Once Upon a Deadpool 2018

Rating : 7.2/10
Country : United State
Genre :    Action, Adventure, Comedy 
Cast : Ryan Reynolds,Karan Soni,Ed Skrein
Released Date : 2018
Duration : 1h 57min

Once upon a Deadpool ဆိုတဲ့ဒီကားကတော့ Deadpool 2 ကို PG-13 version နဲ့ ပြန်ထုတ်ပေးထားတာပါ။ကလေးတွေကြည့်လို့ရအောင် သွေးထွက်သံယိုအခန်းတွေ၊ရိုင်းတဲ့အပြောအဆိုတွေ၊ဇာတ်ဝင်ခန်းတွေ မပါအောင် ဖြတ်ထုတ်ထားတာဖြစ်လို့ ကြည့်ရတာ အရင်လောက်မကောင်းပေမယ့်မိသားစုအတူတူကြည့်လို့ရမယ့် Superhero ရုပ်ရှင်တကားတော့ဖြစ်သွားပါတယ်။
ဇာတ်လမ်းကတော့ အားလုံးသိပြီးသားဖြစ်နေတာကြောင့် အထူးတလည်တော့ညွှန်းမနေတော့ပါဘူး။ဒါပေမယ့် ဒီကားမှာတော့ DP က Fred Savage ဆိုတဲ့ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးကို အခန်းတစ်ခန်းထဲမှာ ဖမ်းထားပြီးသူရဲ့ Deadpool 2 အကြောင်းဖတ်ပြနေတဲ့ပုံမျိုးဇာတ်လမ်းဆင်ပြထားပါတယ်။အဆဲအဆိုမကြမ်းတဲ့ DP 2 ဇာတ်လမ်းလေးလာလိုက် DP နဲ့ Fred တို့ရဲ့ပေါက်ကရ စကားပြောခန်းလေးတွေဝင်လိုက်နဲ့ ဆိုတဲ့အတွက်ကြောင့်ဇာတ်လမ်းက သိပြီးသားဖြစ်နေပေမယ့် အရမ်းကြီးပျင်းစရာတော့မကောင်းပါဘူး။ 

0 comments:

Post a Comment