Showing posts sorted by date for query 2015. Sort by relevance Show all posts
Showing posts sorted by date for query 2015. Sort by relevance Show all posts


 

Rating : 5.1/10
Country :United State
Genre :Horror,Thriller,
Released Date : 2015
Duration :  1h 32min
 
 
အညွှန်း
 Spit On Your Grave ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့

Vengeance Is Mine ဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။

ဒီတစ်ကားမှာ ဂျနီဖာဟေးစ် ဟာ အရင်တုန်းက အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရတဲ့

မှတ်ဉာဏ်တွေ အချိန်တိုင်း ခြောက်လှန့်တာခံနေရပါတယ်။

သူဟာ သူ့နာမည်တွေ‌၊ မြို့တွေ ပြောင်းနေခဲ့ပြီး ဘ၀အသစ်တစ်ခုကို

စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူ့စိတ်ကျန်းမာရေးဆရာ၀န်ရဲ့

အကြံပေးချက်အရ အုပ်စုဖွဲ့စိတ်ကုထုံးလုပ်တဲ့အဖွဲ့ထဲ

၀င်ရောက်ပြီးတဲ့နောက်မှာ မာလာ ဆိုတဲ့ စိတ်တူကိုယ်တူ

သူငယ်ချင်းတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်

တစ်နေ့မှာ မာလာအသတ်ခံရပြီး လူသတ်သမားက

တရားသေလွတ်မြောက်သွားတဲ့အခါ ဂျနီဖာတစ်ယောက်

တရားမျှတမှုကို ကိုယ်တိုင်ပဲရှာဖို့ ကြိုးစားပါတော့တယ်။

ဒါတင်မက သူ့ပတ်၀န်းကျင်မှာ မုဒိမ်းမှုတွေ များလာတဲ့အခါ

သူဘယ်လိုမျိုး လက်စားချေဖို့ ကြိုးစားမလဲဆိုတာကို

ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

သတ်တာဖြတ်တာတွေ၊ သွေးထွက်သံယိုတွေနဲ့ ဖင်ကျိန်းစရာ အကွက်ဆန်းတွေ ပါ၀င်ပါတယ်။
 
 

 

Read More 0 comments


 

Rating : 3.7/10
Country :China
Genre : Drama,Chinese Movie,
Released Date : 2015
Duration :  1h 28min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဇာတ်လမ်းအစမှာတော့ အပြာမင်းသမီးတစ်ယောက် နာဆုမိနဲ့ ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ မင်းသားတစ်ယောက် HIV ပိုးကူးစက်ခံရပြီး မင်းသားက သူ့ကိုယ်သူအဆုံးစီရင်သွားတဲ့ သတင်းက ပျံ့နှံ့လို့နေပါတယ်။

နာဆုမိတစ်ယောက် အပြာကားတွေရိုက်နေစဥ်ကာလတစ်လျှောက်လုံး ရုပ်ရှင်တစ်ကားထွက်တိုင်း ထိုင်ဝမ်ကနေ သူ့ဆီ ပို့စ်ကဒ်တစ်ကဒ် အမြဲရောက်လာခဲ့ပါတယ်။
HIV ပိုးရောဂါရှိမှန်းသိလိုက်ရတဲ့ အချိန်ကစပြီး အပြာကားတွေဆက်မရိုက်တော့ဘဲ နာဆုမိက သူ့ဆီအမြဲစာပို့နေတဲ့ သူနောက်ကို ခရီးဆက်ခဲ့ပါတယ်။

 

နာဆုမိကို ပိုစ့်ကဒ်တွေ ပို့ပေးနေသူဟာ ဘယ်သူဖြစ်မလဲ…
ဘာကြောင့် နာဆုမိဆီ ပိုစ့်ကဒ်တွေပို့ပေးနေရတာလဲ…
နာဆုမိနဲ့ သူ့ဆီစာအမြဲပို့နေတဲ့သူက ဘယ်လိုဆက်စပ်မှုရှိမလဲ ဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး ။

 

Read More 0 comments


 

 

Rating : 7.0/10
Country : Korea
Genre : Comedy, Drama, Music
Released Date : 2015
Duration : 1h 45min

Downdoad Link

============

Google Drive -

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

စစ်ဘေးရှောင်ရင်း နိုင်ငံအသီးသီးမှာကြီးပြင်းကြတဲ့ ကိုရီးယားလူငယ် ဆယ်ကျော်သက်တွေကို အမိမြေနဲ့ မစိမ်းအောင် ကိုရီးယားယဉ်ကျေးမှုအကြောင်း သင်ယူလို့ရအောင် ၁၉၈၀ခုနှစ်ကစပြီး ကိုရီးယားမှာ နွေရာသီပိတ်ရက်စခန်းကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

Seoul Searching ကတော့ ၁၉၈၆ခုနှစ် နွေရာသီပိတ်ရက်စခန်းမှာ တွေ့ကြတဲ့ လူငယ်လေးတွေအကြောင်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။

လူငယ်တစ်​ယောက်ချင်းစီရဲ့ မတူညီတဲ့ဇာတ်ကြောင်းတွေ၊ အချစ်ဇာတ်လမ်းလေးတွေ ဝေဝေဆာဆာနဲ့အပြင် လူငယ်လေး​တွေ ဒီစခန်းကို ပြီးဆုံးတဲ့အထိ နေနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်နော်။

Read More 0 comments


 

 



Episodes : 16
Country : Korea
Released Date : 2015





အညွှန်း

ပြီးသွားတာ သိပ်မကြာသေးတဲ့ Our Beloved Love ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ Choi Woo Shik နဲ့
လက်ရှိပြသနေတဲ့ Ghost Doctor ထဲမှ UEE တို့ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်
၂၀၁၅ က ထွက်ရှိခဲ့တာဖြစ်ပြီး ဇာတ်ကားထဲတွင် မြန်မာအလံ ပါဝင်ခဲ့တာကြောင့်
မြန်မာပရိသတ်တွေကြားထဲ ရေပန်းစားသွားပါသေးတယ်

Choi Woo Shik ကတော့ ကြောင်တောင်တောင်ကောင်လေး
ဂန်းဟိုဂူနေရာမှာ ပါဝင်ထားပြီး ရည်းစားတစ်ခါမှ မထားဖူးဘဲ
ကိုယ့်ဘက်က အချစ်တွေ ပေးသလောက် သူ့ဘက်က သူငယ်ချင်းသာသာ
ဆက်ဆံခံရ လျစ်လျူရှုခံရပြီး အဲလိုနဲ့ ကျင်လည်နေတဲ့ ကောင်လေးတစ်ယောက်ပါ

UEE ကတော့ နိုင်ငံတကာ လက်ရွေးစင် ရေကူးအသင်းရဲ့အဖွဲ့ဝင် ဒိုဒ်ိုဟီး နေရာမှာပါဝင်ထားပါတယ်
ဒိုဒိုဟီးမှာလည်း ဂန်းဟိုဂူလို ဇာတ်ကြောင်းလေးတွေရှိပါတယ်
အမြဲတမ်း ဒုတိယဆုငွေတံဆိပ်ပဲ ‌ရနေပြီး ပထမဆုရွှေတံဆိပ်ရဖို့ စိတ်အားထက်သန်နေတဲ့သူတစ်ယောက်ပါ

ရည်းစားမရှိလို့ စိတ်ညစ်နေတဲ့ ဂန်းဟိုဂူနဲ့ ရွှေတံဆိပ်ဆုမရလို့
စိတ်ညစ်နေတဲ့ ဒိုဟီးတို့ အမှတ်မထင် ဆုံမိသောအခါ…?

