The Others (2001)


 

Rating : 7.6/10
Country : United State
Genre : Horror, Mystery, Thriller 
Cast : Nicole Kidman, Christopher Eccleston, Fionnula Flanagan
Released Date : 2001
Duration : 1h 44min

အညွှန်း
“The others” ရုပ်ရှင်ဟာ 2001ခုနှစ်မှာစတင်ဖြန့်ချိခဲ့တဲ့ အမေရိကန်-ပြင်သစ်သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကား
ဖြစ်ပါတယ်။IMDBအနေနဲ့ 7.6/10ကိုရယူထားပြီး Rotten Tomatoကတော့83%ပါ။ဒါရိုက်တာဖြစ်သူ Alejandro Amenabarကရိုက်ကူးထားပြီး အဓိကဇာတ်ကောင်တွေအဖြစ်
Nicole Kidman
Fionnula Flanagan
Christopher Eccleston
Elaine Cassidy
Eric Sykes
Alakina Mann
James Bentleyစတဲ့သူတွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားရဲ့ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ 17မီလီယံဖြစ်ပြီး ရုံတင်ဝင်ငွေက 209.9မီလီယံဒေါ်လာဖြစ်ပါတယ်။
အမေရိကန်နဲ့ ကနေဒါမှာ းတင်ရုံတင်တဲ့ပထမအပတ်မှာတင် 14မီလီယံဒေါ်လာကိုရရှိခဲ့ပြီး ရုံတင်ဝင်ငွေအများဆုံးနံပါတ်4နေရာမှာ နောက်ထပ်သုံးပတ်တိတိရပ်တည်ခဲ့ပါတယ်။
ဒါ့အပြင်
Goya Award for Best Film
Goya Award for Best Director
Goya Award for Best Original Screenplay
Goya Award for Best Sound
Goya Award for Best Art Direction
Goya Award for Best Editing
Goya Award for Best
Goya Award for Best စတဲ့ဆုတွေကိုလည်း အသီးသီးရှိထားပြီး ဇာတ်လမ်းရဲ့ကြာချိန်ကတော့ 104မိနစ်ပါ။ခရစ်ယာန်ဘာသာကို လေးနက်စွာယုံကြည်သောအမျိုးသမီးတစ်ယောက်သည် ကလေးငယ်နှစ်ဦးနှင့်အတူ အိမ်ကြီးတစ်အိမ်တွင်နေထိုင်ကြသည်။သူမ၏ယောကျ်ားသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ကိုတိုက်ထုတ်ရန် ထွက်သွားသည်မှစ၍ မည်သည့်သတင်းမှမကြားရတော့။အမျိုးသမီး၏ကလေးငယ်များသည် photosensitivityဟုခေါ်သော နေရောင်နှင့်ဓာတ်မတည့်သောရောဂါတစ်မျိုး
ကြောင့် တစ်အိမ်လုံးကိုလိုက်ကာများဖြင့်ကာ၍ အမှောင်ချထားရသည်။ထိုအိမ်ကြီးသို့ လူသုံးယောက် အိမ်အကူအဖြစ်လုပ်ကိုင်ရန် ရောက်ရှိလာသည့်အချိန်မှစ၍ အမျိုးသမီးသည် ထူးဆန်းမှုများကို သတိထားမိလာသည်။အမျိုးသမီးကမူ အိမ်စေတို့သည် သူမတို့မိသားစုကို အန္တရာယ်ပေးလိုသည့်အတွက်ကြောင့် စီရင်ဖန်တီးသည်ဟုယူဆသည်။“တမလွန်လောကနှင့် လူ့ဘုံလောကတို့အတူနေထိုင်နိုင်ရန် ကြိုးစားရမည်”ဟူသောစကားကို သူမကြားရသောအခါ…သမ္မာကျမ်းစာအပေါ် လုံးဝဥဿုံယုံကြည်မှုနှင့် လက်တွေ့အဖြစ်အပျက်တို့ကွာဟနေမှုကို ကြုံတွေ့ရသောအခါ…အမှန်တရားကိုသိမြင်လာရသောအခါ…(ဤဇာတ်ကား၏ ထူးခြားချက်မှာ ဖြစ်ရိုးဖြစ်စဉ်သည်းထိတ်ရင်ဖိုဇာတ်လမ်းများနှင့်မတူဘဲ ပရိသတ်အနေနှင့် မည်သို့မျှမျှော်လင့်ထားစရာမရှိသည့်ဇာတ်ကွက်ကို ချပြထားခြင်းဖြစ်သည်။ ထို့အပြင်စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်မှ စဉ်းစားစရာအချက်တစ်ချို့ကိုလည်း ထည့်သွင်းထားသည်။)

0 comments:

Post a Comment