16 Episodes
Rating : 8.0/10
Country : South Korean
Genre : Suspense,Thriller,Mystery,Horror,School,Drama,Supernatural,Investigation
Cast : Moon Geun Young,Yook Sung Jae,Shin Eun Kyung,Ohn Joo Wan,Jang Hee Jin
Achiara ကျေးရွာဟာ လုံးဝ နီးပါးကို ရာဇဝတ်မှု မဖြစ်တဲ့ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ကျေးရွာ လေးတစ်ရွာဖြစ်ပါတယ်။ ဆိုယွန်းဟာ အဘွားဖြစ်သူ သေဆုံးပြီး နောက်မှာ Achiara ကျေးရွာနဲ့ သက်ဆိုင်တဲ့ ထူးဆန်းတဲ့စာတစ် စောင်ရရှိပြီး ကိုရီးယားကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆိုယွန်းဟာ အဲဒီရွာက စာသင်ကျောင်းမှာ အင်္ဂလိပ်စာပြ ဆရာမ အဖြစ် တာဝန်ထမ်းဆောင်တဲ့နေ့မှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုနဲ့ ကြုံ တွေ့ခဲ့ပါတယ်။ အဲဒါကတော့ ရာဇဝတ်မှုမရှိသလောက်နည်းတဲ့ ရွာမှာ အလောင်းတစ်လောင်းကို တွေ့ရှိတာကနေစခဲ့တာပါပဲ။
ဒေသခံတွေဟာ သေဆုံးသူ နဲ့ ပတ်သက်ပြီး ထင်ကြေးမျိုးစုံ ပေးခဲ့ကြပါတယ်။ ရဲအရာရှိ အသစ်လေး ပတ်ဝူဂျယ်ဟာ သူတာဝန်ကျရာ ကျေးရွာမှာ ဆန်း ကြယ်တဲ့လူသတ်မှုဖြစ်ထားတာကို ဖော်ထုတ်ဖို့ အရမ်းကိုစိတ် အားတက်ကြွခဲ့ပါတယ်။ ကျောင်း ဆရာမလေးဆိုယွန်းနဲ့ ရဲအရာရှိ လေးဝူဂျယ်တို့ပူးပေါင်းပြီး အဲဒီ ကျေးရွာရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လို ဖော်ထုတ်တယ်ဆိုတာ ကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစား ရမှာပါ။ သူတို့တွေအမှန်တရားနဲ့ ပိုပြီးနီးကပ်လာချိန် ငြိမ်းချမ်းပါ တယ်ဆိုတဲ့ အဲဒီကျေးရွာလေးရဲ့ အရုပ်ဆိုး အကျည်းတန်မှုတွေ ဘယ်လို ပေါ်ထွက်လာမယ် ဆို တာကို ကြည့်ရှုရမှာပါ။
The Village ဇာတ်လမ်းတွဲ ဟာ ပရိသတ်တွေရဲ့စိတ်နှလုံးကို သေချာပေါက် ဖမ်းစားနိုင်မယ့် ထူးခြားပြီး စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ဇာတ်လမ်းတွဲ ဖြစ် တယ်လို့ယူဆလို့ ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပတ်ဝူဂျယ် အဖြစ် ယူဆောင်းဂျယ်နဲ့ဆိုယွန်း အဖြစ် မွန်းဂွန်ယောင်းတို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
0 comments:
Post a Comment