Farming (2018)

Rating : 5.6/10
Country : United State
Genre : Drama
Cast : Gugu Mbatha-Raw, Kate Beckinsale, Adewale Akinnuoye-Agbaje 
Released Date : 2018
Duration : 1h 41min

ဒီဇာတ်ကားလေးကတော့ ပြည်တွင်းစစ်ပွဲများကြောင့် အင်္ဂလန်မှာ လာခိုလှုံနေသော လူမည်းမိဘ ၂ပါးဟာ မိမိတို့ကလေးအတွက် ကောင်းမွန်သော ဘဝတည်ဆောက်ပေးဖို့ အတွက် ကြိုးစားရာမှာ အောင်မြင်သလား မအောင်မြင်ဘူးလား ဆိုတာကို ပြသထားတာဖြစ်ပါတယ်။ လူမည်းကလေးငယ်က မိမိဘဝဖြစ်တည်မှုဖြစ်တဲ့ လူမည်းဘဝကို မကျေမနပ် ဖြစ်လာချိန်မှာ သူပေါင်းသင်းချင်သူတွေကော သူ့အတွက် ဘဝကို ဖျက်ဆီး မယ့် သူလား၊ ကိုယ့်ဘဝကို ပိုကောင်းအောင် လုပ်ပေးမှာလားဆိုတာ ပြသထားပါတယ်။ သူ့ကို ထိန်းကျောင်း နေသူတွေကလည်း သူ့ကို ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ဖြစ်ပေမယ့် မှန်ကန်တဲ့နည်းလမ်းလား၊ မမှန်ကန် တဲ့နည်းလမ်းလားဆိုတာတွေ ရှုစားရမှာပါ။
အဆုံးသတ်မှာတော့ သူမကျေနပ်တဲ့ သူဖြစ်တည်မှုကြောင့် ဘယ်လိုကျရှုံးသွားမလဲ တစ်နည်းနည်းနဲ့များ အလှည့်အပြောင်းဘယ်လို ဖြစ်နိုင်သလဲဆိုတာ စောင့်ကြည့်လိုက်ကြပါအုံးခင်ဗျာ။ ဒီဇာတ်ကားမှာ ထူးခြား တာကတော့ under world ဇာတ်လမ်းများနဲ့ van helsing ဇာတ်လမ်းမှ လူသိများသူ ဖိုက်တာမင်းသမီး Kate Beckinsale ကို နှုတ်သီးကောင်းလျှာပါး မိန်းမကြမ်းကြီး အဖြစ် တမူထူးစွာ တွေ့မြင်ရမှာပါ။

0 comments:

Post a Comment