Country : United State
Duration : 1h 35min
အညွှန်း
ဂန္တဝင်ဟာသသရုပ်ဆောင်ကြီး ချာလီချပ်ပလင်ရဲ့ ဇာတ်ကားတွေကို
တင်ဆက်ပေးလာရာ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ ၁၉၂၅က
ထွက်ရှိခဲ့တဲ့ The Gold Rushဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
Ratingတွေ ဘာတွေ များများစားစား ပြောစရာမလိုပါဘူး။ IMDb
8.2နဲ့ Rotten Tomatoes 100%ပါ။ ချာလီချပ်ပလင်ရဲ့ ဇာတ်ကား
ဆိုတဲ့အတိုင်း စ လယ် ဆုံး ရယ်မောနေရမှာပါ။
တစ်ခေတ်တစ်ခါက မြောက်အမေရိကတိုက်မှာ ရွှေကြောရှာခရီးတွေ
အများကြီး ရှိခဲ့သလို တစ်ကမ္ဘာလုံးက ရွှေကြောရှာသမားတွေလည်း
ဒုနဲ့ဒေး လာရောက်ခဲ့ကြတာပါ။ ချာလီချပ်ပလင်ကတော့ အလာစကာ
ရွှေကြောရှာခရီးရှည်ကြီးထဲ ပါလာတဲ့သူပါ။ အလာစကာပြည်နယ်က
အချိန်ပြည့် ဆီးနှင်းတွေ ကျဆင်းပြီး ရေခဲတောင်ကြီးတွေ ရှိတဲ့နေရာ
ဖြစ်လို့ အင်မတန်ကြမ်းတမ်းခက်ခဲတဲ့ ခရီးစဉ်ကြီးပါ။
ဒီရွှေရှာခရီးကိုချာလီချပ်ပလင်တစ်ယောက် ကျော်ဖြတ်နိုင်ပါ့မလား၊ ရွေတွေတွေ့ပြီး
သန်းကြွယ်သူဌေးကြီး ဖြစ်သွားမလား၊ဘယ်လိုမျိုး တလွဲတချော်တွေ
ဖြစ်ဦးမလဲဆိုတာကို ရယ်မောခံစားကြည့်ရှုရမှာပါ။

0 comments:
Post a Comment