2AM ရဲ့ Lim Seul long လည်း
Main lead အနေနဲ့ ပါဝင်ထားတာ
ဖြစ်လို့ ကြည့်ရတာ တကယ်တန်ပါတယ်နော်


ကဲ… နာမည်ကြီး ရေကူးသမလေး ဒိုဟီးနဲ့ ဂန်းဟိုဂူတို့ နှစ်ယောက်
ဘယ်လိုနှစ်ပါးသွားကြမလဲ



Download Link
--------------------
Episode 01 to 8 - Telegram


Read More 0 comments


 

Rating : 5.0/10
Country : India
Genre : Action, Comedy, Romance
Released Date : 2015
Duration : 2h 21min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ကိုရီးယားရုပ်ရှင် My Wife is a Gangster 3 ကို Bollywood Version နဲ့ ပြန်လည် ပုံဖော်ထားတဲ့ Singh is Bliing အက်ရှင် Comedy ရုပ်ရှင်လေးပါCast တွေအဖြစ် Akshay Kumar နဲ့ Amy Jackson တို့က ခေါင်းဆောင်နေရာက ပါဝင်ထားပါတယ်

ဒီကားထဲမှာတော့ မင်းသမီး Amy Jackson ရဲ့ အကအလှတွေ ဘီကိနီအလှတွေနဲ့အတူ ကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေကိုလည်း ရှုစားရဦးမှာပါ ဆင်း ဟာ အမြဲတမ်းပျော်ပျော်နေတတ်ပြီး တာဝန်ဝတ္တရားတွေကို ပြီးမြောက်အောင်မလုပ်တဲ့ ခပ်ပျက်ပျက် လူတစ်ယောက်ပေါ့

တစ်နေ့မှာတော့ သူ့အဖေရဲ့ ဂိုအာက သူ့သူငယ်ချင်းဆီမှာ အလုပ်လုပ်ရင်လုပ် မလုပ်ရင် မင်္ဂလာဆောင်ရမယ်ဆိုပြီး အတင်းအကြပ်ရွေးချယ်ခိုင်းမှုကြောင့် ဆင်းတစ်ယောက် ဂိုအာကို ထွက်ခဲ့ဖို့ဖြစ်လာပါတယ် အဲ့မှာ ဆာရာနဲ့ဆုံဖို့ အကြောင်းပါလာပါတော့တယ်ဆာရာကတော့ ရို​မေးနီးယားနိုင်ငံက လက်နက်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး သူမအမေကိုရှာဖို့တစ်ကြောင်း ပြိုင်ဖက်စီးပွားရေး လုပ်ငန်းရှင်ရဲ့သား မက်ခ်ရဲ့ရန်ကိုကြောက်ရတာတစ်ကြောင်းကြောင့် ဂိုအာကိုထွက်လာခဲ့ပါတယ်..ဆင်းနဲ့ ဆာရာနဲ့ တွေ့ဆုံသွားတဲ့အခါ ဘယ်လိုအလွဲတွေ ​ဖြစ်ကြဦးမလဲ..ရန်သူတွေကို ဘယ်လိုအတွဲညီညီ တိုက်ခိုက်ကြဦးမလဲဆိုတာကိုတော့ ဒီ Singh is Bliing ရုပ်ရှင်လေးမှာ ခံစားကြည့်ကြပါဦးနော်။

Read More 0 comments


 

Rating : 5.4/10
Country : United State
Genre : Comedy, Action
Released Date : 2015
Duration : 1h 36min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

 ဒီရုပ်ရှင်ဟာ ကလေးတွေကို လေ့ကျင့်ပေးပြီး လုပ်ကြံရေးသမားတွေအဖြစ်ခိုင်းတဲ့ အစိုးရလျှို့၀ှက်ကျောင်းက ဥက္ကဌ မာသားဖာ့ခ်ကာကြီးဟာ အတော်ဆုံးအေးဂျင့်လေးဖြစ်တဲ့ Bumblebee ထဲက စကီလေးကို ကွင်းဆင်းတာ၀န်ပေးရာက ကလေးဆိုတော့ အပြင်လောကကိုရောက်လာပြီးတဲ့နောက် သိချင်စိတ်များလာရာက သေချင်ယောင်ဆောင် ထွက်ပြေးသွားပြီး မွေးစားမိဘအိမ်တစ်အိမ်မှာနေရင်း အထက်တန်း ကျောင်းသူဘ၀ကို ဖြတ်သန်းရာက ဆယ်ကျော်သက်တွေ ကျောင်းမှာကြုံရတဲ့ ပြဿနာတွေကို ကြုံလာရတဲ့အပြင် သူဖမ်းထားခဲ့တဲ့လူဆိုးဖြစ်တဲ့ ဂျက်စီကာအယ်ဘာက လွတ်လာပြီး သူ့မွေးစားမိဘအိမ်ကိုပါ အန္တရာယ်ပေးဖို့ လုပ်လာတာကိုပါ တားဆီးဖို့လုပ်ရတာကို ဇာတ်အိမ်တည်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာသုံးထားတဲ့ဆယ်ကျော်သက်သဘာ၀တို့ဘာတို့ကို မက်ဆေ့ပေးမယ့် Teenage Movieလေးတစ်ကားပါ”ဇာတ်လမ်းရဲ့အညွှန်းကတော့ ဒီစာတစ်ကြောင်းပါပဲ။ အောက်ကတော့ သူ့အရသာကို ထပ်ညွှန်းထားရုံပါ။ မဖတ်လည်းရပါတယ်။ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်ကိုတော့ မှီလိုက်သေးတယ်။ အဲဒီကာလတွေမှာ Lion King တို့၊ Tom and Jerry တို့ Terminator တို့ ခေတ်စားခဲ့တာပေါ့။ ကျွန်တော်တို့ ညီအစ်ကိုတွေတော့ အဲဒီတုန်းက Lion King ကို အပိုင်ပါဝယ်ပြီး ခဏခဏပြန်ကြည့်ကြတဲ့အထိကြိုက်ခဲ့ကြတယ်။ ကာတွန်းကားလေးတွေရဲ့ ဘ၀ဖြစ်ခဲ့ခြင်းတွေပေါ့။မရှေးမနှောင်းပါပဲ။ ဘာမှတောင် သိပ်မကြာလိုက်ဘူး။ VCDခေတ်ရောက်လာတယ်။အဲဒီကာလမှာတော့ ချောင်ယွန်ဖတ်တို့ ဂျက်လီတို့ ဂျက်ကီချမ်းတို့ ကား‌တွေ ပါဝါရိန်းဂျားကားတွေ ခေတ်စားလာရော။ ဒီကာလမှာ ကျွန်တော့်ရဲ့ အမှတ်ရစရာအဖြစ်ခဲ့ဆုံးကား ကလေးဘ၀က အကြိုက်ခဲ့ဆုံးကားက Sharkboy and lavagirl ပါပဲ။အဲဒီကားက ကလေးကားလေးပဲ။ တော်တော်လည်း ပေါတယ်။ CGIတွေဆို စုတ်ပြတ်နေချက်ပဲ။ သို့ပေမဲ့ပေါ့ ကျွန်တော်တို့ရဲ့ စိတ်ကူးယဉ်တတ်တဲ့ ကလေးဘ၀မှာ သူက စိတ်ကူးယဉ်တာတွေ တကယ်ဖြစ်နိုင်ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုအခေါ် မက်ဆေ့ပေးသွားတယ်ပေါ့။ စိတ်ကူးယဉ်တာကို အားပေးထားတဲ့ ဒီကားကို စိတ်ကူးယဉ်တတ်တဲ့ကျွန်တော်က ဆိုင်ကိုပါ ပျောက်သွားတယ်ပြော ပြန်မအပ်ဘဲ ‌၂ထောင်လောက်လျော်ပြီး သိမ်းထားပြီး အကြိမ်ရေ ရေမရလောက်အောက်ကို ကြည့်ခဲ့ဖူးတယ်။ နောက်သဘောကျဖူးတဲ့ကားကတော့ ဘရေဒန် ဖရေဆာပါတဲ့ Bugs Bunny ရုပ်ရှင်တို့ ဂျင်ကာရေးရဲ့ A Series Of An Unfortunate Events တို့ပေါ့။ စိတ်ကူးယဉ်ဆန်ဆန် ကလေးကားတွေဟာလည်း ကျွန်တော်တို့အတွက် ဘ၀တစ်ခု ဖြစ်ဖူးကြမှာပါပဲ။

