EVE (2022)


Episodes : 16
Country : Korea
Released Date : 2022
 
 

အညွှန်း

ကိုရီးယားရဲ့နာမည်ကျော် ဝမ် ၂ ထရီလီယံ ကွာရှင်းမှုအကြောင်းကို
အခြေတည်ထားတဲ့ ဒရာမာကားကောင်းကောင်းလေး လာပါပြီ။

ဇာတ်လမ်းအကျဉ်းကတော့ …..
Lee Ra El ဆိုတဲ့အမျိုးသမီး လက်စားချေလိုစိတ် ပြင်းထန်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။
ဘာလို့ လက်စားချေလိုစိတ် ကြီးရတာလဲဆိုတော့
ငယ်ငယ်တုန်းက အာဏာကြီးသူတွေရဲ့လက်ထဲ မတရားမှုနဲ့
သေဆုံးသွားခဲ့ရတဲ့ သူမရဲ့အဖေကြောင့်ပဲဖြစ်ပါတယ်။

Lee Ra El ရဲ့အဖေ သေဆုံးသွားပြီးနောက်မှာတော့
သူတို့မိသားစုလေးဟာ ပျက်စီးသွားခဲ့ရပါတယ်။
တစ်ချိန်မှာတော့ သူမ လက်စားချေဖို့ အကြောင်းဖန်လာပါတော့တယ်။
လက်စားချေဖို့အတွက် သူမရဲ့ပစ်မှတ်ကတော့
LY Group ကို ဦးဆောင်နေတဲ့ Kang Yoon Gyeomပဲဖြစ်ပါတယ်။
Ra El က Seo Eun Pyung ရဲ့အကူအညီနဲ့ အစီအစဉ်ကိုအကောင်ထည်ဖော်ခဲ့ပါတယ်။
Seo Eun Pyung ကတော့ မိဘမဲ့ဂေဟာ‌‌မှာ ကြီးပြင်းခဲ့တဲ့သူဖြစ်ပြီး
အမျိုးသားလွှတ်တော်ရဲ့ အသက်အငယ်ဆုံး အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့အသက်ကတော့
Lee Ra El ဟာ Kang Yoon Gyeom နဲ့ကွာရှင်းဖို့အတွက် ဝမ်၂ထရီလီယံ တောင်းဆိုရာကနေ စပါတော့တယ်။
ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်လမ်းတွဲထဲမှာ ဆက်လက်စီးမျောရမှာပါ။

Seo Ye Ji, Park Byung Eun, Lee Sang Yeob စတဲ့နာမည်ကြီးတွေပါဝင်ထားတဲ့ဇာတ်လမ်းကောင်းဖြစ်ပြီး
အိမ်ထောင်ရေး ဒရာမာကားကောင်းတစ်ကားကို ရင်တမမနဲ့ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်
အလုပ်စဆင်းတဲ့အချိန်မှာတော့ တက်ကြွပြီး လုပ်ငန်းကျွမ်းကျင်တဲ့ အလုပ်သင်လုပ်ဖော်ကိုင်ဖက် An Yeong Yi (Kang So Ra)နဲ့ ရည်မှန်းချက်ကြီးမားတဲ့ လုပ်ဖော်ကိုင်ဖက် Jang Baek Ki (Kang Ha Neul)တို့နဲ့ တွေ့ဆုံခဲ့ရပါတယ်။ အလုပ်သင်ကာလ ပြီးတဲ့အခါမှာတော့ သူတို့ကို နဂိုဌာနတွေ မဟုတ်ဘဲ အခြားဌာနဆီကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။ လုပ်ငန်းမကျွမ်းကျင်တဲ့ Geu Rae က အထက်လူကြီးဖြစ်တဲ့ ဌာနမှူး Oh Sang Shik (Lee Sung Min) နဲ့တွေ့ဆုံပြီး လုပ်ငန်းနဲ့ပတ်သက်တာတွေကို အစကနေ စတင်လေ့လာရပါတယ်။
လုပ်ငန်းခွင် ဝင်ခါစ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတွေရဲ့ ကုမ္ပဏီမှာ နေ့စဉ်ကြုံတွေရတဲ့အခက်အခဲတွေ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားက ခွဲခြားဆက်ဆံမှုတွေကို ပြသထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းထုတ်လွှင့်နေချိန် ကိုရီးယားနိုင်ငံမှာ လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်…

 

 

 

0 comments:

Post a Comment