Mother of Mine (2019)

54 Episodes

Rating : 7.7/10
Country : South Korean
Genre : Friendship,Business,Romance,Life,Family,Melodrama
Cast : Kim Hae Sook,Kim So Yeon,Yoo Sun,Kim Ha Kyung,Hong Jong Hyun,Ki Tae Young

ာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ထွေထွေထူးထူးမိတ်ဆက်စရာမလိုအောင် အားလုံးနဲ့ရင်းနှီးပြီးသားသူတွေပါ (အဲတော့မပြောတော့ဘူး 😁😁)

ဇာတ်လမ်းအကြောင်းအရာ
ဒီဇာတ်လမ်းတွဲလေးဟာ ခက်ခဲတဲ့လောကဓံတရားကြောင့် မိခင်နဲ့ သမီးတွေကြားမှာဖြစ်ပေါ်လာတဲ့ အချစ်အမုန်းတွေအကြောင်း
အဲဒီအချစ်အမုန်းတွေကြားထဲမှာပဲ မိသားစုဝင်အချင်းချင်း ကူညီထောက်ပံ့ကြတဲ့ ယနေ့ခေါတ် မိခင်နဲ့ သမီးတွေအကြောင်းကို ရိုကူးပြထားတာပါ
ဒီဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်မဟုတ်ပေမယ့် တစ်ခါတစ်ရံ မိခင် နဲ့ သားသမီးတွေကြားမှာ နားလည်မှုလွဲနေတတ်ပါတယ်
ဒီလိုချိန်မှာ မိခင်တွေဆိုတာ သားသမီးတွေဘက်ကပဲဆိုတာကိုလည်း ရည်ရွယ်ပြီး ရိုက်ကူးထားတာပါ

Park Seonja (cast. Kim Haesuk) က ကိုရီးယားရိုးရာစားသောက်ဆိုင်ဖွင့်ထားတဲ့ မုဆိုးမတစ်ယောက်ပါ . သူမက သူ့မသမီးသုံးယောက်ကို မျက်နှာငယ်မဖြစ်ရလေအောင် သူမဘဝကို မနားတမ်း အလုပ်ကြိုးစားပြီးလုပ်ကိုင်ပါတယ်
သူ့ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ရင်း သမီးကြီးရဲ့ အိမ်မှုကိစ္စ, ကလေးထိန်းအလုပ်တွေနဲ့ မအားလပ်နိုင်သူပါ. သူမအိမ်မက်ကတော့ တစ်နေ့မှာ သူ့သမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ပါ

Gang Miri (Cast. Kim So Yeon) ကတော့ Park Seonja ရဲ့ ဒုတိယသမီးပါ. သူမကတော့ ပညာအရည်အချင်းမြင့်မားပြီး လစာမြှင့်တဲ့ ထိပ်တန်းအမျိုးသမီးတစ်ယောက်ပါ.
သူမကတော့ သူမစွန့်ပစ်ခဲ့တဲ့ မိခင်အရင်းကို နားကြီးနေတဲ့သူပါ.
သူမက မိန်းကလေးတစ်ယောက် ကိုယ်ပိုင်အရည်အချင်းနဲ့ ခွန်အားတွေနဲ့ ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာတယ်ဆိုတာကို တစ်စုံတစ်ယောက်ကို ပြချင်သူပါ

Han Taeju (cast. Hong Jong Hyun) ကတော့ Miri ရဲ့ ဂျူနီယာမားကတ်တင်းအဖွဲ့ဝင်တစ်ယောက်ပါ. သူကတော့ တော်ပြီး
နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသားတစ်ယောက်ပါ. ပြီးတော့ သူကအဲဒီ company ရဲ့ အမွေခံမယ့်သူပါ.

0 comments:

Post a Comment