဆိုရလောက်အောင် အကပြိုင်ပွဲများ လေ့ကျင့်ပုံများကို ရိုက်ကွက်လှလှများနှင့် အသေအချာ အကျအန ရိုက်ပြသွားသည်။တယောပညာကို ပြန်လည်ဖော်ဆောင်ထားသည်။တယော ပညာရှင်နှစ်ဦး၏ ပြိုင်ပွဲကိုလည်း သံစဉ်များနှင့် ယှဉ်ပြိုင်ကာ ရိုက်ကူးပြထားသည်။ တယောသံနှင့် ခေတ်ပေါ်ဂီတပေါင်းစပ်လို့ရကြောင်းကိုလည်း idea အသစ်တစ်မျိုးနှင့်ဖော်ပြထားသည်။ထိုသို့မထင်ထားသောအရာများကို ပေါင်းစပ်ပြီး ရိုက်ကူးပြထားသော High Strung ဇာတ်ကားသည် အရင်က Street Dance ဇာတ်ကားများနှင့်မတူပဲ ခွဲထွက်နေပြီး လုံးဝထင်မထားလောက်အောင် ရိုက်ကူးပြထားသောဇာတ်ကားဖြစ်သည်။မတူညီသောအနုပညာ ၃မျိုး ဘဲလေး ၊ Street Dance ၊ တယော တို့ကို မည်သို့ပေါင်းစပ်ရိုက်ကူးပြသွားမလဲဆိုတာတော့ ပိတ်ကားပေါ်တွင် ဆက်လက်ကြည့်ရှူ့ပါ…

0 comments:

Post a Comment