ဒီရုပ်ရှင်ကလည်း ထိုနည်း၎င်း ကလေးတွေကို ဦးတည် တားဂတ်ထားထားတဲ့ ကလေးကားလေးပါပဲ။ ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေလို Vibeမျိုးပေးတယ်။ Teenage တွေဖြစ်တတ်တဲ့ ပြဿနာတွေကို Teenage သရုပ်ဆောင်တွေနဲ့ရိုက်ပြပြီး Teenageတွေအတွက် မက်ဆေ့တွေ ပေးသွားခဲ့တယ်။ ငယ်ငယ်က ကလေးကားလေးတွေနဲ့ ဒီရုပ်ရှင်ဟာ အရသာတူပေမဲ့ ဒီထဲက castတွေကတော့ လက်ရှိနာမည်ကြီး cast တွေပါပဲ။ Hawkeyeထဲ ကိတ်ဘစ်ရှော့ အဖြစ်ပါပြီး Bumblebeeတို့ Pitch Perfect တို့နဲ့ နာမည်ကြီးခဲ့တဲ့ Into the Spider-verseမှာ ဂွမ်စတေစီအဖြစ် အသံသရုပ်ဆောင်ထားတဲ့ Hailee Steinfeld။ ငယ်ဘ၀က ခွက်ရှ် ခုထိခွက်ရှ် ဂျက်စီကာအယ်ဘာ။ မားသားဖာ့ခ်ကာကြီး ဆင်မြူရယ်… သူလုံး၀မဆဲထားပါဘူး။ GOTရဲ့ ဆိုဖီ တန်နာတို့တွေပေါ့။ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ဖူးတဲ့ တစ်ချို့ teenage ရုပ်ရှင်တွေဟာ ဒီဘက်ခေတ်ပြန်ကြည့်ရင် ပေါတောနေမှာပါ။ သို့ပေမဲ့ ကျွန်တော်တို့ ငယ်ဘ၀ရဲ့ ရုပ်ရှင်တွေအ‌ကြောင်းပြောကြရင် ဒီရုပ်ရှင်တွေဟာ မပါမဖြစ်ပါပဲ။ ဒီရုပ်ရှင်တွေကနေ တစ်စုံတရာသော ခံစားမှုကိုရခဲ့ဖူးတာကိုလည်း ပြန်တွေးတိုင်း အမှတ်ရနေဦးမှာပါ။ ငယ်ဘ၀ရဲ့ အမှတ်တရတွေအဖြစ် သူတို့က ထင်ကျန်နေဦးမှာပါပဲ။ တစ်ချို့teenageရုပ်ရှင်‌တွေက‌တော့ ပြန်ကြည့်လည်း အကြည့်ခံပါတယ်။ အကြည့်မခံလောက်ဘူးလို့ ယူဆရပြီး ကိုယ့်အတွက် အရေးပါတဲ့ရုပ်ရှင်ဖြစ်ခဲ့ဖူးတဲ့ teenage ရုပ်ရှင်တွေကိုတော့ ပြန်မကြည့်တာ အကောင်းဆုံးပါပဲ။ ကျွန်တော့်အတွက်ဆို Sharkboy and Lavagirl ရုပ်ရှင်ပေါ့။ ရည်းစားဟောင်းကို ရာဇ၀င်ထဲထားခဲ့ကြသလို အဲဒီရုပ်ရှင်တွေကိုလည်း ငယ်ဘ၀မှာသာ ထားခဲ့ကြပါ။ ဒါဆိုသတိရတဲ့အခါမှာ အမှတ်တရအဖြစ်ကျန်နေဦးမှာပါပဲ။ အဲဒီအစား ဒီရုပ်ရှင်ကိုပဲ အစားထိုး အာသီသပြေကြည့်လိုက်ပါ။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ငယ်ငယ်က Teenage ရုပ်ရှင်တွေရဲ့ အရသာမျိူးကို ဒီဘက်ခေတ်အနေနဲ့ ပေးစွမ်းနိုင်မယ့် Teenage Movieတစ်ကားပါပဲ။

Read More 0 comments


 

Rating : 5.8/10
Country : United State
Genre : Action, Adventure, Crime
Released Date : 2000
Duration : 1h 44min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ရူဒီဒွန်ကန်နဲ့ နစ်ခ်ဟာ တစ်ခန်းတည်း အတူကျနေသလို လွတ်ရက်ကလဲ နှစ်ရက်လောက်ပဲလိုတော့တဲ့ အခန်းဖော် အကျဉ်းသား

သူငယ်ချင်းနှစ်ယောက်ပါ။ ထောင်ကနေလွတ်တဲ့အခါ ရူဒီက မွေးရပ်မြေကိုပြန်ပြီး သူ့အဖေနဲ့ ဘောလုံးပွဲကြည့် ခရစ်စမတ် ညစာစားဖို့

စိတ်ကူးယဉ်သလို နစ်ခ်ကလဲ သူနဲ့ လူချင်းမတွေ့ဖူးပဲ စာတွေနဲ့ပဲ ရင်းနှီးနေတဲ့ မိန်းမလှလေး အက်ရှ်လေနဲ့ တွေ့ဆုံ ဘဝခရီးဆက်ဖို့ မျှော်လင့်ထားပါတယ်။

သူ့အခန်းနံရံတွေပေါ်မှာလဲ အက်ရှ်လေ ပုံတွေချည်းပါပဲ။

တကယ်တမ်းထောင်ကလွတ်ဖို့ ရက်ပိုင်းအလိုမှာတော့ ထောင်တွင်းအကြမ်းဖက်မှုတစ်ခုမှာ ရူဒီကိုယ်စားဝင်ခံရင်း နစ်ခ် အသက်ဆုံးရှုံးခဲ့ရတယ်။

