Showing posts sorted by date for query 1992. Sort by relevance Show all posts
Showing posts sorted by date for query 1992. Sort by relevance Show all posts


 

Rating : 6.6/10
Country : United State
Genre : Comedy, Fantasy, Horror
Released Date : 1992
Duration : 1h 44min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲသုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်

1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ဇာတ်လမ်းအကျဉ်းအောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။တစ်နေ့မှာ ဟယ်လင်န် ဟာ သူမ လက်ထပ်ယူမယ့် ခွဲစိတ်ဆရာဝန် ဒေါက်တာအန်းနက်စ်ကို မက်ဒ်လင်းနဲ့မိတ်ဆက်ပေးမိရာကနေ၊ ငွေကြေးချမ်းသာတဲ့ ခွဲစိတ်ဆရာဝန်ကြီးကို မက်ဒ်လင်းက ဖြတ်ခုတ်သွားပါတော့တယ်။ဒီလိုနဲ့ တစ်ယောက်အပေါ် တစ်ယောက် အမုန်းတရားတွေ ပိုများလာပြီး ဘာတွေဆက်ဖြစ်ကြလဲဆိုတာကိုပုံမှန် အိမ်ထောင်ရေး အရှုပ်ရှင်းကားတွေနဲ့ ကွဲပြားစွာ တက်ဆက်ပြထားပါတယ်။နောက်ထပ် ဇာတ်ကားအကြောင်းဆက်ပြောရင် spoilမိတော့မှာမို့ ကိုယ့်ဘာသာဆက်ကြည့်လိုက်ကြဖို့ပဲ ညွှန်းပါတယ်။ ဒါရိုက်တာကလဲ Back to the Future တို့လိုlegendary classic movie မျိုးတွေကို ရိုက်ကူးခဲ့တဲ့ Robert Zemeckisမို့ ဘာမှမကောင်းမှာ စိတ်ပူစရာမလိုပဲ စိတ်ချလက်ချကြည့်ဖို့ ညွှန်းလိုက်ပါတယ်ဗျ။

Read More 0 comments


 

Rating : 7.8/10
Country : China
Genre : Action, Crime, Thriller
Released Date : 1992
Duration : 2h 8min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

John Woo ရဲ့  ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့။ Windtalkers တို့  Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission: Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။ 

   ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။

Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြော

ရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ Internal Affairsကားတွေကို အစပျိုးပေးတဲ့နေရာလို့ထင်မိတယ်။

  ဂျွန်ဝူးရဲ့ Heroic Bloodshed ပုံစံအတိုင်း ပစ်ခန်းတွေ အရင်ကားတွေထက်ပိုများပေမဲ့  သူ့ဟန်ဖြစ်တဲ့ ဒရာမာချိုးပြီး ပရိတ်သတ်ရဲ့ ခံစားချက်ကို ခလုတ်တိုက်စေတဲ့ ဇာတ်၀င်ခန်းတွေကို မြင်ရဦးမှာပဲ။ ဒါလည်း သူ့အရသာပဲမလား။ သာမန်အက်ရှင်ကား ကြည့်ချင်မှတော့ ဂျွန်ဝူးကား ဘယ်ကြည့်မလဲ။ အက်ရှင်ကားမှာကို လူကိုဆွေးတမြေ့မြေ့ဖြစ်စေတဲ့ အရသာမျိုး ဂျွန်ဝူးလိုပေးနိုင်တဲ့သူ ရှားတယ်မို့လား။ သူ့နောက်က ဒါရိုက်တာတွေ လုပ်ကြည့်ကြတာ မြင်ဖူးပေမဲ့ သူ့လိုဖြစ်လာတာတော့ မမြင်ဖူးဘူး။ ဒါလည်း သူ့ Themeပဲကိုး ။

   1992မှာရိုက်ခဲ့တဲ့ ဒီဂျွန်ဝူးကားက သူ့ Heroic Bloodshed Theme ရဲ့ အပိတ်လို့ဆိုလို့ရတယ်။ဒီကားနောက်ပိုင်း သူဒီပုံစံတွေမရိုက်တော့သလို ချောင်ယွန်ဖတ်နဲ့လည်း တွဲမရိုက်တော့ဘူး။ အမေရိကလစ်ပြီး အဲဒီမှာပဲရိုက်တော့တယ်။ နောက်ကျမှ ပြန်ရိုက်ဖြစ်တာက Red Cliffတို့ The Crossingတို့ပေါ့။ သို့ပေမဲ့ Theme ပြောင်းသွားခဲ့ပြီ။ အလှပဆုံး အပိတ်နဲ့ ပိတ်လိုက်တာပါပဲ။

  ပုံမှန်ဂျွန်ဝူးကားတွေကို ဂျွန်ဝူးကိုယ်တိုင် ဇာတ်လမ်းရေးတာများပေမဲ့ ဒီကားမှာတော့ အဲဒီနှစ်မှာပဲ နှလုံးရောဂါနဲ့သေသွားတဲ့ ဘယ်ရီဝေါင်ရဲ့ ဇာတ်လမ်းနဲ့ ရိုက်ထားခဲ့တယ်။ ဇာတ်လမ်းရှင်ကလည်း ချောင်ရဲ့ Fight Back To School တို့၊ Mr. Vampire တို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့သူပေါ့။

  Hard Boiled ဟာ ချောင်ယွန်ဖတ်နဲ့ ဂျွန်ဝူးရဲ့ နောက်ဆုံးတွဲရိုက်တဲ့ကားဖြစ်သလို ချောင်ယွန်ဖတ်နဲ့  ဝေါင်ကာဝေးဖန်‌တွေရဲ့ အချစ်တော်ကြီး တိုနီလျောင်ချူဝေ ဆုံစည်းခဲ့တဲ့ တစ်ကားတည်းသော ကားလည်းဟုတ်တယ်။ Heroic Bloodshed Theme ရဲ့ နောက်ဆုံးကားလည်းဟုတ်တယ်။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေထဲက တစ်ကားလည်း ဟုတ်ပါတယ်။ တစ်ချို့ဆို ဂျွန်ဝူးကို ဂျွန်ဝှစ်လို အနောက်တိုင်း အက်ရှင်တွေကပါ ဘာလို့အတုခိုးကြလဲ နားမလည်နိုင်လို့ ဒီကားကိုကြည့်ပြီးမှ ဩချသွားကြရတဲ့ ကားလည်းဟုတ်တယ်။ ဂျွန်ဝူးဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ...။

Read More 0 comments


 

Rating : 6.2/10
Country : United State
Genre : Action, Adventure, Comedy
Released Date : 2002
Duration : 1h 34min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ ကစ်တာဘယ်လောက်အထိလဲဆိုရင်Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီး ကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း

