The Invisible Guest (2016)

Rating : 8.0/10
Country : United State
Genre : Crime, Mystery, Thriller   
Cast : Mario Casas, Ana Wagener, Jose Coronado
Released Date : 2016
Duration : 1h 46min 

ဒီဇာတ်ကားရဲ့ ပထမဆုံးအခန်းမှာတင် လူသတ်မှုကျူးလွန်သူလို့စွပ်စွဲခံရတဲ့လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်နဲ့ သူငှါးထားတဲ့ အသက်(၅၀)ခန့်အမျိုးသမီး ရှေ့နေတစ်ယောက်တို့စကားပြောနေတာကို ခင်ဗျားတို့တွေ့လိမ့်မယ်…
သက်သေအထောက်အထားများအရ လူသတ်မှုကျူးလွန်သူလို့ငြင်းလို့မရပေမယ့် ဒီလူကတော့သူလုံးဝမသတ်ကြောင်းကို ရှေ့နေကိုပြောနေတယ်….သူဟာ မိန်းမရှိရက်နဲ့ တခြားမိန်းမနဲ့ငြိစွန်းခဲ့တာကိုသိလို့ ယူရိုတစ်သိန်းပေးရမယ်လို့ချိန်းခြောက်သူရှိတယ်..ငွေတစ်သိန်းယူပြီး ဟော်တယ်တစ်ခုကို သူ့ငြိခဲ့တဲ့ ကောင်မလေးနဲ့အတူလာခဲ့ဖို့အမည်မသိချိန်းခြောက်သူကပြောတယ်…သူနဲ့ အဲ့ဒီမိန်းမ ဟော်တယ်အခန်းတစ်ခုမှာစောင့်နေကြတယ်…အဲ့ဒီမှာ သူ့ကို တစ်ယောက်ယောက်က ခေါင်းကိုရိုက်လိုက်တယ်…၁၅မိနစ်လောက်မေ့သွားပြီးသတိရလာတဲ့အချိန်မှာ သူငြိခဲ့တဲ့မိန်းမက သေနေပြီး ရဲတွေလည်းရောက်လာတဲ့အတွက်ကြောင့်အငြင်းပွားစရာမရှိလူသတ်မှုတရားခံဖြစ်သွားတယ်….ဒီလူ့ရဲ့အပြောကို ရှေ့နေကတော့ ဟာကွက်တွေရှိနေဆဲဖြစ်တယ်လို့ သုံးသပ်ရင်းထိန်ချိန်ခဲ့တဲ့အကြောင်းတွေကိုပြောဖို့ …အဲ့ဒီလိုပြောမှသာ သူကူညီနိုင်မှာဖြစ်တဲ့အကြောင်းကိုနားချတယ်…အဲ့ဒီနောက်မှာတော့……………ဘယ်သူက သူ့ကို လူတစ်ယောက်လုံးသတ်ပြီးချောက်ချတာလဲ…. လူတစ်ယောက်လုံးသတ်ပြီးချောက်ချရအောင် သူတို့ဘာရန်ငြိုးတွေများရှိလို့လဲ….သူနောက်ဆက်ပြောမယ့် အကြောင်းတွေက ဘာများဖြစ်မလဲ…သူပြောတာတွေကရော တကယ့်အမှန်တရားလား……ဒီကားက နောက်ခံတီးလုံးသံအေးစက်စက်အောက်မှာ flashback ပုံစံနဲ့ တစ်ဆင့်ခြင်းဖြစ်စဉ်တွေပြသွားတယ်….ခင်ဗျားတို့ထင်ထားတာထက် နောက်ဆက်တွဲအရှုတ်တွေရှိတဲ့အပြင်အံ့အားသင့်စရာတွေလည်းအများကြီးပဲ…ဇာတ်အိမ်အုတ်မြစ်ချသွားတာကလည်း တကယ့်ကို ခမ်းနားတယ်…..ကြည့်ရင်းကြည့်ရင်းနဲ့ကို တဖြည်းဖြည်းဘာကိုမှန်းမသိလန့်လာတာလိုလို … ဒီလိုကြီးဖြစ်သွားရတာလားဆိုပြီးတစ်ဆက်ထဲတွေးရင်းငါဆိုရင်ရောဘယ်လိုလုပ်မလဲ …စသည်ဖြင့် စ၊ဆုံး ဆွဲဆောင်မှုရှိစွာနဲ့ ခင်ဗျားဟာ ဆက်ပြီးကြည့်ဖြစ်လိမ့်မယ်….စပွိုင်လာလုပ်ရင် ကြည့်ရတာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်လို့ ဒီလောက်နဲ့ တော်ပါရစေ…ဒီကားကြည့်နေစဉ် မိနစ်(၃၅)မိနစ်လောက်ရောက်တာနဲ့ cm ကအညွှန်းက မလွန်ပါဘူးလေဆိုပြီး ခင်ဗျားတို့ သဘောပေါက်သွားလိမ့်မယ်….

0 comments:

Post a Comment