ရူဒီ ထောင်ကအထွက် နစ်ခ်ကိုလာကြိုနေတဲ့ အက်ရှ်လေ အလှမှာ မိန်းမောရာကနေ နစ်ခ်အယောင်ဆောင်ဝင်ရောမိပါတော့တယ်။

သူ ပျော်ရွှင်နေသေးလို့မဝခင်မှာပဲ လက်နက်ကိုင် လူတစ်စုက သူတို့တည်းခိုတဲ့အခန်းကို ဝင်စီးပြီး သူနဲ့အက်ရှ်လေကို ဖမ်းခေါ်သွားတဲ့အချိန်ကျမှ သိလိုက်ရတာက

နစ်ခ်နဲ့ အက်ရှ်လေဟာ ထောင်ကလွတ်ရင် နစ်ခ် အရင်က အလုပ်လုပ်ဖူးတဲ့

ကတ်စီနို တစ်ခုကို ဝင်စီးဖို့ တိုင်ပင်ထားတယ်။

သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ အက်ရှ်လေ အစ်ကို

ဖြစ်ပြီး ကတ်စီနိုကို ဝင်စီးတဲ့အခါကျရင် အဲ့ဒီနေရာကိုရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်တဲ့ နစ်ခ်က ဦးဆောင်ဖို့ သဘောတူထားတယ်ဆိုတာပါ။

အဲ့ဒီအချိန်ကျမှ သူဟာ နစ်ခ်မဟုတ်ကြောင်း ဖွင့်ပြောပေမယ့် နောက်ကျသွားပါပြီ။

သူ့အသက်ကို ငဲ့ကွက်ရင်း နစ်ခ်အဖြစ်

ဆက်ဟန်ဆောင်နေလိုက်ရပေမယ့် တကယ်တမ်း သူမရောက်ဖူးတဲ့နေရာတစ်ခုကို ဝင်လုယက်ဖို့ သူ ဘယ်လိုလမ်းပြမလဲ?

သူကိုယ်တိုင်အတွေ့အကြုံမရှိတဲ့ လုယက်မှုကို ကျူးလွန်ဖို့ ဘယ်လိုဦးဆောင်မလဲ?

နည်းနည်းလေးဆက်ပြောရင်တောင် spoiler ဖြစ်သွားရလောက်အောင်

လှည့်ကွက်တွေအပြည့်နဲ့ဇာတ်လမ်းပါ။

ရူဒီတစ်ဖြစ်လဲ နစ်ခ်အဖြစ် ပရိသတ်အချစ်တော် Ben Affleck က သရုပ်ဆောင်ထားပြီး

မိန်းမလှလေး အက်ရှ်လေအဖြစ် မမကြီး Charlize Theron ကဦးဆောင်ပါဝင်ထားပါတယ်။

Mad Max: Fury Road (2015) ထဲမှာကြမ်းကြမ်းတမ်းတမ်းပုံစံနဲ့ပါဝင်ထားတဲ့ Charlize Theron ကို

ဒီကားထဲမှာ မမှတ်မိနိုင်စရာ နုနုငယ်ငယ် ကောင်မလေးတစ်ယောက်အဖြစ်တွေ့ရပါလိမ့်မယ်။

Read More 0 comments


 

Rating : 6.2/10
Country : United State
Genre : Action, Drama, History
Released Date : 2015
Duration : 1h 55min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

I just watched this film and, honestly, I find the single review posted here to be wholly ludicrous - one star indeed. There's a sizable group of talented actors and actresses in this film that give some very respectable performances. If fighting scenes are all you look for in a film like this then yes, it might feel boring to you. But for most others you'll find a well executed story that portrays honor in a time when honor was everything. Production was accurate, continuity is good, and the story keeps you interested. It's not, by any means, a fresh story line - but there's a reason it's an old standard. Casting was well done, and Clive Owen, as always, does not disappoint. In fact, the entire cast did a commendable job and that can not be said for the majority of contemporary films. So, to wrap up; if you're strictly an "action" viewer, you may not enjoy this movie. But if you enjoy a good story that isn't entirely predictable, you might just enjoy this film

Read More 0 comments


 

Rating : 5.4/10
Country : United State
Genre : Biography, Crime, Drama
Released Date : 2015
Duration : 1h 51min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်‌ကားလေးတစ်ကားတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကတော့ ၁၉၉၀ ခုနှစ်များမှာ ဆိုးသွမ်းခဲ့တဲ့ ဗြိတိန်လူမိုက်ကြီး ကာလ်တန်လိခ်ျရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်


ကာလ်တန်လိခ်ျဟာ ငယ်စဉ်ကတည်းက ဘောလုံးပွဲစဉ်တွေမှာ အမာခံပရိတ်သတ်အဖြစ်အားပေးခဲ့သူဖြစ်ပြီး ပွဲစဉ်တိုင်းမှာလည်း ရန်ပွဲတိုင်းလိုလိုမှာ လက်ရဲဇက်ရဲနိုင်တဲ့လူငယ်တစ်ဦးပါ သူဟာ ဒေါသကြီးသူပီပီ စိတ်မြန်လက်မြန်ဖြေရှင်းတတ်သူဖြစ်ပါ‌တယ်


အဲ့ဒီလိုနဲ့ပဲ ကာလ်တန်ဟာ ‌သာမန်လက်ရဲဇက်ရဲဘဝကနေ နိုက်ကလပ်တွေမှာ လုံခြုံရေးအဖြစ်လုပ်ကိုင်ရင်း သူ့ဘဝအလှည့်အပြောင်းကြီးကိုကြုံရပါတော့တယ် အစမှာ ဒေါသကြီးတဲ့နိုက်ကလပ်လုံခြုံရေးဘဝကနေ တဖြည်းဖြည်းနဲ့ နိုင်ငံရဲ့အကြီးမားဆုံးမူးယစ်ဆေးအရောင်းအဝယ်သမားအဖြစ် ပြောင်းလဲသွားရပါတော့တယ်


သူဟာ သူ့သူငယ်ချင်းတိုနီနဲ့အတူ ရာဇဝတ်မှုတွေ မူးယစ်ဆေးကိစ္စတွေလုပ်ကိုင်ကျူးလွန်ရင်း တစ်နေ့မှာတော့ သူ့သူငယ်ချင်းတိုနီ့ဆီကို မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကြုံရပါတော့တယ် အဲ့အဖြစ်အပျက်ကဘာလဲ ကာလ်တန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကိုရော ပရိတ်သတ်ကြီးက ဇာတ်ကားထဲမှာ ကြည့်ရှုပေးကြပါဦး


Action-Crime ဇာတ်ကားဖြစ်တာနဲ့အညီ တိုက်ခန်းခိုက်ခန်းတွေ သွေးထွက်သံယိုတွေပါတဲ့အပြင် တချို့သောဇာတ်ဝင်ခန်းတွေပါတာကြောင့်မလို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ

Read More 0 comments


 

Rating : 6.5/10
Country : Korea
Genre : Biography
Released Date : 2015
Duration : 1h 49min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