Dr.Evilကလိုက်ဝတ်တာမျိုး၊ ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်Random Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကိုထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီး ပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်းပိုDarkတဲ့ ဂျိန်းဘွန်းဇာတ်ကားတွေအဖြစ် ပုံစံပြောင်းခဲ့ရကြောင်း ဖြေခဲ့ပါတယ်။ပြီးတော့ ဂျိန်းဘွန်းဇာတ်ကောင်ကိုင်တဲ့ Walther PPK/s .380ပစ္စတိုသေနတ်အတိုင်းလည်း Austin Powersဇာတ်ကောင်ဟာ Walther PPK/s .380ကို ကိုင်ဆောင်ပါတယ်။Austin Powersကားတွေဟာ ဂျိန်းဘွန်းကားတွေကိုပဲ ပြောင်ထားတာမဟုတ်ပဲ Star Warsဇာတ်ကားတွေ၊ အဲ့ဒီခေတ်က ဗြိတိန်မှာနာမည်ကြီးခဲ့တဲ့ကြော်ညာတွေ၊ showတွေကိုပါ ပြောင်ထားတာအပြင် တရုတ်ရှင်ရှင်(ဟောင်ကောင်ကားဟောင်း)တွေမှာ မှုန်ဝါးဝါးစာတန်းထိုးတာတွေကိုရော၊ဗြိတိန်နိုင်ငံရဲ့အိမ်ရှေ ့စံဟောင်းကြီး ချားလ်စ်မင်းသားကိုပါ ပြောင်ထားတဲ့အတွက် ဇာတ်ကားတွေထွက်လာတဲ့အချိန်မှာဗြိတိန်နဲ့အမေရိကဘက်မှာဝက်ဝက်ကွဲပေါက်ခဲ့ပြီး American Film Institueရဲ့ဟာသကား၂၀၀၀ကနေ အရယ်ရဆုံးကားငါးရာရွေးတဲ့အထဲမှာထိပ်ဆုံးကား၁၀၀ထဲမှာပါတဲ့အရမ်းရီရတဲ့ကားတွေအဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်။(ဒါ့အပြင် ဒီကားဟာ ဘာသာပြန်ရခက်တဲ့ကားတွေထဲပါ ပါတယ်။ တချို ့ဟာသတွေက ဗြိတိန်နိုင်ငံထဲမှာပဲနေတဲ့လူတွေပဲနားလည်တဲ့ဟာသတွေဖြစ်နေတာတို့၊ စကားပြောတွေကလည်း အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတွေဖြစ်နေတာတို့ကြောင့်ပြန်ရတော်တော်ကိုခက်ပါတယ်။ တချို ့စာသားတွေဆိုရင် ဘိုလိုကြည့်မှရယ်ရပြီး ဘာသာပြန်လိုက်ရင်မရယ်ရတာမျိုးတွေပါတဲ့အတွက် ပြန်ရတော်တော်ကိုလက်ပေါက်ကပ်ပါတယ်။ အတတ်နိုင်ဆုံးတော့ ဟာသအာဘော်ကိုထိမိအောင်ကြိုးစားထားပါတယ်)။ဒါပေမယ့် ဒီကားထွက်လာခါနီးမှာ အိမ်ရှေ ့စံဟောင်းကြီးရဲ့ကြင်ယာတော်ဟောင်း မင်းသမီးဒိုင်ယာနာကွယ်လွန်သွားခဲ့လို့သူတို့အိမ်ထောင်ရေးကိုဟာသလုပ်ထားတာပါတဲ့ ဒီကားကိုဗြိတိန်နိုင်ငံမှာ ရုံတင်ပြသတာကိုမလုပ်ခဲ့ရပါဘူး။နောက်ပိုင်းအခွေထွက်လာမှပဲ ဗြိတိန်နိုင်ငံက လူတွေကြည့်ခွင့်ရကြတာပါ။ဟာသကားဆိုပြီး ငပေါကားပါကွာဆိုပြီး ပေါ့သေးသေး မထင်ကြနဲ့ဦးဒီTrilogyမှာ ဟောလီးဝုဒ်အနုပညာလောကရဲ့တကယ့်ဂရိတ်၊ ဂရိတ်ကြီးဖြစ်တဲ့ ဒါရိုက်တာကြီးSteven Spielberg၊ မင်းသားကြီး Michael Caine၊ Tom Cruise၊ Larry Thomas၊ Brian George၊ Tom Arnoldတို့အပြင်Former Bond Girl Lois Chiles၊ Britney Spearsတို့ဟာ အဓိကဇာတ်ဆောင်နေရာမှာရော၊ ဧည့်သည်သရုပ်ဆောင်နေရာမှာပါ အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒါ့အပြင် အလန်းဆုံးဆုံးကတော့ အဆိုတော် Beyonceဟာ တတိယကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားတာပါ။ပြီးတော့ ပထမကားရဲ့ဇာတ်လမ်းဟာလည်း Marvel hero Captain Americaကိုပြောင်ထားတာဖြစ်ပါတယ်။ပထမကားမှာ မင်းသားဟာ အေးခဲခံလိုက်တဲ့အတွက် ပြန်နိုးလာချိန်မှာ Captain Americaလိုပဲ ပြောင်းလဲသွားတဲ့ခေတ်နဲ့အံဝင်ခွင်ကျဖြစ်မနေတာ ပါ ပါတယ်။ဒါ့အပြင် ဟာသမင်းသားကြီး Jim Carreyကို မူလက Dr.Evilနေရာမှာ သရုပ်ဆောင်ဖို့လုပ်ထားပေမယ့် မင်းသားကြီးဟာLiar Liarဇာတ်ကားနဲ့ရိုက်ရက်တိုက်နေတဲ့အတွက် မပါဖြစ်ခဲ့တာပါ။Austin Powersနေရာကသရုပ်ဆောင်ထားတဲ့မင်းသားကြီး Mike Meyersဟာ ဒီကားရဲ့ဇာတ်ကောင်ကိုဖန်တီးရာမှာ ပိုအာရုံစိုက်ချင်တဲ့အတွက်A third Wayne’s World (1992)ရုပ်ရှင်ကိုမရိုက်တော့ပဲ Austin Powersဇာတ်ကောင်ကိုပဲ ဇောက်ချပြီးဖန်တီးခဲ့တဲ့အတွက် ဒဏ္ဍာရီဆန်တဲ့Austin Powersဇာတ်ကောင်ဟာ အသက်ဝင်လာခဲ့တာပါ။ပြီးတော့ ဒီကားထဲကဇာတ်ကောင်တွေဟာ Deadpoolလိုပဲ 4th wallခနခနဖောက်တတ်ပါသေးတယ်ကဲ…ပြောတာလေအရမ်းရှည်နေပြီဆိုတော့ ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြကြတာပေါ့တတိယကားရဲ့ဇာတ်လမ်းအကျဉ်းကတော့…..ဒီကားမှာလည်း ဒေါက်တာကြီးရဲ့သောက်ကျိုးနည်းအစီအစဉ်တွေကို ထပ်မြင်ရဦးမှာပါဒေါက်တာကြီးဟာ အော်စတင်ကိုမနိုင်ပဲဖြစ်နေတာကြောင့် နောက်ထပ်လူဆိုးကြီးတစ်ယောက်နဲ့ပူးပေါင်းလိုက်ပါတော့တယ်အော်စတင်ကြီး အဲ့ဒီလူဆိုးကြီးနှစ်ယောက်နဲ့ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ပါအရယ်သန်သူများ သေးပေါက်ပြီးမှကြည့်ကြဖို့သတိပေးပါရစေဒီကားဟာ ဟာသကားပေမယ့် အောက်လုံးဟာသတွေအများကြီးပါလို့ အသက်၁၅နှစ်အောက်မကြည့်ရတဲ့ထဲမှာပါကြောင်းလည်း အသိပေးပါရစေ

Read More 0 comments


 

Rating : 6.6/10
Country : United State
Genre : Action, Adventure, Comedy
Released Date : 1999
Duration : 1h 35min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီး

ကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ပိုDarkတဲ့ ဂျိန်းဘွန်းဇာတ်ကားတွေအဖြစ် ပုံစံပြောင်းခဲ့ရကြောင်း ဖြေခဲ့ပါတယ်။ပြီးတော့ ဂျိန်းဘွန်းဇာတ်ကောင်ကိုင်တဲ့ Walther PPK/s .380ပစ္စတိုသေနတ်အတိုင်းလည်း Austin Powersဇာတ်ကောင်ဟာ Walther PPK/s .380ကို ကိုင်ဆောင်ပါတယ်။Austin Powersကားတွေဟာ ဂျိန်းဘွန်းကားတွေကိုပဲ ပြောင်ထားတာမဟုတ်ပဲ Star Warsဇာတ်ကားတွေ၊ အဲ့ဒီခေတ်က ဗြိတိန်မှာနာမည်ကြီးခဲ့တဲ့ကြော်ညာတွေ၊showတွေကိုပါ ပြောင်ထားတာအပြင် တရုတ်ရှင်ရှင်(ဟောင်ကောင်ကားဟောင်း)တွေမှာ မှုန်ဝါးဝါးစာတန်းထိုးတာတွေကိုရော၊ ဗြိတိန်နိုင်ငံရဲ့အိမ်ရှေ ့စံဟောင်းကြီး ချားလ်စ်မင်းသားကိုပါပြောင်ထားတဲ့အတွက် ဇာတ်ကားတွေထွက်လာတဲ့အချိန်မှာ ဗြိတိန်နဲ့အမေရိကဘက်မှာဝက်ဝက်ကွဲပေါက်ခဲ့ပြီး American Film Institueရဲ့ဟာသကား၂၀၀၀ကနေအရယ်ရဆုံးကားငါးရာရွေးတဲ့အထဲမှာ ထိပ်ဆုံးကား၁၀၀ထဲမှာပါတဲ့အရမ်းရီရတဲ့ကားတွေအဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်။(ဒါ့အပြင် ဒီကားဟာ ဘာသာပြန်ရခက်တဲ့ကားတွေထဲပါ ပါတယ်။ တချို ့ဟာသတွေက ဗြိတိန်နိုင်ငံထဲမှာပဲနေတဲ့လူတွေပဲနားလည်တဲ့ဟာသတွေဖြစ်နေတာတို့၊ စကားပြောတွေကလည်း အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတွေဖြစ်နေတာတို့ကြောင့်ပြန်ရတော်တော်ကိုခက်ပါတယ်။ တချို ့စာသားတွေဆိုရင် ဘိုလိုကြည့်မှရယ်ရပြီး ဘာသာပြန်လိုက်ရင် မရယ်ရတာမျိုးတွေပါတဲ့အတွက်ပြန်ရတော်တော်ကိုလက်ပေါက်ကပ်ပါတယ်။ အတတ်နိုင်ဆုံးတော့ ဟာသအာဘော်ကိုထိမိအောင်ကြိုးစားထားပါတယ်)။ဒါပေမယ့် ဒီကားထွက်လာခါနီးမှာ အိမ်ရှေ ့စံဟောင်းကြီးရဲ့ကြင်ယာတော်ဟောင်းမင်းသမီးဒိုင်ယာနာကွယ်လွန်သွားခဲ့လို့ သူတို့အိမ်ထောင်ရေးကိုဟာသလုပ်ထားတာပါတဲ့ဒီကားကိုဗြိတိန်နိုင်ငံမှာ ရုံတင်ပြသတာကိုမလုပ်ခဲ့ရပါဘူး။နောက်ပိုင်းအခွေထွက်လာမှပဲ ဗြိတိန်နိုင်ငံက လူတွေကြည့်ခွင့်ရကြတာပါ။ဟာသကားဆိုပြီး ငပေါကားပါကွာဆိုပြီး ပေါ့သေးသေး မထင်ကြနဲ့ဦးဒီTrilogyမှာ ဟောလီးဝုဒ်အနုပညာလောကရဲ့တကယ့်ဂရိတ်၊ ဂရိတ်ကြီးဖြစ်တဲ့ ဒါရိုက်တာကြီးSteven Spielberg၊ မင်းသားကြီး Michael Caine၊ Tom Cruise၊ Larry Thomas၊ Brian George၊Tom Arnoldတို့အပြင် Former Bond Girl Lois Chiles၊ Britney Spearsတို့ဟာ အဓိကဇာတ်ဆောင်နေရာမှာရော၊ဧည့်သည်သရုပ်ဆောင်နေရာမှာပါ အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒါ့အပြင် အလန်းဆုံးဆုံးကတော့ အဆိုတော် Beyonceဟာ တတိယကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားတာပါ။ပြီးတော့ ပထမကားရဲ့ဇာတ်လမ်းဟာလည်း Marvel hero Captain Americaကိုပြောင်ထားတာဖြစ်ပါတယ်။ပထမကားမှာ မင်းသားဟာ အေးခဲခံလိုက်တဲ့အတွက် ပြန်နိုးလာချိန်မှာCaptain Americaလိုပဲ ပြောင်းလဲသွားတဲ့ခေတ်နဲ့အံဝင်ခွင်ကျဖြစ်မနေတာ ပါ ပါတယ်။ဒါ့အပြင် ဟာသမင်းသားကြီး Jim Carreyကို မူလက Dr.Evilနေရာမှာ သရုပ်ဆောင်ဖို့လုပ်ထားပေမယ့်မင်းသားကြီးဟာ Liar Liarဇာတ်ကားနဲ့ရိုက်ရက်တိုက်နေတဲ့အတွက် မပါဖြစ်ခဲ့တာပါ။Austin Powersနေရာကသရုပ်ဆောင်ထားတဲ့မင်းသားကြီး Mike Meyersဟာ ဒီကားရဲ့ဇာတ်ကောင်ကိုဖန်တီးရာမှာပိုအာရုံစိုက်ချင်တဲ့အတွက် A third Wayne’s World (1992)ရုပ်ရှင်ကိုမရိုက်တော့ပဲ Austin Powersဇာတ်ကောင်ကိုပဲဇောက်ချပြီးဖန်တီးခဲ့တဲ့အတွက် ဒဏ္ဍာရီဆန်တဲ့ Austin Powersဇာတ်ကောင်ဟာ အသက်ဝင်လာခဲ့တာပါ။ပြီးတော့ ဒီကားထဲကဇာတ်ကောင်တွေဟာ Deadpoolလိုပဲ 4th wallခနခနဖောက်တတ်ပါသေးတယ်ကဲ…ပြောတာလေအရမ်းရှည်နေပြီဆိုတော့ ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြကြတာပေါ့ဒုတိယကားရဲ့ဇာတ်လမ်းအကျဉ်းကတော့…..DrEvilကြီးပြန်လာပါပြီဒီတခါတော့ အော်စတင်ကြီးကိုအနိုင်ယူနိုင်အောင် အောက်လုံးနည်းတွေသုံးပါတော့တယ်အဲ့ဒါကတော့ အော်စတင်ရဲ့ဖိုဓါတ်ကိုခိုးယူဖို့အော်စတင်ကြီးအေးခဲနေခဲ့တဲ့၁၉၆၀ဝန်းကျင်ကိုပြန်သွားကာ ဖိုဓါတ်ကိုခိုးတော့မှာဖြစ်ပါတယ်အော်စတင်ကြီးသူ့ရဲ့ဖိုဓါတ်ကိုမဆုံးရှုံးအောင်တားနိုင်ပါ့မလားဒေါက်တာကြီးရဲ့အကြံအစည်တွေအောင်မြင်သွားမလားဆိုတာတော့တဝါးဝါးတဟားဟားနဲ့ကိုယ်တိုင်ပဲကြည့်လိုက်ပါတော့ဒီကားဟာ ဟာသကားပေမယ့် အောက်လုံးဟာသတွေအများကြီးပါလို့အသက်၁၅နှစ်အောက်မကြည့်ရတဲ့ထဲမှာပါကြောင်းလည်း အသိပေးပါရစေ

