Steve Jobs (2015)

Rating : 7.2/10
Country : United State
Genre :   Biography, Drama
Cast :   Michael Fassbender, Kate Winslet, Seth Rogen 
Released Date : 2015
Duration :  2h 2min 

၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာ မပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့ Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာ  ပျင်းစရာကောင်းပါပါတယ်။၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားက Universal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲ Michael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။ သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာ ဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။အရင်က apple productတွေ ကို သဘောမကျပေမဲ့ Steve Jobs Biography ဖတ်ပြီးကတည်းက သူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့် ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။သူကြောင့်ပဲ Apple Productရဲ့ အရသာတွေကို ခံစားတတ်လာတာပါ။ သူရဲ့ ဘ၀ ဇာတ်ကြောင်းကလဲ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။
သူရဲ့ စိတ်သဘောထားက ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ သူ့ရဲ့ မသိစိတ်ထဲမှာတော့  လူသားဆန်မှူတွေ ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူရဲ့ အရိုးရှင်းဆုံးက အကောင်းဆုံးဆိုတဲ့ စကားကလဲ အခုအချိန်ထိ မှန်ကုန်နေတုန်းပဲ ဆိုတာ သေချာပါတယ်။သူကို တီထွင်သူလို့ ပြောတာထက် တီထွင်မှူတွေဖြစ်ပေါ်လာအောင် Motivation အကောင်းဆုံးပေးနိူင်သူလို့  ပြောရင် ပိုမှန်မယ် ထင်ပါတယ်

0 comments:

Post a Comment