မင်းသားကြီး ရူဆင်းရုန်းနဲ့ ဆူဇီ ပါဝင်သရုပ်ဆောင်ထားတဲ့ TSOAF

ဂျိုဆွန်းခေတ်မှာ သီချင်းတောင်ဆိုခွင့်မရှိတဲ့

အမျိုးသမီးတွေရဲ့ အနှိမ်ခံဘဝကို ပေါ်လွင်အောင်ရိုက်ကူးထားပါတယ်

ဂျင်ချယ်ဆောင်းဆိုတဲ့ အမျိုးသမီးငယ်လေးက

အစဉ်အလာတွေ ဖိနှိပ်မှုတွေကနေ ဘယ်လိုရုန်းထွက်မလဲ

ကိုရီးယားခေတ်ဟောင်းရဲ့ လှပတဲ့ သီချင်းလေးတွေကို ခံစားရင်းနဲ့

ဦးနဲ့သမီးအချစ်ဇာတ်လမ်းလေးကဘယ်လိုဖြစ်မလဲဆိုတာစိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်

Read More 0 comments


 

Rating : 6.6/10
Country : United State
Genre : Drama, Comedy, Fantasy, Horror
Released Date : 2015
Duration : 1h 31min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားဟာ 2015 ခုနှစ်ထွက် Horror/Comedy အမျိုးအစားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့

မက်စ်နဲ့ အမန်ဒါဟာ နှစ်ယောက်တစ်ဘ၀ရုန်းကန်နေကြတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုလေးပေါ့။

မက်စ်ရဲ့အမေ အမန်ဒါဟာ ငယ်စဉ်တုန်းက Horror ရုပ်ရှင်တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။

မမျှော်လင့်ပဲ သူကြိုးစားနေတဲ့လမ်းခုလတ်မှာတင် ကားမတော်တဆမှုမှာ အမန်ဒါသေဆုံးသွားပြီးနောက် မက်စ်တစ်ယောက်ဟာ သူ့အမေကို အမြဲသတိရ‌နေခဲ့ပါတယ်။နှစ်တွေအကြာ တစ်ရက်မှာအကြောင်းအမျိုးမျိုးကြောင့် မက်စ်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အမန်ဒါသရုပ်ဆောင်ခဲ့တဲ့ Horror ရုပ်ရှင်ကို သွားကြည့်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ဒီလိုနဲ့ မက်စ်နဲ့ သူ့သူငယ်ချင်းတစ်သိုက် မမျှော်လင့်ပဲ အဲ့ဒီရုပ်ရှင်ထဲကို ရောက်ရှိသွားတဲ့အခါမှာတော့…

သူတို့အုပ်စု ရုပ်ရှင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြ‌ပုံတွေကို

သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Read More 0 comments


 

Rating : 7.7/10
Country : United State
Genre : Drama, Comedy, Romance
Released Date : 2015
Duration : 1h 56min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

A Man Called Ove ဆိုတာ ဆွီဒင် ကွန်မြူနစ် စာရေးဆရာ နဲ့ ဘလော့ဂါ တစ်ဦးဖြစ်တဲ့ Fredrick Backman ရဲ့ 2012 ထွက် စာအုပ်တစ်အုပ်ပါ ဒီစာအုပ်ကို 2015 မှာ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

စာအုပ်ရော ရုပ်ရှင်ပါ Rating ‌တွေက ရှေ့ပြေးခဲ့တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ခေါင်းစဉ်လေးအတိုင်း အူဗာ ဆိုတဲ့ လူကြီးတစ်ယောက် အကြောင်းပေါ့…

ဒီလူကြီးဟာ သူ့ရဲ့ ဇနီးမယား ဆွန်ညာ သေဆုံးသွားပြီးတဲ့နောက် ဘ၀ကြီးကို လက်လျှော့ အရှုံးပေးလိုက်တဲ့လူ၊ ဆွန်ညာမရှိတော့တဲ့နောက် သူဟာ အလွန်စိတ်တိုတတ်တဲ့ အဘိုးကြီး ဖြစ်လာတယ်။ ရပ်ကွက်ထဲမှာလည်း လူတိုင်းက သူ့ကို လူထူးလူဆန်း လူ့ဂွစာကြီးလို့ သတ်မှတ်ထားကြတယ်။

ဒီလိုနဲ့ လက်လျှော့ အရှုံးပေးတော့မယ့် သူ့ဘ၀ကြီးထဲကို အိမ်နီးနားချင်းအသစ်‌တွေ ရောက်လာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့တယ်။ပျော်ရွှင်‌နေကျလူတစ်ယောက် ဘ၀ကို လက်လျှော့အရှုံးပေးပြီး လောကကြီးကို ထွက်ခွာနှုတ်ဆက်မယ့်အကြောင်းကို ခင်ဗျားတို့ ကြည့်ဖူးရင် ကြည့်ဖူးလိမ့်မယ်။

ဒါပေမယ့် သတ်သေမယ့်လူတစ်ယောက်ရဲ့ စိတ်တွေ ပြန်ပြီး အသက်၀င်လာမယ့်အကြောင်းကိုကြည့်ရမယ်ဆိုရင်ရော?

ဒီဇာတ်လမ်းလေးထဲက အူဗာနေရာမှာ ခံစားကြည့်ရှုလိုက်ကြပါစို့ရဲ့…

Read More 0 comments


 

Rating : 6.3/10
Country : Korea
Genre : Drama, Action, Crime
Released Date : 2015
Duration : 2h 15min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

လှုပ်လှုပ်ရှားရှား မှုခင်းရုပ်ရှင်ဖြစ်တဲ့ Gangnam Blues (Gangnam 1970) ကို ဒါရိုက်တာ ယိုဟ က ရိုက်ကူးပြီး မြန်မာပရိသတ် တော်တော်များများ သဘောကျကြတဲ့ မင်းသား လီမင်ဟိုနဲ့ Love Story in Harvard (တစ်ခါတုန်းက တက္က သိုလ်)မှာ ပါဝင် ခဲ့တဲ့ ဇာတ်ဆောင်မင်းသား ကင်ရေးဝန်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Gangnam Blues ဟာ ၁၉၇၀ ခုနှစ်အလွန် ဝရုန်းသုန်းကားဖြစ်နေတဲ့ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေကြားထဲကနေ ဆိုးလ်မြို့ရဲ့ ဂန်းနမ်စီရင်စုက အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်လာပုံကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ပါ။ ဒီထဲမှာနိုင်ငံရေး သြဇာအာဏာနဲ့ ရာဇဝတ်မှု ကျူးလွန်ကြတဲ့ အဖွဲ့အစည်းတွေကြားထဲက လွန်ဆွဲပွဲတွေရယ်၊ လိမ်လည်မှုတွေရယ်ကြောင့် ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက ပေါင်းသင်းခင်မင်လာတဲ့  သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို စမ်းသပ်ခံရတဲ့အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်။