Read More 0 comments


 

Rating : 7.0/10
Country : United State
Genre : Comedy, Adventure
Released Date : 1997
Duration : 1h 29min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့်ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။

ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်း Random Taskဆိုတဲ့လူဆိုးဟာဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင်ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့်ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီးလူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ပိုDarkတဲ့ ဂျိန်းဘွန်းဇာတ်ကားတွေအဖြစ် ပုံစံပြောင်းခဲ့ရကြောင်း ဖြေခဲ့ပါတယ်။ပြီးတော့ ဂျိန်းဘွန်းဇာတ်ကောင်ကိုင်တဲ့ Walther PPK/s .380ပစ္စတိုသေနတ်အတိုင်းလည်း Austin Powersဇာတ်ကောင်ဟာWalther PPK/s .380ကို ကိုင်ဆောင်ပါတယ်။Austin Powersကားတွေဟာ ဂျိန်းဘွန်းကားတွေကိုပဲ ပြောင်ထားတာမဟုတ်ပဲ Star Warsဇာတ်ကားတွေ၊ အဲ့ဒီခေတ်ကဗြိတိန်မှာနာမည်ကြီးခဲ့တဲ့ကြော်ညာတွေ၊ showတွေကိုပါ ပြောင်ထားတာအပြင် တရုတ်ရှင်ရှင်(ဟောင်ကောင်ကားဟောင်း)တွေမှာမှုန်ဝါးဝါးစာတန်းထိုးတာတွေကိုရော၊ ဗြိတိန်နိုင်ငံရဲ့အိမ်ရှေ ့စံဟောင်းကြီး ချားလ်စ်မင်းသားကိုပါ ပြောင်ထားတဲ့အတွက်ဇာတ်ကားတွေထွက်လာတဲ့အချိန်မှာ ဗြိတိန်နဲ့အမေရိကဘက်မှာဝက်ဝက်ကွဲပေါက်ခဲ့ပြီး American Film Institueရဲ့ဟာသကား၂၀၀၀ကနေ အရယ်ရဆုံးကားငါးရာရွေးတဲ့အထဲမှာ ထိပ်ဆုံးကား၁၀၀ထဲမှာပါတဲ့အရမ်းရီရတဲ့ကားတွေအဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်။(ဒါ့အပြင် ဒီကားဟာ ဘာသာပြန်ရခက်တဲ့ကားတွေထဲပါ ပါတယ်။ တချို ့ဟာသတွေက ဗြိတိန်နိုင်ငံထဲမှာပဲနေတဲ့လူတွေပဲနားလည်တဲ့ဟာသတွေဖြစ်နေတာတို့၊ စကားပြောတွေကလည်း အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတွေဖြစ်နေတာတို့ကြောင့်ပြန်ရတော်တော်ကိုခက်ပါတယ်။ တချို ့စာသားတွေဆိုရင် ဘိုလိုကြည့်မှရယ်ရပြီး ဘာသာပြန်လိုက်ရင်မရယ်ရတာမျိုးတွေပါတဲ့အတွက် ပြန်ရတော်တော်ကိုလက်ပေါက်ကပ်ပါတယ်။ အတတ်နိုင်ဆုံးတော့ ဟာသအာဘော်ကိုထိမိအောင်ကြိုးစားထားပါတယ်)။ဒါပေမယ့် ဒီကားထွက်လာခါနီးမှာ အိမ်ရှေ ့စံဟောင်းကြီးရဲ့ကြင်ယာတော်ဟောင်း မင်းသမီးဒိုင်ယာနာကွယ်လွန်သွားခဲ့လို့သူတို့အိမ်ထောင်ရေးကိုဟာသလုပ်ထားတာပါတဲ့ ဒီကားကိုဗြိတိန်နိုင်ငံမှာ ရုံတင်ပြသတာကိုမလုပ်ခဲ့ရပါဘူး။နောက်ပိုင်းအခွေထွက်လာမှပဲ ဗြိတိန်နိုင်ငံက လူတွေကြည့်ခွင့်ရကြတာပါ။ဟာသကားဆိုပြီး ငပေါကားပါကွာဆိုပြီး ပေါ့သေးသေး မထင်ကြနဲ့ဦးဒီTrilogyမှာ ဟောလီးဝုဒ်အနုပညာလောကရဲ့တကယ့်ဂရိတ်၊ ဂရိတ်ကြီးဖြစ်တဲ့ ဒါရိုက်တာကြီး Steven Spielberg၊မင်းသားကြီး Michael Caine၊ Tom Cruise၊ Larry Thomas၊ Brian George၊ Tom Arnoldတို့အပြင်Former Bond Girl Lois Chiles၊ Britney Spearsတို့ဟာ အဓိကဇာတ်ဆောင်နေရာမှာရော၊ဧည့်သည်သရုပ်ဆောင်နေရာမှာပါ အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒါ့အပြင် အလန်းဆုံးဆုံးကတော့ အဆိုတော် Beyonceဟာ တတိယကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားတာပါ။ပြီးတော့ ပထမကားရဲ့ဇာတ်လမ်းဟာလည်း Marvel hero Captain Americaကိုပြောင်ထားတာဖြစ်ပါတယ်။ပထမကားမှာ မင်းသားဟာ အေးခဲခံလိုက်တဲ့အတွက် ပြန်နိုးလာချိန်မှာ Captain Americaလိုပဲပြောင်းလဲသွားတဲ့ခေတ်နဲ့အံဝင်ခွင်ကျဖြစ်မနေတာ ပါ ပါတယ်။ဒါ့အပြင် ဟာသမင်းသားကြီး Jim Carreyကို မူလက Dr.Evilနေရာမှာသရုပ်ဆောင်ဖို့လုပ်ထားပေမယ့် မင်းသားကြီးဟာ Liar Liarဇာတ်ကားနဲ့ရိုက်ရက်တိုက်နေတဲ့အတွက် မပါဖြစ်ခဲ့တာပါ။Austin Powersနေရာကသရုပ်ဆောင်ထားတဲ့မင်းသားကြီး Mike Meyersဟာ ဒီကားရဲ့ဇာတ်ကောင်ကိုဖန်တီးရာမှာပိုအာရုံစိုက်ချင်တဲ့အတွက် A third Wayne’s World (1992)ရုပ်ရှင်ကိုမရိုက်တော့ပဲ Austin Powersဇာတ်ကောင်ကိုပဲဇောက်ချပြီးဖန်တီးခဲ့တဲ့အတွက် ဒဏ္ဍာရီဆန်တဲ့ Austin Powersဇာတ်ကောင်ဟာ အသက်ဝင်လာခဲ့တာပါ။ပြီးတော့ ဒီကားထဲကဇာတ်ကောင်တွေဟာ Deadpoolလိုပဲ 4th wallခနခနဖောက်တတ်ပါသေးတယ်ကဲ…ပြောတာလေအရမ်းရှည်နေပြီဆိုတော့ ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြကြတာပေါ့ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကတော့…..Austin Powersကိုအနိုင်မယူနိုင်ပဲဖြစ်နေတဲ့ DrEvilဟာကိုယ့်ကိုယ်အေးခဲခဲ့ပြီး အနာဂတ်မှပြန်လာဖို့လုပ်ဆောင်ခဲ့ပါတယ်။DrEvilကိုတားဆီးဖို့အတွက် Austin Powersဟာလည်း အေးခဲခံခဲ့ပြီးDrEvilကြီး ပြန်ရောက်လာတဲ့အချိန်မှာ နိုးထလာခဲ့ပါတယ်။Drကြီးကို Austinတားဆီးနိုင်ပါ့မလားDrကြီးကလည်း Austinကိုအနိုင်ယူနိုင်တော့မှာလားဆိုတာကိုကိုယ်တိုင်ပဲဆက်ပြီးကြည့်ရှုကြပါYeah! Baby! Yeahဒီကားဟာ ဟာသကားပေမယ့် အောက်လုံးဟာသတွေအများကြီးပါလို့အသက်၁၅နှစ်အောက်မကြည့်ရတဲ့ထဲမှာပါကြောင်းလည်း အသိပေးပါရစေ

