Cruel Palace War of Flowers (2013)

50 Episdoes

Rating : 7.6/10
Country : South Korean
Genre : Drama
Cast : Kim Hyun Joo,Jung Sung Woon,Lee Deok Hwa

မာယာနန်းတော် (Cruel Palace - War of Flowers) အမည်ရ ကိုရီးယားနန်းတွင်း ဒရာမာဇာတ်လမ်းတွဲအကြောင်း ပြောပြချင်ပါတယ်။

မာယာနန်းတော် ဒရာမာ ဇာတ်လမ်းတွဲဟာ ရှင်ဘုရင်ရဲ့ အ ချစ်နဲ့ အာဏာရရှိဖို့ ကြိုးစားရင်း ကောက်ကျစ်စဉ်းလဲတဲ့ အကြံ ဉာဏ်တွေကိုသုံးတဲ့ ကိုရီးယား နန်းတွင်းထဲက မိဖုရားငယ်လေး တွေရဲ့ တိုက်ပွဲကို သရုပ်ဖော်ထား ပါတယ်။ ဒီဇာတ်လမ်းဟာ ရုပ်ရည် ချောမောလှပပေမယ့် ကောက် ကျစ်စဉ်းလဲတဲ့ ဂျိုမိဖုရားငယ် (ယမ်ဂျောင်) ရဲ့ ဇာတ်ရုပ်ကို အဓိ က ပုံဖော်ထားတာဖြစ်ပါတယ်။

ကိုရီးယားနန်းတွင်း အမတ် ဂျိုရဲ့ တရားမဝင်ဇနီးကနေ မွေး ဖွားလာတဲ့ ဂျိုဆိုယောင်လို့ခေါ်တဲ့ မိန်းမချောလေးဟာ ငယ်စဉ်က တည်းက အရွယ်ရောက်ချိန်ထိ အမြှောင်မယားကနေ မွေးတဲ့ အ ဆင့်အတမ်းနိမ့်သူအဖြစ် အနှိမ်ခံ ခဲ့ရပါတယ်။ ဂျိုဆိုယောင်ရဲ့ ချစ် သူ နမ်ဟော့ရဲ့ မိခင်ကလည်း နမ်ဟော့နဲ့ ဂျိုဆိုယောင်ကို လုံးဝ သဘောမတူခဲ့ပါဘူး။ နာကျည်း မှု၊ ခံပြင်းမှုတွေများတဲ့ ဂျိုဆို ယောင်ဟာ ဉာဏ်များတဲ့ အမတ် ကြီး ကင်ဂျာဂျင်ရဲ့ မွေးစားသမီး ကင်ယမ်ဂျောင်အဖြစ်နေဖို့ သဘောတူလိုက်ပြီး ဘုရင့်မိဖုရား ငယ်အဖြစ် ဆက်သခြင်းကို လက်ခံခဲ့ပါတယ်။

အဲဒီအချိန်က ကိုရီးယားဘုရင်အင်ဂျိုဟာ နန်းချခံရပြီး မန်ချူးဘုရင်ရဲ့ သစ္စာတော်ခံရုပ်သေးရုပ် ဘုရင်အဖြစ် နေရတဲ့သူ ဖြစ်ပါတယ်။ စစ်ရှုံးဘုရင် အင်ဂျိုဟာ အိမ်ရှေ့စံမင်းသားအပါအဝင် သားတော်ကြီးနှစ်ပါးနဲ့ အိမ်ရှေ့စံမိဖုရားတို့ကို မန်ချူးတို့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကို လက်ခံခဲ့ရပါတယ်။ အဲဒီလို အရာရာ ရှုံးနိမ့်နေတဲ့ ဘုရင့်ထံပါးကို ဂျိုဆိုယောင် ရောက်လာခဲ့ပါတယ်။

နန်းတော်ထဲမှာ သြဇာအာ ဏာ အကြီးဆုံး မိန်းမဖြစ်ဖို့ဆိုရင် သားယောက်ျားလေးမွေးပြီး မိဖုရားကြီးနေရာကို ရမှဖြစ်မယ်လို့ ယမ်ဂျောင်တစ်ယောက် မှတ်ယူခဲ့ပါတယ်။ ယမ်ဂျောင်ခေါ် ဂျိုမိဖုရားငယ်ဟာ ရှင်ဘုရင် အင်ဂျိုကို သူ့အလှ၊ သူ့မာယာတွေနဲ့ ဆွဲဆောင်နိုင်ခဲ့ပြီး သားတော်တစ်ပါးကို မရရတဲ့နည်းနဲ့ မွေးဖွားပေးခဲ့ပါတယ်။

ဂျိုမိဖုရားငယ်တစ်ယောက် သူ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ စိတ်ထားအလွန်ကောင်းတဲ့ အိမ်ရှေ့စံမင်းသားကို ဘယ်လိုလုပ်မလဲ။ ထက်မြက်တဲ့ အိမ်ရှေ့စံမိဖုရားနဲ့ရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။ ငယ်ချစ်ဦး နမ်ဟော့နဲ့ အချစ်ဇာတ်လမ်းကရောဘယ်လိုလဲ။ ဘုရင်ကြီး အင်ဂျိုအနေနဲ့ သူအရမ်းချစ်ရတဲ့ ဂျိုမိဖုရားငယ်ရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို ဘယ်လိုသိမလဲ။ မကောင်းမှုပြုသူအတွက် နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကို တီဗီဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားရအောင်ပါ။ ဒီဇာတ်လမ်းတွဲမှာ ဂျိုမိဖုရားငယ် ခေါ် ကင်ယမ်ဂျောင်အဖြစ် ကင်ဟွန်းဂျူ၊ ဘုရင်အင်ဂျိုအဖြစ် လီဒေ့ါဟွာ၊ အိမ်ရှေ့စံမင်းသား အဖြစ် ဂျောင်ဆောင်းဝမ်၊ အိမ်ရှေ့စံမိဖုရားအဖြစ် ဆောင်းဆွန် မီ၊ အမတ်ကြီး ကင်ဂျာဂျင်အဖြစ် ဂျောင်ဆောင်းမိုနဲ့ နမ်ဟော့အဖြစ် ဂျန်းထယ်ဆူတို့ ပါဝင််ထားပါတယ်။

0 comments:

Post a Comment