၁၉၇၀ ခုနှစ်ဝန်းကျင် နိုင်ငံရေးပိုင်းမှာခြစားမှုတွေ အထွတ်အထိပ် ရောက်နေတဲ့ ကာလအတွင်းမှာ ဆိုးလ်တောင်ပိုင်းက ဂန်းနမ်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ ဧရိယာအဖြစ် စပြီး ပြောင်းလဲနေခဲ့ပြီ။ ငယ်သူငယ်ချင်းတွေဖြစ် ကြတဲ့ ဂျောင်ဒေး နဲ့ ရောင်းကီတို့ဟာ မြို့စွန်ရပ်ကွက်မှာရှိတဲ့ သူတို့ အိမ်လေးကို လူမိုက်တွေ ဖြိုချလိုက်တဲ့အတွက် ပြန်ပြီးနေရာရဖို့ အသည်းအသန် လုံးပမ်းနေရတယ်။ သူတို့နှစ်ယောက်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူကြီးပျင်းလာခဲ့ကြတဲ့ သူတွေ။ ဂေဟာက ထွက်လာပြီးတော့လည်း စက္ကူတွေ၊ ပုလင်းခွံတွေကို ကောက်ပြီး အသက်မွေးကြရင်းနဲ့ ဘဝကို အတူရုန်းကန်ခဲ့ကြတယ်။

ငွေအတွက်ဆိုရင် ဘာမဆို လုပ်တတ်ကြတဲ့ သူတို့ဟာ ထိတ်လန့်ဖွယ်ရာ နိုင်ငံရေး ပဋိပက္ခတွေ မှာ ပါဝင်ခဲ့ကြပြီး အဖွဲ့တစ်ခုနဲ့တစ်ခု ထိပ်တိုက် တွေ့ကာ ပစ်ခတ်ကြတဲ့အချိန်မှာ ကွဲကွာသွားခဲ့ကြတယ်။ သုံးနှစ်ကြာပြီးတဲ့နောက် ဂျောင်ဒေး ဟာ အရင်က ဂိုဏ်းစတားတစ်ဦးဖြစ်ခဲ့တဲ့ ကီလ်ဆုနဲ့ အတူ နေထိုင်နေတယ်။ ရောင်းဂီကတော့ ဆိုးလ်ရဲ့ သြဇာအကြီးဆုံး ရာဇဝတ်ဂိုဏ်းတစ်ခြုဖစ်တဲ့ Myepngdong-pa ထဲကို ရောက်သွားတယ်။ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ သူဟာ လျှို့ဝှက် သမ္မတရွေးကောက်ပွဲ ရန်ပုံငွေဆိုတဲ့ ခေါင်းစဉ်အောက်က နေပြီး မြို့ရဲ့ မြေယာတန်ကြေး မြင့်တက်လာစေဖို့အတွက် သေမြေကြီး ရှင်ရွှေထီး စွန့်စားရတဲ့ ဂန်းနမ်က မြေယာအရှုပ်အရှင်း ကိစ္စတွေမှာ ပါဝင် ပတ်သက်နေရတယ်။ လူဆိုးဂိုဏ်းတွေက မြေယာပေါင်းများစွာကိုရရှိဖို့ တိုက်ခိုက်ကြတဲ့အခါ ရောင်းကီအဖမ်းခံရပြီး ပြိုင်ဖက်ဂိုဏ်းတစ်ခုရဲ့ စစ်ဆေး မေးမြန်းမှုကို ခံရတယ်။ ရောင်းကီအဖမ်းခံရပြီးတဲ့ နောက်ဘာတွေဆက်ဖြစ်မယ်၊ ဂျောင်ဒေးနဲ့ ဘယ်လိုပြန် ပြီး ဆက်စပ်သွားမယ်၊ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုပုံမျိုးနဲ့ အစမ်းသပ်ခံရမယ် ဆိုတာတွေက စိတ်ဝင်စားစရာပါပဲ။

Gangnam Blues ဟာ ထုတ်လုပ်ခဲ့သမျှ ကိုရီးယားရုပ်ရှင်တွေထဲမှာ ဖန်တီးထားပုံ အလှဆုံး နဲ့ အလတ်ဆတ်ဆုံးဖြစ်တယ်ဆိုပြီး ဝေဖန်ထား ကြသလို ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုက ဘာမှသိပ်မထူးခြားတဲ့အပြင် တည်းဖြတ်မှု အပိုင်း မှာလည်း ရှုပ်ယှက်ခတ်နေတယ်ဆိုပြီး ပြောထား တာကိုလည်း တွေ့ရပါတယ်။ လီမင်ဟိုရဲ့ သွေးအေး တဲ့ ဂိုဏ်းစတားတစ်ယောက်ရဲ့ ဟန်ပန်က အဆင် ပြေပေမယ့် ကင်ရေးဝမ်ရဲ့ သရုပ်ဆောင်မှုကအနည်းငယ် ပေါ့ပျက်ပျက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ ကင်ရေးဝမ်ဟာ ဒီရုပ်ရှင်ထဲမှာ ဂိုဏ်းစတားတစ်ယောက်အဖြစ် ပါဝင်ဖို့အတွက် တစ်လအတွင်းမှာ ကိုယ်အလေးချိန် ၁၅ ကီလိုကျအောင် ကြိုးစားထားခဲ့တယ်ဆိုတော့ သူရဲ့ အားထုတ်မှုကို အသိအမှတ်တော့ ပြုရမှာဖြစ်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ၁၉၇၀ ရဲ့ နောက်ခံအခင်းအကျင်း တွေကို သိခွင့်ရမယ့် Gangnam Blues ဟာ ၁၃၅ မိနစ်သာ ကြာမြင့်လို့ စောင့်ကြည့်သင့်တဲ့ ဇာတ်ကားအဖြစ် ဖော်ပြလိုက်ရပါတယ်။

Read More 0 comments


 

Rating : 7.8/10
Country : United State
Genre : Drama, Crime, Mystery
Released Date : 2015
Duration : 2h 48min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ကဲဒီတစ်ခါတော့ ၂၀၁၅ ခုနှစ်ထွွက် ဘဝင်မကျစရာဇာတ်ကားလေး တကားနဲ့ မိတ်ဆက်ပေးပါ့မယ်ဇာတ်ကားလေး ကတော့ ရုန်းကန်လှုပ်ရှားမှုတွေမိမိ အသက်ရှင်ဖို့အတွက် ရက်စက်မှုတွေကို ပြထားတော့

တော်တော် တော့ ရင်မောဖို့ကောင်းတယ် ဗျ တခုရှိတာက မင်းသားတွေက နာမည်ကြီးတွေမို့ Rating မြင့်တာလား ဆိုတော့ဇာတ်လမ်း ကလည်း မဆိုးဘူးပြောရမှာဗျ 

Read More 0 comments


 

Rating : 5.4/10
Country : United State
Genre : Action, Adventure
Released Date : 2014
Duration : 1h 50min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

2015 ခု နှစ်ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကား အမိုက်စား ဖြစ်ပါတယ်…ဒါရိုက်တာ Jalmari Helander က

ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating 5.4 ရရှိထားပါတယ်…Rotten Tomatoes က တော့ 78% ရရှိထားတာကို တွေ့မြင်ရမှာပါအမေရိကန်တွေအနေနဲ့လည်း သမ္မတ ကို ပဲဇာတ်လမ်းတည်ပြီးရိုက်ရတာသိပ်အားရနေကြလားတော့

မသိဘူး..White House Down တို့ olympus has fallen တုန်းကလည်း အိမ်ဖြူတော်ကို စိစိညက်

ညက်ကြေနေအောင်ရိုက်ပြထားခဲ့ပြီးပြီ..အခုလည်း ဒီဇာတ်လမ်းမှာ သမ္မတ ကို လိုက်လံလုပ်ကြံ

သတ်ဖြတ်တဲ့ ဇာတ်ကြောင်းနဲ့ ရိုက်ပြထားပါတယ်..အကောင်းမွန်ဆုံးရိုက်ပြထားခြင်းဖြစ်ပါတယ်.

