Rating : 5.7/10
Country : United State
Genre : Action, Adventure, Drama
Cast : Jack Huston, Toby Kebbell, Rodrigo Santoro
Released Date : 2016
Duration : 2h 3min
Country : United State
Genre : Action, Adventure, Drama
Cast : Jack Huston, Toby Kebbell, Rodrigo Santoro
Released Date : 2016
Duration : 2h 3min
‘ ခရစ်တော်ရဲ့မေတ္တာဂရုဏာတော်ကို အောက်မေ့တမ်းတဖွယ် တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။Ben-Hur ရုပ်ရှင်ဟာ ဒီနှစ်ရဲ့ သြဂုတ်လ 16 ရက်မှာ စတင်ရုံတင်ပြသခဲ့တဲ့ သမိုင်းနောက်ခံ အက်ရှင်ဒရာမာကားတစ်ကားပါ။ 2016 အတွင်း ဘတ်ဂျက်ကြီးကြီးမားမားနဲ့ ရိုက်ကူးခဲ့တဲ့ ကားတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ 1959 ခုနှစ်က အောင်မြင်ထင်ရှားခဲ့တဲ့ သမိုင်းနောက်ခံ Ben-Hur ခေတ်ဟောင်းရုပ်ရှင်ကိုပဲ ပြန်လည်းဆန်းသစ်ထားတဲ့ ရုပ်ရှင်ပါ။ ရာဇဝင်ကားကြီးတွေ၏ ထုံးစံအတိုင်း လူအင်အားကောင်းကောင်း၊ ဆက်တင်ကြီးကြီးတွေနဲ့ အားထုတ်ရိုက်ကူးခဲ့ပေမဲ့ ရုံဝင်ငွေကတော့ မျှော်မှန်းသလောက် အောင်မြင်မှုမရခဲ့ပါဘူး။ရုပ်ရှင်ကိုတော့ ခရစ်တော် သက်ရှိထင်ရှားရှိစဉ် ရောမခေတ်ကို ဇာတ်အိမ်ယူထားပါတယ်။ ဂျူးလူမျိုးနဲ့ ရောမသားဆိုတဲ့ မွေးစားညီအကိုနှစ်ယောက်ကြား ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ၊ အရမ်းချစ်ခင်ကြတဲ့ ညီအကိုနှစ်ဦးရဲ့ အိမ်အပြန်ခရီးတွေဟာ သူတို့မိသားစုအတွက် မမျှော်လင့်လောက်အောင် ခက်ခဲတဲ့ အနာဂတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းမေတ္တာနဲ့အတူ အမုန်း၊ အာဃာတ၊ အာဏာတွေကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောမခေတ်က စစ်ရထားပြိုင်ပွဲကြီးတွေကိုလည်း ရင်တစ်ဖိုဖိုနဲ့ ကြည့်ရူ့ရမှာပါ။ ဒီရုပ်ရှင်မှာ ထိုစဉ်အချိန်က သက်ရှိထင်ရှားရှိဆဲ ခရစ်တော်၏ ပုံရိပ်ကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။Rating ကောင်းမှ ကြည့်သူတွေအတွက် သတိပေးလိုတာကတော့ ဒီကားဟာ rating ပိုင်းမှာ အားနည်းခဲ့ပေမဲ့ ကြည့်လို့အဆင်ပြေပါတယ်။ သမိုင်းနောက်ခံ ရာဇဝင်ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီရုပ်ရှင်ဟာ အနီးစပ်ဆုံးနှိုင်းပြရရင် နာမည်ကျော် ရောမကားဖြစ်တဲ့ Gladiator နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒီနောက်ပိုင်းမှာ ဖန်တလဲလဲမြင်နေရတဲ့ ကိုးရီးယားစီးရီးတွေ၊ လူစွမ်းကောင်းရုပ်ရှင်တွေကနေ သွေဖယ်ပြီး ရာဇဝင်ကားကောင်းတစ်ကားကို ဖြေးဖြေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ချင်သူတွေအဖို့ နှစ်ခါမစဉ်းစားသင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုတာလောက်ပဲ အညွှန်းပေးချင်ပြီး ကိုယ်တိုင်ကြည့်ရူ့ခံစားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။(
0 comments:
Post a Comment