Read More 0 comments


 

 

Rating : 6.5/10
Country : United State
Genre : Horror, Thriller
Released Date : 1992
Duration : 1h 39min

အညွှန်း

1နာရီခွဲလောက် အချိန်ပေးပြီး တကယ်ကောင်းတဲ့ horror movie တစ်ခုကို ကြည့်ချင်တယ် ဆိုရင် အခုပဲ ဒီဇာတ်ကားကို down ပြီးတော့သာ ကြည့်​လိုက်ပါ

ကြည့်ရတာ တကယ်တန်တဲ့ ဇာတ်ကားမျိူးပါ

နောက်ပြီး ဒီဇာတ်ကားက Candy Man saga မှာ ပထမဆုံးထွက်ခဲ့ပေမယ့် အကောင်းဆုံးလို့ သတ်မှတ်ခြင်း ခံထားရတာပါ

ဘာလို့လဲဆိုတာ သိချင်ရင်တော့ အပေါ်ကပြောထားတဲ့အတိုင်းပဲ သွားသာကြည့်လိုက်ပေတော့ ကိုယ့်လူ

အကြောင်းအရာကတော့ သူ့နာမည်ကို မှန်ထဲကြည့်ပြီး ငါးခါခေါ်ရင် ခင်ဗျားဆီကို သူရောက်လာမယ် သတ်ချင်ရင်သတ်တယ် ဖြတ်ချင်ရင်ဖြတ်တဲ့ သံချိတ်ကြီးနဲ့ သကြားလုံးလူသား အကြောင်းပါပဲ

ဒါပေမယ့် အဲ့သကြားလုံးလူသားကို တကယ်ရှိတယ်လို့ ခင်ဗျား ထင်လား?

မရှိဘူးလို့ ထင်တယ် ဆိုရင်တော့ ဒီဇာတ်ကားထဲက မင်းသမီးနဲ့ အတွေးချင်းတူသွားပါပြီ

သူကလည်း သကြားလုံးလူသားဆိုတာ ပုံပြင်သက်သက်ပဲ အပြင်မှာ တကယ် မရှိဘူး လို့ယုံကြည်ပြီးတော့ အပြင်မှာ လူသတ်ချင်တဲ့ သူတစ်ယောက်က သကြားလုံးလူသား နာမည်ကို သုံးပြီး လူတွေ တစ်ယောက်ပြီး တစ်ယောက် လိုက်သတ်နေတာ လို့ သံသယဝင်နေပါတယ်

အဲ့ဒါနဲ့ပဲ သူ့သူငယ်ချင်းနဲ့အတူတူ လုပ်နေတဲ့ စာတမ်းအကြောင်းလေ့လာရင်းနဲ့ လူသတ်မှုတွေကိုပါ လိုက်လံ စုံစမ်းပါတော့တယ်

အဲ့လိုစုံစမ်းရင်းနဲ့ပဲ သူထင်ထားသလိုပဲ ဒီတိုင်း သာမန်လူက လိုက်သတ်နေတာလား ဒါမှမဟုတ် တကယ့် သကြားလုံး လူသား လား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ အဖြေရှာကြည့်ပေါ့ဗျာ
ဇာတ်ကားက ကောင်းမကောင်းဆိုတာကတော့ ကျွန်တော်တောင် ဘာသာပြန်နေရင်း ကြည့်တာ တချက် တချက်ဆို နှလုံးတွေပါ ပြုတ်ထွက်တော့မလိုပါပဲ

(ဟဲဟဲ R rated ဆိုတော့ ၁၈နှစ်အောက် မကြည့်သင့်တာတော့ အထူးပြောစရာမလိုဘူး ထင်ပါတယ် ပြောလည်း ကြည့်ကြမှာပါ ကလေးတွေကလိမ္မာကြတယ်လေ)

 

 

Read More 0 comments


 

 

Rating : 7.6/10
Country : China
Genre : Drama, Crime
Released Date : 1992
Duration : 1h 46min

အညွှန်း

ခေါင်းစဉ်အတိုင်းပါပဲ…
ရုပ်ရှင်ဟာ…..
ထိုင်ပေမြို့က လူငယ်တွေအကြောင်းပဲ။

နီယွန်မီးတွေ စုန်းမီးတောက်သလိုထနေတဲ့ တိုင်ပေရဲ့ညဟာ နီယွန်နတ်ဘုရားပေါ့။
ဟိုမောင်ဖီလာကဗျာထဲက စာသားလို “လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ”မဟုတ်လား။

ထိုင်ပေညရဲ့ သူပုန်တွေဟာ စီးကရက်ကို လက်ကမချပါဘဲ တယ်လီဖုန်းရုံထဲက ငါးပြားစေ့လေးတွေ ခိုးကြတယ်။
ထိုင်ပေညရဲ့ သူပုန်တွေဟာ ခေါင်းမရှိတောင် ခုနှစ်ရက်အသက်ဆက်ရှင်နိုင်တယ်ဆိုတဲ့ ပိုးဟပ်ကို သံချွန်နဲ့စိုက် မသေမရှင်ဘ၀ကို ကြည့်ရက်ကြတဲ့ ကောင်တွေပဲ။
အာသာတစ်ခါဖြေမယ်။
ဟော်တယ်တစ်ခါသွားမယ်။
ဒါ နေ့အိပ်ညသွားတဲ့ ထိုင်ပေသူပုန်များပဲ။

မစားရက်တာတွေကို ကျွေးခြင်းမျိုးနဲ့တောင် အဖေက ကျွန်တော့်ကို ကောင်းစေချင်ခဲ့တယ်။
သူပုန်စိတ်ပျောက်အောင်လို့တဲ့ မန္တန်စာရွက်ကိုပြာချ ၀မ်းထဲ၀င်အောင် အမေက ကျွန်တော့်ကို တိုက်တယ်။
ကျွန်တော့်ရဲ့ လူမမယ်စရိတ်တွေဟာ အဖေ့ရဲ့ ရုပ်ရှင်ရုံမရောက်တဲ့နှစ်လတွေကို ရှည်ကြာစေခဲ့ပေမဲ့လည်း အဖေ့ရဲ့ အိမ်အပြန်နောက်ကျတဲ့ညတွေဟာ ကျွန်တော့်အတွက် စိတ်ပူစရာ ဘယ် တုန်း က မှ မဟုတ်ခဲ့ဘူး။

စကတ်တိုကြပ်ကြပ်နဲ့ ညထွက်ဖို့ ၀န်မလေးတဲ့ သူပုန်မကလေးပေါ့။
ဒီအခန်းထဲက အနမ်းတွေ ဘယ်ရွေ့ဘယ်တိုင် အာသာပြင်းလဲ……
ကဲ ကြမ်းစမ်းပါ။
သုံးယောက်တွဲ စက်တော်ခေါ်ရမှာကိုလည်း သူ ‌တွေးမကြောက်ခဲ့ဘူး။

နဖူးကွဲဒူးပြဲလည်း သူတို့ရဲ့ဆေးဟာ စီးကရက်တစ်လိပ်ပဲတဲ့။
သူပုန်မကလေးရဲ့ တစ်ရေးနိုးတဲ့ညရဲ့ တုံးလုံးခန္ဓာဘေးမှာလည်း သူပုန်ကလေးကို ဘယ်တုန်းကမှ မတွေ့ခဲ့ရဘူး။

ထိုင်ပေညရဲ့ သူပုန်စိတ်တွေဟ ငါတို့ရဲ့ ငယ်ငယ်က သူပုန်စိတ်တွေပဲ ဒီကမ္ဘာကြီးနဲ့ မကင်းသမျှ ရှင်သန်နေဦးမယ့် ပုန်ကန်နွယ်တွေ ……………………………။

(ဘ၀ဟာ ဇာတ်သိမ်းရွေးလို့မရဘူးမဟုတ်လား။

ဒါဇာတ်သိမ်းမဟုတ်ဘူးလို့ မင်း ငြင်းလို့မရဘူး။

ဒီလိုပဲ ဒီစာဟာ တစ်စုံတရာလိုနေတယ်။

ဒီမှာ မသိမ်းသင့်ဘူးလို့ ငါလည်း ခံစားရတယ်။
ဒါပေမဲ့ ငါ့မှာရွေးစရာ ဘာမှမရှိဘူး။

ဒီမှာပဲ ငါရပ်လိုက်ရတယ်။
နီယွန်ညရဲ့သူပုန်တွေဟာ ဒီလိုပဲ ရွေးချယ်စရာမရှိ‌တော့တဲ့ တစ်နေရာမှာ ရပ်လိုက်ကြရတယ်။

ဒါ သူ့အနုပညာရဲ့ ရိုးသားမှုပဲ ကိုယ့်လူ။

ကျေနပ်ခွင့်လည်းရှိတယ် ကျေနပ်ခွင့်လည်းရှိတယ်။

ကျန်နေခဲ့မယ့် ခံစားမှုကတော့ မင်းအတွက်ပဲ။

ငါနဲ့ရော ဒီနီယွန်ညနဲ့ရော မဆိုင်လေတော့ဘူး။)

 

 

Read More 0 comments


 

 

Rating : 6.3/10
Country : United State
Genre :Horror, Thriller
Released Date : 2021
Duration : 1h 39min

