May We Chat (2014)

 


Rating : 4.9/10
Country :China
Genre : Adult, Drama
Released Date : 2014
Duration : 1h 40min

အညွှန်း
ဒီကားလေးကို ရီဗျူးရေးဖို့ဆိုတော်တော်အကြပ်ရိုက်ပါတယ်။ အကြောင်းက အရသာရှိလွန်းတဲ့ထမင်းဝိုင်းထဲ ရောက်သွားသလိုခံစားရလို့ပါပဲ။ အကုန်ကောင်းနေတော့ ဘယ်ဟာကောင်းလဲလို့ ညွှန်းမနေတော့ဘဲ လာသာထိုင်စားလိုက်တော့ဗျာ လို့သာ ပြောချင်မိတဲ့အထိပါ။မိန်းကလေးသုံးယောက်ကို အကြောင်းပြုပြီး ဇာတ်လမ်းတည်ထားတာမို့ မတူညီတဲ့ဇာတ်အိမ်သုံးမျိုးကို တွေ့ရမှာပါ။ ဆယ်ကျော်သက်မိန်းကလေးအများစုမှာ ဖြစ်ပျက်တတ်တဲ့စိတ်ခံစားချက်၊ စူးစမ်းချင်စိတ်အားလုံးကို ဒီကားလေးထဲထည့်သွင်းပေးထားတဲ့အပြင်… ဟောင်ကောင်မှာ ၂၀၀၀ ခုနှစ်လောက်က လူငယ်ဂိုဏ်းအဖွဲ့တွေ ဘယ်လိုကြီးစိုးခဲ့လည်းဆိုတာကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်..
ပထွေးနဲ့အတူတူနေတဲ့ အားရန်း၊ ညီမတစ်ယောက်နဲ့ဆေးစွဲနေတဲ့အမေကို စောင့်ရှောက်နေတဲ့ ဝေဝေ၊ အဘွားနဲ့အတူတူနေပြီး အကြားအာရုံချို့တဲ့နေတဲ့ ဝေရင်း .. ဒီသူငယ်ချင်းသုံးယောက်က ဝီချက် ဆိုတဲ့ဖုန်း အက်ပလီကေးရှင်းကနေတစ်ဆင့် သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်။ သူတို့ရဲ့ခံစားချက်တွေကို ဖလှယ်ရင်း တစ်ရက်မှာ အားရန်း တစ်ယောက်လိုင်းပေါ်မှာ ပျောက်ချင်းမလှပျောက်သွားပါတယ်။ အပြင်မှာတောင် မမြင်ဘူးကြတဲ့ သူငယ်ချင်းတွေက အားရန်း ပျောက်သွားတဲ့အခါ သူတို့တတ်နိုင်တဲ့ဘက်က ဘယ်လိုပြန်လည်ရှာဖွေကြမလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကားလေးထဲမှာ အဖြေရှာလိုက်ပါတော့နော်…..

0 comments:

Post a Comment