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ Campsite နားလေးမှာ သမ္မတ လေယာဉ်ဟာပစ်ချ

ခံလိုက်ရပါတယ်..အဲ့မှာ ကောင်လေးက သမ္မတကြီးကို ကယ်ဆယ်ပြီးတဲ့နောက်မှာတော့..

ထပ်ပြီးလိုက်လာတဲ့ လိုက်လံသတ်ဖြတ်တဲ့သူတွေလက်က 2ယောက်လုံးလွတ်အောင်ပြေးရပါတော့တယ်စိတ်ဝင်စားမှုအရှိန်အဟုန်ကောင်းကောင်းနဲ့ အက်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက်တော့

ကြည့်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ကြောင်းအသိပေးလိုက်ပါတယ်

Read More 0 comments


 

 

Rating : 4.6/10
Country : Philippines
Genre : Action, Crime, Horror
Released Date : 2015
Duration : 1h 30min


Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)
 

အညွှန်း

၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ မာရီယာအိုဇာဝါရဲ့ဖိလစ်ပိုင် Action/Horror ဇာတ်ကြမ်းကားလေးပါ…
နည်းနည်းတွေဝေသွားတယ်မလား… ဒီနာမည်က ငါသိတဲ့နာမည်လားဆိုရင်တော့ ဟုတ်ပါတယ် …
ဂျပန်အပြာရုပ်ရှင်လောကရဲ့‌နာမည်ကြီးမင်းသမီးချော မာရီယာအိုဇာဝါကိုယ်တိုင်ပါပဲ…
သူနဲ့ ဖိလစ်ပိုင်ကသရုပ်ဆောင်တွေနဲ့တွဲရိုက်ထားတဲ့ ဇာတ်ကားပါ…။

အမှုထမ်းစရာ သခင်ရှိတဲ့အခါ ဆာမူရိုင်းလို့ခေါ်ပြီးတော့
အမှုထမ်းစရာ သခင်မရှိတော့တဲ့အခါ ရိုနင်လို့ခေါ်တာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။
ဆာမူရိုင်းတွေဟာ အမြဲလိုလိုဓားတိုတစ်လက် အရှည်တစ်လက်ဆောင်ရပြီးတော့
အမြဲဝတ်စုံပြည့်နဲ့နေရလေ့ရှိပေမဲ့ ရိုနင်တွေကတော့ အမှုထမ်းစရာ သခင်မရှိ‌တော့တဲ့အတွက်
ဓားရှည်တစ်ချောင်းနဲ့လွတ်လွတ်လပ်လပ် အရပ်သားအသွင်ယူပြီးလှုပ်ရှားသွားလာလေ့ရှိတယ်‌ပေါ့ဗျာ

အဲဒီဆာမူရိုင်းတွေရော ရိုနင်တွေရော ခေတ်အဆက်ဆက်လက်ဆင့်ကမ်းပြီးစောင့်ရှောက်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ရှိတယ်…
မမြင်နိုင်တဲ့စွမ်းအားတချို့နဲ့လဲ ဆက်နွယ်နေသေးတယ်..
အဲ့ဒီစာအုပ်နဲ့ ဖိလစ်ပိုင်က စုံထောက်ကြီးနဲ့ ဘယ်လိုပက်သက်သွားမှာလဲ၊
အဘိုးဖြစ်သူရဲ့ဂိုဏ်းကိုဦးစီးနေတဲ့ မီရူကိတစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့မာရီယာအိုဇာဝါကြီးကရော
ဘယ်လိုနေရာကနေပါဝင်လာမလဲဆိုတာ…။

ထူးဆန်းတဲ့ပရလောကအကြောင်းကို ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ တင်ဆက်ထားတာမို့
ကြည့်လို့မိုက်နေမယ်ဆိုတာ ညွှန်းဆိုလိုပါတယ်

 

Read More 0 comments


 

Rating : 6.2/10
Country : United State
Genre : Drama, Crime, Mystery
Released Date : 2015
Duration : 1h 53min

အညွှန်း

လျှို့ဝှက်ဆန်းကျယ်မှုခင်း ရုပ်ရှင်သဘောကျတတ်တဲ့ ပရိတ်သတ်တွေအတွက် နာမည်ကြီး Gone Girl (2014) ရဲ့စာရေးဆရာ Gillian Flynn ရဲ့ ရောင်းအားကောင်းတဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ Dark Places (2015) ဆိုတဲ့

ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ လစ်ဘီဆိုတဲ့ ၈ နှစ်အရွယ်ကောင်မလေးဟာ သူ့မိသားစုသတ်ဖြတ်ခံရရာမှာ မသေဘဲလွတ်မြောက်ခဲ့ပါတယ်။ ကလေးမလေးရဲ့ ပြန်လည်ပြောပြချက်အရ လူသတ်မှုကို ကျူးလွန်သူမှာ သူမရဲ့အစ်ကို ဘန် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။အဲလိုနဲ့ဘန်ဟာ ထောင်ကျသွားပြီး လစ်ဘီကတော့ နာမည်ကြီးလူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ ကောင်မလေးအဖြစ် နာမည်ကြီးသွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ နောက်နှစ် ၃၀ ကြာတဲ့အခါ လစ်ဘီဟာ အဲဒီအမှုကို ပြန်စုံစမ်းဖော်ထုတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီတစ်ခါရော သူကလေးဘဝက ထင်ခဲ့သလိုပဲ သူ့အစ်ကို ဘန် က အပြစ်ရှိတဲ့လူဖြစ်တယ်လို့ ရှာတွေ့မှာလား? ဒါမှမဟုတ် နှစ် ၃၀လောက် အပြစ်မရှိတဲ့လူတစ်ယောက်ကို ထောင်ကျအောင် သူလုပ်ခဲ့တာလား?ဒီကားထဲက cast တွေကတော့ တကယ်ကို နာမည်ကြီးတွေချည်းပဲ ဖြစ်တဲ့အပြင် ဇာတ်ညွှန်းလည်းကောင်းတာကြောင့် မှုခင်းရုပ်ရှင်ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားလို့ ပြောပါရစေ။

Read More 0 comments


 

Rating : 6.7/10
Country : India
Genre : Drama, Romance
Released Date : 2015
Duration : 2h 9min

အညွှန်း

ဗာဆူဒါး…

“ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့

သစ်ရွက်ခြောက်တွေမရှိရင်

အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး”

“စန္ဒာလမင်းမှာတောင် ချိုင့်ခွက်လေးတွေရှိတယ်”

 

အာရဗ်…
“မင်းရဲ့နာကျင်မှုကို အလဲအလှယ်လုပ်တဲ့အနေနဲ့

လောကကြီးက ပျော်ရွှင်မှုတွေအားလုံး ငါမင်းကိုပေးချင်တယ်”