အညွှန်း

ဒီတစ်ခေါက်မှာတော့ Clive Barkers ရေးတဲ့
Books of Blood ထဲက The Forbidden ဆိုတဲ့ ဝတ္ထုကို
အခြေခံပြီးရိုက်ခဲ့တဲ့ ဇာတ်ကားတွေထဲကမှ
လေးကားမြောက် Candyman Horror/Thriller ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ

ပထမဆုံး Original Candyman ကိုတော့ 1992 ခုနှစ်မှာရိုက်ခဲ့ပြီး
Candyman :Farewell to the Flash (1995)
Candyman : Day of the dead (1999) နှစ်ကားကတော့
Sequel အနေနဲ့ ထွက်ရှိခဲ့ပါတယ်

အခု Candyman 2021 ကတော့ Original Candyman ရဲ့ Direct Sequel ပါ

၁၉ရာစုနှောင်းပိုင်းမှာ မတရားအသတ်ခံလိုက်ရပြီး
သရဲဖြစ်လာတဲ့ ပန်းချီဆရာ သကြားလုံးသည်လေး ရှားမန်းတဖြစ်လဲ
ကန်ဒီမန်းလေးရဲ့အကြောင်းကို ကြည့်ကြရမှာပါ

ကဘရီနီဂရင်းတိုက်ခန်းကို သူငယ်ချင်းနဲ့အတူတူပြောင်းလာတဲ့
ပန်းချီဆရာလေးအန်တိုနီတစ်ယောက် အဲ့နားမှာ လက်ဆင့်ကမ်းပြောဆိုနေကြတဲ့
ကန်ဒီမန်းဆိုတဲ့ ပန်းချီဆရာ ဝိဉာဉ်အကြောင်း
ကန်ဒီမန်းသတ်လို့သေသွားတဲ့ ဟယ်လင်ရဲ့အကြောင်းသိထားပြီးချိန်
သူ့ရဲ့ ပန်းချီကားတွေထဲကို ဒီအဖြစ်အပျက်တွေကို ထည့်ရေးဖို့အာရုံရလာပါတယ်

ဒီလိုကနေ ရုတ်တရတ် အတိတ်ကရှုပ်ထွေးတဲ့အဖြစ်အပျက်တွေဆီ
ရောက်သွားမယ့် တံခါးတစ်ချပ်ကို အန်တိုနီကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖွင့်မိသွားတဲ့အခါ…..

Candyman 2021 က Original Candyman 1992 ထက် ပိုကြောက်ဖို့ကောင်းတယ်လို့ ဆိုပါတယ်

တချို့စကားလုံးလေးတွေနဲ့ ပြကွက်လေးတချို့ကြောင့်တော့ R rated သတ်မှတ်ထားပါတယ်

 

 

Read More 0 comments


 

 

Rating : 5.4/10
Country : United State
Genre : Drama, Thriller
Released Date : 1992
Duration : 1h 33min

အညွှန်း

ဒီကားထဲက Drew Barrymore ရဲ့ စတိုင်နဲ့ ရဲတင်းတဲ့အလှအပတွေဟာ လူပြောများခဲ့ပါတယ်…

နွယ်ပင်ဆိုတာ ရစ်ပတ်နွယ်တတ်တဲ့အမျိုးပဲ…

ဒါပေမယ့်အဆိပ်နွယ်ပင်ဆိုရင်တော့ တင်းကြပ်စွာရစ်ပတ်နှောင်ဖွဲ့မှုတွေကြားမှာ ရုန်းထွက်မရဘဲအဆိပ်သင့်သွားနိုင်ပါတယ်…

ဒီလိုအဆိပ်နွယ်ပင်အကြောင်းဆိုရင်တော့ Poison Ivy (1992) ဇာတ်ကားလေးက သံဝေဂရစရာပါ…

ဇာတ်လမ်းလေးကတော့…

Ivy ဆိုတဲ့မိဘမဲ့မိန်းကလေးတစ်ယောက်က ချမ်းသာတဲ့သူငယ်ချင်းရဲ့အဖေကိုချဉ်းကပ်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

ချဉ်းကပ်တဲ့နေရာမှာ နာမည်နဲ့လိုက်အောင် အဆိပ်ပြင်းတဲ့ “Ivy” နွယ်ပင်ဆိုတဲ့အတိုင်း သေသေချာချာအကွက်ချစီစဉ်ပြီး

သူငယ်ချင်းမိသားစုကို ပြိုကွဲအောင်ကြံစည်တာမျိုးပါ။

Ivy ရဲ့ ညှို့ဓာတ်အပြည့်နဲ့ ဘယ်လိုရစ်ပတ် အဆိပ်သင့်သွားသလဲဆိုတာ……။

Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။

 

Read More 0 comments

 


Rating : 8.0/10
Country : United State
Genre : Biography, Sport
Released Date : 2013
Duration : 1h 39min

အညွှန်း

မန်ချက်စတာယူနိုက်တက်ပရိတ်သတ်ဆိုရင် 92 ခုနှစ်အတန်း.. Class of 92 ကစားသမားတွေကို မသိသူရှိမယ်မထင်ပါဘူး

ယူနိုက်တက်တို့ရဲ့ရာဇဝင်မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ အခိုက်အတန့်ဖြစ်တဲ့ 99 ခုနှစ်ရာသီ ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့မှုမှာလဲ

Class of 92က အသင်းသားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ်

ဒီဇာတ်လမ်းကတော့ Class of 92ကစားသမားတွေဖြစ်တဲ့အပြင်

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်း၊ နစ်ကီဘတ်၊ ပေါလ်စခိုး၊ ရိုင်ယန်ဂစ်၊ ဖီးလ်နဗီးနဲ့ ဂယ်ရီနဗီးတို့

ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေအကြောင်းကို အသားပေး ဖော်ပြထားတာဖြစ်ပါတယ်

1992 ကနေ 99ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်အထိအကြောင်းတွေပါဝင်ပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြား အင်္ဂလိပ်ဘောလုံးလောကရဲ့ အနိမ့်အမြင့်အတက်အကျတွေနဲ့အတူ

အင်္ဂလိပ်ဘောလုံးပရိတ်သတ်တွေရဲ့ ဘောလုံးအားကစားအပေါ်ရူးသွပ်မှုတွေကိုလဲ သိမြင်နိုင်မှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားက Documentary အမျိုးအစားဖြစ်ပြီး သရဲနီတစ်ယောက်အတွက်လုံးဝမေ့ထားလို့မရတဲ့

ယူနိုက်တက်ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်လည်ခံစားရင်း Class of 92 ကစားသမားအကြောင်းတွေ

ယူနိုက်တက်အကြောင်းတွေကိုပါ အတွင်းကျကျ တစ်ဝကြီးခံစားနိုင်မှာပဲဖြစ်ပါကြောင်း… 

Read More 0 comments


 

Rating : 7.3/10
Country : China
Genre : Action, Thriller 
Cast : Tony Ka Fai Leung, Brigitte Lin, Maggie Cheung
Released Date : 1992
Duration : 1h 28min

