The White Queen (2013) Miniseries

Season (1) - 10 Episodes (Complete)

Rating : 7.8/10
Country : United State
Genre :  Historical Fiction, Drama
Cast : Max Irons. as King Edward IV. Aneurin Barnard. as Richard, Duke of Gloucester. David Oakes. as George, Duke of Clarence. Janet McTeer. as Jacquetta. James Frain. as Lord Warwick. Rebecca Ferguson. as Elizabeth Woodville. Amanda Hale. as Margaret Beaufort. Faye Marsay. as Anne Neville.
Released Date : 2013

၂၀၁၃ ခုနှစ်က ထုတ်လွှင့်ခဲ့ပြီး တစ်ပိုင်းကိုကြာမြင့်ချိန် ၁နာရီရှိပြီး အပိုင်း ၁၀ပိုင်းပါဝင်တဲ့ မီနီစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ဒီကားလေးက IMbD rating 7.8 နှင့် Rotten Tomatoes 78 % ရထားတဲ့ဇာတ်လမ်းကောင်းလေးပါ။
အင်္ဂလန်ရဲ့ ၁၄၆၄ ခုနှစ်ပါတ်ဝန်းကျင်က နန်းတွင်းအရှုပ်တော်ပုံအကြောင်းလေးပါ။ တကယ့်သမိုင်းဝင်ဖြစ်ရပ်နဲ့ ဒဏ္ဍရီဆန်ဆန် အဖြစ်အပျက်နှစ်ခု ရောပြီးရိုက်ကူးထားတဲ့ ရာဇဝင်ကားလေးပါ။ ၁၄၆၄ မှာ အင်္ဂလန်မှာ ပြည်တွင်းမှာစစ်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အဓိကကတော့ တော်ဝင်မျိုးနွယ်စုနှစ်ခုဖြစ်တဲ့ House of York (ယော့ခ်မျိုးနွယ်) နဲ့ House of Lancaster (လန်ကတ်ထရီမျိုးနွယ်) နှစ်ခုအားပြိုင်တိုက်ခိုက်နေကြတဲ့အချိန်ပါ။ ယော့ခ်မျိုးနွယ်တွေက နှင်းဆီဖြူ လို့တင်စားခေါ်ဝေါ်ပြီး လန်ကတ်ထရီတွေကို နှင်းဆီနီလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ သူတို့ကြားက စစ်ပွဲတွေကို နှင်းဆီစီးချင်း ( Wars of Roses) ဆိုပြီးတော့ အင်္ဂလန်သမိုင်းမှာ ရာဇဝင်တွင်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတာ့………..
၁၄၆၄ ခုမှာ ယော့ခ်မျိုးနွယ် ဖြစ်တဲ့ ဘုရင် အက်ထ်ဝပ်ဟာ လန်ကထ်ထရီ မျိုးနွယ်ဖြစ်တဲ့ ဘုရင် ဟန်နရီ III ကိုသတ်ပြီး နန်းတက်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်က အင်္ဂလန်ကို ကမ်းရိုးတန်းတွေအထိ အာဏာစက်ပြန့်ပြီး နိုင်ငံတော်ကြီးတစ်ခုအနေနဲ့ တည်ထောင်ပြီး ငြိမ်းချမ်းမှုကို ဖော်ဆောင်ချင်တဲ့ဘုရင်တစ်ပါးပါ။ ဒါပေမယ့် သူရဲ့မကောင်းတဲ့အချက်ကတော့ မိန်းမရှုပ်ပါတယ်။ အင်္ဂလန်က မိန်းမတစ်ဝက်လောက် သူနဲ့ မကင်းကြပါဘူး။ အယ်လီဇဘတ်ဂရေး ကတော့ ရုပ်ရည်ချောမောပြေပြစ်ပြီး ကလေးနှစ်ယောက်အမေ မုဆိုးမလေးတစ်ဦးပါ။ အယ်လီဇဘတ်ဂရေး စစ်ပွဲပြီးတော့ သူ့သားနှစ်ယောက်ရပိုင်ခွင့်ရှိတဲ့အမွေ အတွက် ဘုရင်အက်ထ်ဝပ်ထံ လာရောက်တောင်းဆိုရင်း ဘုရင်အက်ထ်ဝပ်က အလှပဂေးလေးကို မျက်စိကျသွားပါတော့တယ်။ အယ္လီဇဘတ္ဂေရး ရဲ့အေမက မှော်ပညာတတ်ကျွမ်းတဲ့ စုန်းကဝေမျိုးဖြစ်ပြီး အယ်လီဇဘတ်မှာလည်း ဒီမျိုးရိုးလိုက်ပါတယ်။
အရှင်ဝါးရခ်လို့ခေါ်တဲ့ ပညာရှိမှူးမတ်ကတော့ နန်းတက်နိုင်အောင် အက်ထ်ဝပ်ဘုရင်ကို ကူညီခဲ့ပြီးကြိုးကိုင်ချင်နေသူတစ်ယောက်။ ဒါပေမယ့် ရှုပ်ရှုပ်ပွေပွေရှိတဲ့ ဘုရင်အက်ထ်ဝပ် မျိုးနွယ်မတူတဲ့ လန်ကက်ထရီမျိုးနွယ်က သာမန်အရပ်သူ ဒီကလေးနစ်ယောက် မုဆိုးမလေးကို ဘုရင်မအဖြစ် တင်မြှောက်ချင်လာတဲ့အခါမှာတော့……………………………………..
ဘုရင်အက်ထ်ဝပ် တစ်ယောက် တကယ်ပဲ မုဆိုးမလေးကို ချစ်မိသွားတာလား….
ဒါတွေဟာ အယ်လီဇဘတ်ဂရေးနဲ့ သူ့အမေတို့ရဲ့ မှော်ပညာကြောင့်များလား…….
ဘုရင်မ ဖြစ်ခဲ့ရင်တောင် အတိုက်အခိုက်တွေကြား ကြံကြံခံနိုင်ပါ့မလား…………..
မျိုးနွယ်မတူတဲ့ ယော့ခ် နဲ့ လန်ကတ်ထရီတို့ အားပြိုင်မှုမှာ ဘယ်သူအသာစီးရမလဲ
အရှင်ဝါးရခ်ကရော သူ ချယ်လှယ်လို့မရတော့အချိန်မှာ ဘယ်လိုစီစဉ်မှာလဲဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ကြပါ။


0 comments:

Post a Comment