 

ဟရီ…
“ဒီခန္ဓာကိုယ်ကို ငါပိုင်တယ်”

“ဒီအသက်ရှူသံတွေကို ငါပိုင်တယ်”

−−−−−−−−−−−−−−−−−−−−−−−−−−−−−−

အိန္ဒိယလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရိုးရာဓလေ့ဆို တသွေမသိမ်းလိုက်နာပြီး မိဘစကားဆို မြေ၀ယ်မကျနားထောင်တတ်တဲ့

မိန်းမ‌ပျိုလေးတွေဟာ အိမ်ထောင်ရက်သားကျချိန်မှာလဲ . လင်ယောကျာ်းကိုဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ

ဘုရားလိုကိုးကွယ်တက်လာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိမ်မွေတဲ့ မိန်းမပျိုလေးတွေရဲ့ အနာဂတ်ဟာ လင်ယောကျာ်းအပေါ်

သာ မှီခိုနေတာပဲဖြစ်ပြီး လင်ယောကျာ်းက  လင်၀တ္တရားကြေပွန်မှု မရှိတဲ့အခါ သူတို့ရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ်လာတာပေါ့။

ဒီဇာတ်လမ်းလေးက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ အရှက်အကြောက်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ လွန်ဆွဲရင်း ဖြစ်ပေါ်လာတဲ့

အကျိုးဆက်လေးတွေကို အနုပညာဆန်ဆန် တင်ဆက်ပေးထားတာပါ….ဒီဇာတ်လမ်းရဲ့ သဘောလေးကိုက မိန်းကလေးတွေအဖို့

ပညာယူစရာအတော်များသလို တချိန်မှာအိမ်ထောင်ဦးစီးဖြစ်လာမယ့် ယောက်ျားသားတို့အနေနဲ့လဲ ပညာရစေမှာမို့ တင်ဆက်

ပေးလိုက်ပါတယ်။

 

 

Read More 0 comments


 

 

Rating : 4.2/10
Country : India
Genre : Action, Comedy, Crime
Released Date : 2015
Duration : 2h 32min

အညွှန်း

Action, Comedy, Crime အမျိုးအစား Bollywood ဇာတ်ကားပါ။
မင်းသားကြီး John Abraham နဲ့ မင်းသမီးချော Shruti Haasan တို့ အဓိကပါဝင်ထားပါတယ်။
Bollywood ရဲ့ Comedy ဇာတ်ကား ပေါ့ပေါ့ပါးပါးလေးတွေကို ကြိုက်တတ်ရင် ဒီဇာတ်ကားကို
ကြည့်လို့အဆင်ပြေမှာပါ။

Read More 0 comments


 

 

Rating : 3.3/10
Country : India
Genre : Drama, Action, Mystery
Released Date : 2015
Duration : 2h 16min

အညွှန်း

အိန္ဒိယအက်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက်

ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါ။

ရုပ်ရှင် ဒါရိုက်တာ ကာဘီ ဟာ သူခိုးဓါးပြတွေရဲ့

အကြောင်းကို အခြေခံထားတဲ့ Gun Triology ဆိုတဲ့

အခန်းဆက်ရုပ်ရှင်အများအပြားရိုက်ကူးပါတယ်။သူ့ရဲ့ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေအကုန်လုံးဟာ

လည်း အောင်မြင်ကြတာချည်းပါပဲ။သူ့ရဲ့ ရုပ်ရှင် ၃ပိုင်းမြောက်ကို ရိုက်ကူးဖို့ မလေးရှားကို

သွားတဲ့အခါမှာ လန်ဒန်က ဒါရိုက်တာမလေး အေးရှာ နဲ့တွေ့ဆုံမိပါတယ်။

ကာဘီနဲ့ အေးရှာ လဲ ခင်မင်သွားပြီး မကြာခင် ချစ်သူတွေဖြစ်သွားကြတယ်

။အေးရှာက ကာဘီရဲ့ သဘောထားတွေကို သိလာတဲ့အခါမှာ

လမ်းခွဲခဲ့ပြီးတော့ လန်ဒန်ကို ပြန်လာခဲ့တယ်။

အငြင်းခံရလို့ စိတ်ဓါတ်ကျနေတဲ့ ကာဘီလဲ ရုပ်ရှင်ကို

ဆက်မရိုက်နိုင်တော့ဘဲ မွန်ဘိုင်းကိုပြန်လာခဲ့တယ်။
နောက်ပိုင်းအကြိမ်ကြိမ်ပြန်ရိုက်ကူးခဲ့ပေမဲ့ ကာဘီဟာ

သူရဲ့ ရုပ်ရှင်အထွတ်အထိပ်ကိုစိတ်ကျေနပ်မှုမ ရရှိသေးပါဘူး။

ဒါနဲ့ပဲ သူ့လက်ထောက် မီးရာရဲ့ အကြံအရ အေးရှာရဲ့ ရုပ်ရှင်ပြသတဲ့

ရုပ်ရှင်ပွဲတော်မှာ အကဲဖြတ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်

။အေးရှာ ကတော့ ကာဘီဟာ သူမနောက်ကို လိုက်နေတယ်လို့ထင်ပြီး

သူ့မ ဘဝထဲက ထွက်သွားပေးဖို့ ပြောခဲ့ပါတယ်။
ကာဘီရဲ့ အဖေသေဆုံးပြီးနောက်ပိုင်း သူ့ရုပ်ရှင် ပါတနာတွေနဲ့

အဆင်မပြေတာတွေဖြစ်လာပြီး

သူ့ရုပ်ရှင်ကို ပြီးဆုံးအောင် ရိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

တဖက်မှာ လျှို့ဝှက်ပြီး ရဲတွေလဲ ဖမ်းမမိ လူတွေသိပ်မသိတဲ့

ရွိုင် ဆိုတဲ့ ပန်းချီကားသူခိုး တယောက်ရှိနေပါတယ်။

သူ့ဟာ တီယာဆိုတဲ့ မိန်းမလှလေးပိုင်ဆိုင်တဲ့ ဈေးကြီးတဲ့ ပန်းချီကားတချပ်ကို

ခိုးဖို့ ရောက်လာပါတယ်။ရွိုင်ဟာ တီယာ့ကို အမျိုးမျိုး သိမ်းသွင်းပြီး

ခင်မင်အောင် ပေါင်းထားလိုက်ပါတယ်
အချိန်ကောင်းရောက်တာနဲ့ ရွိုင်က ပန်းချီကားကို

ခိုးပြီး တီယာ့ကို ထားခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ တီယာ့ကိုချစ်နေမိပြီဆိုတာ သိတဲ့နောက်

သူမအနားပြန်ရောက်ဖို့ ပန်းချီကားကို ပြန်ခိုးပြီး ပေးဖို့လုပ်ခဲ့ပါတယ်။
ဒီလို မတူညီတဲ့ အချစ်ဇာတ်လမ်း ၂ခုဟာ နောက်ပိုင်းမှာ

ဘာတွေဆက်ဖြစ်ကြမလဲ သူတို့တွေ ပြန်ပေါင်းစည်းနိုင်ကြမှာ

လားဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါလို့

 

Read More 0 comments