အညွှန်း
မာယာများတဲ့ ကန္တာပြင်ရာသီဥတုဟာ
အစောကမှ ခြစ်ခြစ်တောက်နေသာရာက
ခုတစ်ဖန် သည်းကြီးမည်းကြီး မိုးတွေရွာနေပေါ့။
ဒီအပြောကျယ်တဲ့ကန္တာပြင်မှာ လူတွေရဲ့
တစ်ခုတည်းသော မှီတည်ရာက နဂါးအင်း။
လူ့ကမ္ဘာကိုရှုပ်ထွေးရက်စက်တဲ့ နေရာလို့ဆိုရင်
နဂါးအင်းဟာ အဲ့ဒီရှုပ်ထွေးရက်စက်မှုအပေါင်းကို
တပ်မက်စွာ သိမ်းဆည်းရာနေရာဖြစ်တယ်။
နဂါးဂိတ်နားက နဂါးအင်းဟာ လွင်တီးခေါင်ကန္တရမှာ
ထီးတည်းတည်ရှိနေတဲ့ အိုအေစစ်မဟုတ်တဲ့ ငရဲ။
လူဆိုးသူခိုးတွေရဲ့ ဆုံမှတ်နေရာ။
တွေးကြည့်လို့တောင်မရတဲ့ ရက်စက်မှုတွေ
ဒီနေရာမှာရှိတယ်။နဂါးအင်းကိုရောက်လာသူတို့ဟာ
ကိုယ်တိုင်တောင်မသိလိုက်ရဘဲ ဇာတ်တူသားစားသူတွေ ဖြစ်လာတယ်။ နဂါးအင်းရဲ့ စားဖိုခန်းထဲက
ဘာဘရီယန်တစ်ကောင်ဟာ လျှို့ဝှက်လမ်းကကျလာတဲ့
လူသေတွေကို အရိုးအတိကျန်အောင်နွှင်ပြီး ပေါက်စီ
လုပ်တယ်။နဂါးအင်းရဲ့ ဆိုင်ရှင်မိန်းမလှဟာ သူ့အလှမှာ
ယစ်မူးပျော်၀င်သူ ယောကျာ်းသားတို့ကို အသားလုပ်
ရောင်းတယ်။ နယ်စပ်မျဉ်းမှာရှိနေတဲ့ မသာမယာ
ဒီနဂါးအင်းကို ရောက်လာသူတို့မှာ ကောင်းသော
ရည်ရွယ်ချက်များ မရှိခဲ့ကြဘူး။
ကလဲ့စား တဏှာ အာဏာ ရန်ကြွေး
ငွေအရေး ဤအချက်များမှ မကင်းလွတ်ကြဘူး။
ဒီလူတွေကပဲ နဂါးအင်းကို ရက်စက်စေတာလား
နဂါးအင်းကိုယ်၌ကပဲ ခက်ထန်နေတာလားလဲ
မသိရဘူး။ ဘယ်လိုပဲဆိုဆို သူရဲကောင်းတွေတောင် ရင်မဆိုင်ဝံ့တဲ့
ဒီကန္တာအလယ်က နဂါးအင်းမှာ မလှပတဲ့
ဇာတ်လမ်းများစွာဖြစ်ပြီးခဲ့ပြီး ဖြစ်နေဆဲပဲ။
ဒီဇာတ်လမ်းဟာ ထိုထိုသော ဇာတ်လမ်းများစွာ
ထဲက တစ်ပုဒ်ဖြစ်တယ်။
တိုနီလောင်ခဖိုင်၊မက်ဂီချောင်၊ဘရစ်ဂျစ်လင်း
တို့လို ဟောကောင်ရဲ့ Legend actor
Actress တွေအပြင် လူသိများတဲ့ ဒွန်းနီယန်
လည်းပါ၀င်သရုပ်ဆောင်ထားတယ်။
ဟောင်ကောင် သိုင်းကားတွေကို စီနီမာတို
ဂရပ်ဖီကောင်းကောင်းနဲ့ ရိုက်ထားတာတွေ
အရမ်းမများတဲ့အထဲက တစ်ကားဖြစ်တယ်
Best Cinematography ဆုရထားတယ်
ဒီဆုနဲ့တန်လောက်အောင်လည်း
ရိုက်ကွက်တွေဟာ လှပတယ်။
1992ထွက်ပေမယ့် Cinematographyတွေဟာ
အခုကာလအထိ ခေတ်မှီနေတုန်းပဲ။
Best Action, Best Actresse,
Best Film Editingစတဲ့ဆုတွေလည်း
ရထားတယ်။ ဒီရုပ်ရှင်က‌နေ Inspiration
ပိစိလေးတွေရပြီး ရိုက်တဲ့ အင်္ဂလိပ်ကား
နှစ်ကားလောက်ရှိမယ်လို့ မြင်မိတယ်။
တစ်ချို ဇာတ်၀င်ခန်းတွေမှာ
2000ခုနှစ်အကျော်က ဟောလိဝုဒ်ရုပ်ရှင်
နှစ်ကားကို ပြန်သတိရစေတယ်။
အာရှရဲ့ ရုပ်ရှင်ကောင်းတွေအထွက်များတတ်တဲ့
ဟောင်ကောင်ရဲ့ ဂန္တ၀င်စာရင်း၀င်လောက်တဲ့
ကားဆိုတော့ ဒီလောက်တော့ရှိမှာပဲ။ဇာတ်ကောင်တွေထက် တည်နေရာတစ်ခုကို
ပိုအသားပေးထားတဲ့ ရုပ်ရှင်ကောင်းတွေရဲ့
ရသဟာထူးခြားတတ်တယ်။
Midnight in Paris တို့ Casablancaတို့လိုပေါ့။
ဒီလိုရုပ်ရှင်တွေဟာ အဲ့ဒီတည်နေရာရဲ့ ရသကို
ကြည့်ရှုသူကိုခံစားရစေတယ်။
လူတွေကဖော်ပြတဲ့ရသထက် နေရာတွေက
ဖော်ပြတဲ့ရသတွေက ပိုအရသာရှိတယ်လို့
ကျွန်တော်တော့မြင်တယ်။
Casablanca ဆိုတဲ့နာမည်ကြားမိရင်
a kiss is still a kiss in Casablanca
ဆိုတဲ့ စာသားကို ကြားမိသလို
ပါရီဆိုတဲ့နာမည်မြင်မိရင် ဗန်ဂိုးတို့လိုလူတွေ
ပါရီရဲ့အနုပညာတွေ ပြေးမြင်မိသလိုပေါ့။
သူတိုဟာ တစ်ခုတည်းသောခံစားမှုကိုမဟုတ်ဘဲ
နာမည်မြင်မိရင် မြောက်များစွာသောခံစားမှုတွေကို
ခဏအတွင်း ရစ်ထုံး ပေးစွမ်းနိုင်တယ်။
နေရာတစ်ခုအပေါ်မူတည်ပြီးရသပေးနိုင်စွမ်းမှာ
Dragon Gate Inn ဟာလည်း မနုံနဲ့ဘူး။
နဂါးအင်းဟာ ကျွန်တော်တို့ နှစ်သက်စွဲလမ်းခဲ့
ကြဖူးတဲ့ အမျိုးမျိုးသော စာရေးဆရာ‌တွေရဲ့
လျှို့ဝှက်ရက်စက်တဲ့ သိုင်းကမ္ဘာကို
ပြန်မြင်မက်မိစေတယ်။
Read More 0 comments


 

Rating : 8.6/10
Country : India
Genre : Drama
Cast : Kanu Bannerjee, Karuna Bannerjee, Subir Banerjee
Released Date : 1955
Duration : 2h 5min

အညွှန်း
1992မှာ အော်စကာဆု‌ပေးပွဲမှာ Honorary Awardကို အိန္ဒိနိုင်ငံသား ဆတ်ရာဂျစ်ရေးက ရခဲ့တယ်။
သူက ဟောလိဝုဒ် ဒါရိုက်တာတစ်ချို့ စံထားရတဲ့ အိန္ဒိယဒါရိုက်တာဆိုလည်း မမှားဘူး။
မြန်မာပြည်မှာဆိုလည်း ခင်မောင်ရင်ဟာရေးရဲ့ အပုသုံးကားကြောင့် “နှမလက်လျှော့နေလေတော့”ကို ရိုက်ဖြစ်ခဲ့တယ်။
နှမလက်လျှော့ဟာ ရုံဝင်ငွေအရမအောင်မြင်ပေမဲ့ ပြင်သစ်ရုပ်ရှင်ပွဲတော်အတွက် ဒီကလာရွေးတဲ့ထဲမှာ တစ်ကားတည်းသော ရွေးတဲ့လူတွေ စိတ်တိုင်းကျတဲ့ကားလို့ သိရတယ်။
ဒီလိုအတော်များများ စံထားရတဲ့ ဆတ်ရာဂျစ်ရေးဟာ ရာဘင်နတ်တဂိုးရဲ့တပြည့် ဖြစ်တဲ့အပြင် ဒါရိုက်တာတင်မဟုတ်ဘဲ
scriptwriter,essayist, lyricist, magazine editor, illustrator,နဲ့ music composerစတဲ့ နယ်ပယ်တွေမှာပါ ခြေဆန့်နိုင်တဲ့ Geniusတစ်ယောက်ပါပဲ။
ရေးကို Perfectionistလို့ဆိုကြတယ်။ အဲ့ဒီ Perfectionistဆိုတာနဲ့ပက်သက်ပြီး ခင်မောင်ရင်ကတော့
“သူ့ရဲ့ခံယူချက်က ဒီလိုကွ။ Simplicity perfection and beauty လို့ခေါ်တယ်။ အင်္ဂလိပ် လို။ အရိုးဆုံးကို လုပ်လို့ရှိရင် မင်းအမှားနည်းတယ်။ အမှားနည်းတဲ့ပစ္စည်း တွေက လှတယ်ကွစ။ အလွန်ချစ်စရာကောင်းတဲ့ ဘင်္ဂါလီအယူအဆ။ ဆိုတော့ အရိုးဆုံးဆိုတာဘာလဲလို့၊ အရိုးဆုံးဆိုတာ မင်းအသိဆုံး၊ မင်းရိုးရိုးသားသား ကြီးသိတာ၊ ဘာမှကြံစည်စိတ်ကူး ထိုးထောင်၊ ထွင်…ဒါတွေ ဘာမှမလိုဘဲနဲ့၊ မင်းသွေးထဲသားထဲကကို သိနေတဲ့ ဟာကို မင်းလူတစ်ယောက်ကို ပြောပြ တော့မယ်ဆိုရင် မင်းပြက်ပြက်ထင်ထင်ဖြစ် အောင်ပြောနိုင်မယ်။ အဲဒီ အကောင်ဟာရုပ်ရှင်ရိုက်ပြလို့ရပြီ။စာရေးလို့ရပြီ။ အဲလိုဆိုရင် အမှားနည်း လိမ့်မယ်တဲ့။ အမှားနည်းခြင်း၌ အလှတရားသည် ရှိ၏။ “လို့
ဆိုထားတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ ဒီဘက်ခေတ် အတော်အတန်ကောင်းတဲ့ရုပ်ရှင်တွေမှာတွေ့ရတဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ဖြစ်မနေတဲ့ ရုပ်ရှင်တွေရဲ့ ကနဦးရုပ်ရှင်တစ်ကားလို့ ဆိုလို့ရတယ်။
ပြောရရင် အရှိတရားကို အသားပေးတဲ့ ရုပ်ရှင်တစ်ကားပါပဲ။
ဆန်းပြားခမ်းနားတဲ့ ဇာတ်ဝင်ခန်း‌ ထူးထွေများမြောင်ကို မြင်ရမှာမဟုတ်ဘူး။
ဒါပေမဲ့ ဘင်္ဂါလီအောက်ခြေလူတန်းစာ‌းတွေရဲ့ ဘဝကိုတော့ ကွက်ကွင်းကွင်းကွင်း
မြင်နိုင်အောင်ကိုပြထားတယ်။
နီးနီးစပ်စပ်သိတာနဲ့နှိုင်းပြရရင် သုခမြို့တော်ဆန်တယ်။
သုခမြို့တော်ရဲ့ ရုပ်ရှင်ဟာ စာအုပ်ရဲ့ ခံစားမှုကိုမပေးနိုင်ပေမဲ့ Pather Panchaliဟာ သုခမြို့တော် စာအုပ်ရဲ့ ခံစားမှုကိုပေးနိုင်တယ်လို့ ကျွန်တော်တော့ ထင်တယ်။
Pather Panchali ၊Aparajitoနဲ့ Apur Sansarဆိုပြီး Triology ထွက်ထားတယ်။ ဇာတ်ကောင် အပုနာမည်ယူပြီး Apu Triologyလို့ ခေါ်ကြတယ်။ ရိုက်ရတဲ့ရည်ရွယ်ချက်နဲ့ ပက်သက်ပြီး
” ဇာတ်လမ်းက ဆန်းဆန်းပြားပြား မဟုတ်ဘူး။
ဘင်္ဂါလီပတ်ဝန်းကျင်မှာ ရှိတဲ့ ဘင်္ဂါလီ အလယ်လတ်တန်းစားနဲ့ ဆင်းရဲသားများအကြောင်းပဲ။
အဲဒီဒါရိုက်တာက ဒါကိုကောင်း ကောင်းသိတယ်။
ကောင်းကောင်း သိတော့ ဒီသုံးကားကို ရိုက်တယ်။ ကောင်း ကောင်းသိတယ်ဆိုတာက သူတို့အိမ် တွေက ဘယ်လို၊ သူတို့ယုံကြည်တာက ဘယ်လို၊ သူတို့ဓလေ့ထုံးတမ်းက ဘယ်လို၊ သူတို့ယဉ်ကျေးမှုက ဘယ်လို၊ သူတို့ရိုးရာတွေက ဘယ်လို၊ သူတို့မိသားစုချင်း ဆက် ဆံတာက ဘယ်လို၊ ဘယ်လိုစားတာ၊ ဘယ်လိုသွားတာ၊ ဘယ်လိုစားတယ်၊ ဘယ်လိုအိပ်တယ်၊ ဘယ်လို ထိုင်တယ်၊ အကုန်လုံး ရှော်တိုးဂျစ်ရွိုင်းက သိတယ်။ သိတော့ အဲဒီဟာကို ရိုက်တယ်။ ဘာဖြစ်လို့ရိုက်တာတုန်း။ သူသိပ်သိလို့ရိုက်တာ။ “
လို့ ခင်မောင်ရင်ကဆိုတယ်။
Read More 0 comments


