16 Episdoes
Rating : 7.4/10
Country : South Korean
Genre : Comedy,Romance
Cast : Choi Soo Young, Lee Jong Hyuk,Lee Chun Hee,Hong Jong Hyun
ဇာတ်လမ်းတွဲပြန်ရိုက်ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Lee Jong-hyuk,Choi SooyoungLee Chun-hee တို့ အဓိက ပါဝင်ထားပီး အပိုင်း (၁၆) ပိုင်း ရှိပါတယ်။
ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်.........
- ဆိုးဗြောင်ဟွန်း - သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် အက်စီးဒင့်ဖြစ်ပီးဆုံးရှုံးသွားနောက်မှာ စုံတွေကို အောင်သွယ်တော်လုပ်ပေးတဲ့ အဖွဲ့တခုဖွဲ့ခဲ့တယ်၊ ဒါပေမဲ့ အချစ်ထက် လက်တွေ့ဆန်ဆန်၊ နည်းပညာအကူညီတွေ၊ ကြိုတင်စုံစမ်းမှုတွေနဲ့ ချဉ်းကပ်ပီး အောင်သွယ်တော်လုပ်ပေးတယ်သူတစ်ယောက် (အချစ်ကို မယုံကြည် လက်မခံသူပေါ့)
- ဂုန်မင်ယောင်း- သူကတော့ အောင်သွယ်တော်ကုမ္ပဏီတခုမှာ အလုပ်လုပ်ကိုင်နေပီး သူ့က အချစ်ကို ယုံကြည်ကိုးစားတ့ဲသူတယောက်ပေါ့ ၊ နောက်ပီး အဆင့်မတူတဲ့သူတွေကို အောင်သွယ်လဲ လုပ်ပေးရသေးတယ်၊ အချစ်နဲ့ ဆိုရင် အရာရာအောင်မြင်နိုင်တယ်လို့ ယုံကြည်သူပေါ့
- ချာဆန်ဖြိုး - သူက တခြားသူတွေနဲ့လုံးဝမတူဘူး စားဖိုမှူးတယောက်ဖြစ်ပီး လျှိူ့ဝှက်တတ်တဲ့လူတယောက်၊ ဗြောင်ဟွန်းအလုပ်ရုံးခန်းနားမှာပဲ စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားတယ်။
မင်ယောင် နဲ့ ဗြောင်ဟွန်း တစ်ယောက်နဲ့တစ်ယောက်မသိကြပဲ ပြိုင်ပီးအောင်သွယ်ပေးရာကနေ မင်ယောင်တစ်ယောက် မအောင်မြင်ဖြစ်ပီး အလုပ်ထုတ်ခံရမဲ့အရေးုကြုံလာခဲ့တယ်၊ ဒီလိုနဲ့ အမှတ်မထင် ဗြောင်ဟွန်းရဲ့ အလုပ်နေရာကို တွေ့သွားခဲ့တယ်နောက် သူမကို အတူလုပ်လုပ်ဖို့ကမ်းလှမ်းတဲ့ အခါ ဘာတွေဆက်ဖြစ်မလဲ.သူတို့သုံးယောက်ကြားက ဆက်ဆံရေးကရော ဘယ်လိုပတ်သတ်လာမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါဦးနော်.........

0 comments:
Post a Comment