 

Rating : 8.0/10
Country : United State
Genre : Animation, Adventure, Comedy 
Cast : Scott Weinger, Robin Williams, Linda Larkin 
Released Date : 1992
Duration : 1h 30min

အညွှန်း
ပါရှန်း အာရပ် အိန္ဒိယ ဘဂ္ဂဒက်နဲ့ အိန္ဒိယပုံပြင်တွေရောနှောနေတဲ့
အာရေဘီယမ် နိုက်စ် လို့ခေါ်ကြတဲ့ ပုံပြင်ထဲ ပုံပြင်ဆင့်နေတဲ့
တစ်ထောင့်တစ်ညပုံပြင်တွေဟာ ၁၈ရာစုကတည်းက
ကျော်ကြားခဲ့ပါတယ်။ မြန်မာဘာသာပြန်ဆိုရေးသားခဲ့သူတွေ
ကလည်း ဒေါက်တာရှိတ်အဗ္ဗဒူရာမန်ရယ်၊ သခင်ဘသောင်းရယ်
ကျော်လှိုင်ဦးရယ်လို့ သုံးဦးရှိပါတယ်
ဒီပုံပြင်တွေ ဘယ်လိုကောင်းကြောင်းကိုတော့
ကျွန်တော် သခင်ဘသောင်းရဲ့ တစ်ထောင့်တစ်ညပုံပြင်များ
အမှာစာကိုပဲ ကိုးကားပြောချင်ပါတယ်။
“တစ်ထောင့်တစ်ညပုံပြင်များသည် ဖတ်ရသည့်ခဏ၌
လောက၌ မိမိတို့လက်ငင်း ကြုံတွေ့နေရသော
မသာာယာမှုအပေါင်းကို တစ်ခဏသော်မျှ
ကင်းငြိမ်းစေနိုင်လိမ့်မည်။မသာယာသော
တရားတို့ကင်းငြိမ်းသည့် ခဏသည်
လောကနိဗ္ဗာန် မဟုတ်လော”လို့ရေးထားပါတယ်။ ဒီပုံပြင်တွေထဲက အာလာဒင်တို့ ဆင်းဘတ်တို့
အာလီဘာဘာနဲ့ခိုးသားလေးဆယ်တို့ကို
ရုပ်ရှင်ကားပေါင်းများစွာ မှီငြမ်းရိုက်ခဲ့ပြီးပါပြီ။
ဒီရုပ်ရှင်ကတော့ တစ်ထောင့်တစ်ပုဒ်သောပုံပြင်တွေထဲက
တစ်ပုဒ်ဖြစ်တဲ့ အာလာဒင်ကို Disneyက version
ပြောင်းပြီး သူ့ဟန်အတိုင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
ဆိုခဲ့သလိုပဲ 1992က ထြက္ခဲ့ၿပီး
ရော်ဘင်ဝီလီယျံ မီးခွက်စောင့်ဂျင်နီအဖြစ်
အသံသရုပ်ဆောင်ခဲ့တဲ့ ဒီကာတွန်းရုပ်ရှင်မှာလည်း
မူရင်းပုံပြင်ထက် မလျော့တဲ့ ရသကို ခံစားနိုင်ပါတယ်။
IMDB 8ရထားတဲ့အပြင် 1993မှာ အော်စကာ၂ဆု
လည်းရထားပါတယ်။
Read More 0 comments

10 Episodes

Rating : 9.5/10
Country :  India
Genre : Biography,Crime,Drama

ဒီဒရမ်မာလေးက နာကျင်မှု ယုံကြည်မှု စွန့်လွှတ်မှု စတဲ့အရာတွေကိုဖော်ထုတ်ပြထားတဲ့ ဆန်းကြယ်လှပကဗျာဆန်တဲ့ဒရမ်မာလေးတစ်ခုဖြစ်ပါတယ်

 

 

Read More 0 comments


Rating : 7.6/10
Country : United State
Genre :  Comedy, Drama
Cast :   Leonardo DiCaprio, Brad Pitt, Margot Robbie
Released Date : 2019
Duration : 2h 41min 

အညွှန်း

တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။အရင်ရှစ်ကားကတော့ Django Unchained (2012) … The Hateful Eight (2015) … Death Proof (2007) …Inglourious Basterds (2009) … Reservoir Dogs (1992) … Kill Bill: Vol. … Kill Bill: Vol. … Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။

ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။လီယိုနာဒို၊ ဘရက်ပစ်၊ မာဂေါ့ ရော်ဘီ တို့ အဓိက ပါဝင်ထားပါတယ်။လီယိုနာဒိုကတော့ ရစ်ခ် ဒယ်တန်ဆိုတဲ့ နာမည်ကျဆင်းနေတဲ့ ဟောလိဝုဒ် မင်းသားပေါ့။တစ်ချိန်ကတော့ ဂျိတ်ကေဟေးဆိုတဲ့ ကောင်းဘွိုင်ဇာတ်ကောင်နဲ့ ပေါက်ခဲ့ဖူးခဲ့သူပါ။အခုတော့ ဇာတ်လမ်းတွဲလေးတွေမှာ ဗီလိန်လိုက်လုပ်ပေးနေရပါပြီ။သူ့ရဲ့ စတန့်အရံကတော့ ကလစ်ဖ် ဘုသ် ( ပရက်ပစ်) ပါပဲ။သူကတော့ ရစ်ခ်ရဲ့ မိတ်ဆွေကောင်းအဖြစ် အတူရုန်းကန်နေတဲ့သူပေါ့။မာဂေါ့ရော်ဘီကတော့ ဟောလိဝုဒ်နာမည်ကျော် ဒါရိုက်တာ ရိုမန် ပိုလန်းစကီးရဲ့ မိန်းမအဖြစ် သရုပ်ဆောင်ထားပါတယ်။မထင်ရှားသေးတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ အခြေအနေကိုလည်း ပြထားတာပေါ့။သူတို့တွေကို အခြေခံပြီး ဟောလိဝုအထာ၊ ဟစ်ပီတွေ၊ အီတလီရုပ်ရှင်တွေနဲ့ ၁၉၆၀ ဝန်းကျင် ရွှေခေတ်ကို ပုံဖော်ပြထားတာလေးကို လှလှပပ ခံစားကြည့်ရမှာပါ။ဘောနက်စ်အနေနဲ့တော့ ဘရုစ်လီဇာတ်ကောင်ကိုလည်း တွေ့ရပါလိမ့်ဦးမယ်။ ဘရုစ်ဖန်တွေတော့ နည်းနည်းထိရှမလားပဲ။


 

Read More 0 comments


 

Rating : 7.2/10
Country : United State
Genre : Drama
Cast : Craig Sheffer, Brad Pitt, Tom Skerritt
Released Date : 1992
Duration : 2h 3min

အညွှန်း
နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်။
စက္ခုရဲ့တုရှုမှာမြစ်တစ်စင်း။
ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ်ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။
သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာ တဖြည်းဖြည်း မှိန်ပြလာတယ်။
ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်‌‌တွေရဲ့ သက်သေပါပဲ။
သူချစ်တဲ့လူတွေကို သူနှစ်ခါပြန် ချိုးလို့မရတဲ့ မြစ်တစ်စင်းက ခေါ်ဆောင်သွားခဲ့ပြီ။
ရေတွေရဲ့ အသံကို သူ နားစိုက်ထောင်ကြည့်တယ်။
သူ့အဖေ သင်းအုပ်ဆရာ ရီဗားရန့်မက်ကလင်းကတော့ တစ်ခါပြောဖူးတယ်။“ဟိုးတုန်းက ရွှံ‌‌တွေပေါ်ကို မိုးစက်‌တွေကျပြီး ကျောက်တုံးတွေဖြစ်လာခဲ့တယ်။
အတိကျအဆို လွန်ခဲ့တဲ့ နှစ်သန်းငါးရာအကြာတုန်းကပေါ့။
ကျောက်တုံးတွေမဖြစ်လာခင်မှာ ဒီကန်ကြီးရဲ့အောက်ခြေမှာ တကယ်တမ်းရှိခဲ့တာက ဘုရားသခင်ရဲ့စကားလုံးတွေပဲတဲ့”
သူတကယ်တမ်းကြားနေရတာကတော့ ဘုရားသခင်ရဲ့ စကားလုံးတွေမဟုတ်ဘဲ သူချစ်ခဲ့တဲ့လူ‌တွေရဲ့ စကားလုံးတွေပါပဲ။
သူ့အဖေပြောနေကြ တရားစာတွေ၊ သူ့ညီလေးပေါလ်ရဲ့စကားလုံးအရိုင်းတွေ၊ သူ့ဘဝရဲ့အချစ်ဂျက်ဆီရဲ့ စကားလုံးချိုချိုတွေ
မြစ်အောက်ဘက်ကကျောက်တုံးတွေအောက်မှာ ခိုဝင်နေတဲ့စကားလုံးတွေကို သူကြားနေရတယ်။
ဟိုးအတိတ်နေ့တစ်ရံတစ်ခါဆီတုန်းက ဒီမြို့ကလေးရဲ့နေ့ရက်တွေကို သူပြန်ကြားနေရတယ်။
မြို့လယ်‌ခေါင်က အုတ်ခုံကလေးပေါ်မှာ ထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ကလေးဘဝတွေ လူငယ်ဘဝတွေကို သူပြန်ကြားနေရတယ်။
လူဟာ ဘယ်လိုပဲ ငါဗဟိုပြုသတ္တဝါလို့ပြောပြော အရင်တစ်ခါဘဝကို ပြန်တွေးကြည့်တဲ့အခါ တကယ်တမ်း သူ့မှတ်ညဏ်မှာစွဲထင်ကျန်နေခဲ့တာက သူ့အကြောင်းတွေမဟုတ်ခဲ့ဘူး။
သူချစ်ခဲ့တဲ့လူတွေအကြောင်းတွေ တိတိပပပြောရရင်သူချစ်ခဲ့တဲ့လူတွေကို သူချစ်ခဲ့တဲ့အတိတ်တွေ။
သူ့အဖေ နောက်ဆုံးဟောခဲ့တဲ့ ဒေသနာတစ်ပုဒ်မှာ ပါသလိုပဲ
” လူတွေဟာ သူတို့ချစ်တဲ့သူတွေရဲ့ စိတ်ကိုတောင် သူတို့နားလည်နိုင်မှာမဟုတ်ဘူး။”
နော်မန်ဟာ သူ့ညီ ပေါလ်ကိုလုံးဝနားမလည်ခဲ့ပါဘူး။
သူ့အဖေပြောသလို သူဟာ ပေါလ်ကို အလုံးစုံနားမလည်ပေမယ့် အပြည့်အဝချစ်နိုင်ခဲ့တယ်။
နော်မန်ဟာ သူချစ်တဲ့လူတစ်ယောက်ကို ပထမဆုံးဆုံးရှုံးလိုက်ရတဲ့အချိန်တုန်းက သူနားမလည်ခဲ့တဲ့ အရာကို ဆံပင်ဖြူ‌တွေဖွေးထနေတဲ့ဘဝမှ
သူနားလည်လာတယ်။အချိန်တွေဘယ်လောက်ကြာခဲ့လဲ
ဘယ်လောက်ထိအတူရှိခဲ့ကြလဲ။
ဘယ်လောက်ထိ အသက်ရှည်ခဲ့ကြလဲ။
အရေးမကြီးဘူး။
တစ်ချို့ကျောက်တုံး‌တွေပေါ်မှာ ဘယ်တော့မှပြောင်းလဲမသွားတဲ့ မိုးရေစက်တွေရှိတယ်။
ကျောက်တုံးတွေအောက်မှ‌ာတော့ စကားလုံးတွေရှိတယ်။
အဲ့ဒီထဲက တစ်ချို့က‌‌တော့ နော်မန်ချစ်ခဲ့ဖူးတဲ့လူတွေရဲ့စကားလုံးတွေ။
သူတို့ရဲ့နေ့တွေ သူတို့ရဲ့ဘဝတွေ
သူတို့ရဲ့စကားလုံး‌တွေပေါ်ကို မြစ်တစ်စင်းက
ဖြတ်သန်းစီးဆင်းသွားတယ်….
မြစ်တစ်စင်းက ဖြတ်သန်းစီးဆင်းသွားတယ်….
မြစ်တစ်စင်းက ဖြတ်သန်းစီးဆင်းသွားတယ်…. ။
Read More 0 comments


Rating : 7.5/10
Country : United State
Genre : Comedy, Crime, Drama
Cast : Tim Robbins, Greta Scacchi, Fred Ward 
Released Date : 1992
Duration : 2h 4min

အညွှန်း
(ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ
ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး….စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို
ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့်
ဆုံးဖြတ်ပေးရပါတယ်…
ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်…ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ…တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်…ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်…အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်…အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ……ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်… ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ တမူထူးခြားတဲ့ ရသတွေခံစားမှာဖြစ်လို့… ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ…
Read More 0 comments


Rating : 5.0/10
Country : United State
Genre :  Action, Adventure, Comedy 
Cast : Rick Moranis, Eve Gordon, Bug Hall 
Released Date : 1997
Duration : 1h 14min

အညွှန်း
ဆာလင်းစကီးတို့ ဆက်လက်ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါ….Honey I Blew Up the Kid(1992)ကထွက်ခဲ့တဲ့ကားကိုကြည့်ပြီး သဘောကျတယ်ဆိုရင် ဒီဇာတ်ကားကိုဆက်လက်ကြည့်ကြပါ…အညွှန်းကတော့ စပွိုင်လာအကြီးကြီးဖြစ်မှာစိုးလို့ မရေးတော့ပါဘူး…ဆာလင်းစကီးတို့ ဘယ်လိုအခက်အခဲတွေကြုံရ ဘယ်လိုပြဿနာတွေကြုံရဆိုတာကိုတော့
ဆက်လက်ခံစားကြည့်ကြပါကုန်….
Read More 0 comments


Rating : 4.8/10
Country : United State
Genre :  Adventure, Comedy, Family 
Cast : Rick Moranis, Marcia Strassman, Robert Oliveri
Released Date : 1992
Duration : 1h 29min

အညွှန်း
ဆာလင်းစကီးဆိုတဲ့ သူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီးမိန်းမရယ် သမီးလေးတစ်ယောက် သားလေး(၂)ယောက်တို့နဲ့ အတူနေထိုင်ကြတယ်…သူဟာ ကုပ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်နေပြီး လက်ရှိမှာတော့ သူ့ရဲ့တွေ့ရှိချက်တစ်ခုကို အကြီးအကျယ်အကောင်အထည်ဖော်ဖို့ကြိုးစားနေကြတယ်….
တစ်ရက်မှာတော့ မိန်းမဖြစ်သူနဲ့ သမီးဟာ ခရီးရှည်တစ်ခုထွက်ဖို့ရှိလာလို့အိမ်မှာ သား(၂)ယောက်နဲ့အတူကျန်ခဲ့လေရဲ့…သူတို့အဖွဲ့ကြိုးစားနေတဲ့ ပရော့ဂျက်ကလည်းအောင်မြင်ဖို့ လက်တစ်ကမ်းအလိုရောက်နေပေမယ့် အခက်အခဲတစ်ခုကြောင့်ကျန့်ကြာနေကြတယ်..ဆာလင်းစကီးဟာ သူ့သားလေး (၃)နှစ်အရွယ်ကိုချော့သိပ်နေတုန်းမှာ ပရော့ဂျက်အတွက်အခက်အခဲကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုကိုတွေ့သွားတယ်…ဒါ့ကြောင့် သား(၂)ယောက်ကိုခေါ်ပြီး သိပ္ပံစမ်းသပ်ခန်းထဲကိုခေါ်သွားတယ်…အဲ့ဒီမှာ ပြဿနာအကြီးကြီးစတော့တာပဲ….ဘယ်လိုပြဿနာတွေတက်မလဲ…ဆာလင်းစကီတစ်ယောက်သူရှုတ်ခဲ့တဲ့ပြဿနာအကြီးကြီးကိုပြန်ရှင်းနိုင်ပါ့မလား…ဒီဇာတ်ကားက ရယ်လည်းရယ်ရသလိုအဲ့ဒီခေတ်က ချစ်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ညွှန်းလေးတွေကို တွေ့နေရတယ်…
Read More 0 comments


Rating : 1992/10
Country : Japan
Genre :  Anime, Adventure, Comedy 
Cast : Shûichirô Moriyama, Tokiko Katô, Bunshi Katsura Vi 
Released Date : 1992
Duration : 1h 34min

အညွှန်း
Porco Rosso ဆိုတာ ကျိန်စာသင့်ပြီးတော့ လူကနေ ဝက်ဘဝကိုရောက်သွားတဲ့သူ။ ကျိန်စာဘယ်လိုသင့်တယ် ဘာကြောင့်သင့်တယ်ဆိုတာကိုလည်းမသိရ။ သူ့ရဲ့လူဘဝကနာမည်က Marco Pagot ၊ ပထမကမ္ဘာစစ်အတွင်းမှာ လေသူရဲတစ်ဦးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တွင်းမှာပဲသူ့ရဲဘော်ရဲဘက်တွေ ကျဆုံးတာကိုမျက်ဝါးဝါးထင်ထင်
မြင်ခဲ့ရပြီးနောက်မှာတော့ အငြိမ်းစားယူသွားပြီး ကြေးစားလူဆိုးဖမ်းတစ်ယောက်အဖြစ်နဲ့သာရပ်တည်ပါတော့တယ်။ အေဒြီယက်တစ်ပင်လယ်ကြီးရဲ့ကောင်းကင်မှာ
အနီရောင်လေယာဉ်ကိုစီးနင်းပြီး လူဆိုးတွေကိုချေမှုန်းနေတဲ့ Porco ဟာ အဲဒီပတ်ဝန်းကျင်မှာ ကျတ်စားကြတဲ့ ဝေဟင်ဓားပြတွေအတွက် အိပ်မက်ဆိုးကြီးသဖွယ်ဖြစ်လာပါတယ်။ အဲဒီအိပ်မက်ဆိုးအန္တရာယ်ကောင်ကြီး Porco ကိုရပ်တန့်ဖို့အတွက်
ဝေဟင်ဓားပြတွေအားလုံးစုပေါင်းပြီး Curtis ဆိုတဲ့ အမေရိကန်ကြေးစားလေသူရဲတစ်ဦးကို အခကြေးငွေပေးပြီး ငှားရမ်းလိုက်တဲ့အချိန်မှာတော့……
Read More 0 comments