Disneyကနေထွက်လာတာရက်ပိုင်းပဲရှိသေးတဲ့ တကယ်ကောင်းပြီးနာမည်ကြီးဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Dramaကားတစ်ကားပါ။လက်ရှိ IMDb rating 8.3 ခရမ်းချဉ်သီးမှာ 94%နဲ့ reviewကောင်းတွေရထားပါတယ်။တိုဂိုဆိုတာအလက်စကာရဲ့နုံးဆိုတဲ့ရွာသာသာနေရာလေးကစွတ်ဖားခွေးတစ်ကောင်ပါ။
အဲ့နယ်တစ်ခွင်မှာ အတော်ဆုံးနာမည်ကြီးစွတ်ဖားလှည်းခေါင်းဆောင်ခွေးပေါ့။သူ့သခင် ဆပါလာလည်း နာမည်ကြီးစွတ်ဖားမောင်းသမားတစ်ယောက်။1925ခုနှစ် သေလောက်အောင်အေးတဲ့အလက်စကာရဲ့ဆောင်းရာသီမှာ ကလေးတွေဆုံဆို့နာဆိုတဲ့ကူးစက်ရောဂါဖြစ်ပြီး သေကြတယ်။အဲ့ရောဂါအတွက်ဆေးကသူတို့ရွာကနေအသွားအပြန်မိုင်၆၄၀လောက်ဝေးတဲ့နေရာကိုပဲ ပို့နိုင်တယ်။အဲ့အချိန်မှာမုန်တိုင်းကလည်းတိုက်နေတော့စွတ်ဖားလှည်းနဲ့ပဲသွားယူလို့ရမယ်။ဒီလိုအချိန်မှာ အဲ့မုန်တိုင်းထဲမှာအသက်ရှင်လျက်သွားပြီးပြန်လာနိုင်မယ့်သူဆိုလို့ တိုဂိုခေါင်းဆောင်တဲ့ဆပါလာရဲ့စွတ်ဖားပဲရှိတော့တယ်။ဒီလိုနဲ့ ရောဂါဖြစ်ပြီးသေတော့မယ်ကလေးတွေအတွက်ဆပါလာဟာ အသက်၁၂နှစ်ရှိနေတဲ့ခွေးအိုကြီးတစ်ကောင်ကိုဦးဆောင်ခိုင်းပြီး အေးခဲလှတဲ့မုန်တိုင်းထဲ ဆေးယူဖို့တိုးဝင်ရပါတော့တယ်။ဆပါလာတစ်ယောက်ဆေးကိုယူပြီး အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလားသူပြန်လာရင်ရော တိုဂိုဆိုတဲ့ခွေးအိုကြီးရောအသက်ရှင်လျက်ပါလာပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပါ။ဒီကားမှာဒိတ်ဒိတ်ကြဲမင်းသားကြီး Willem Dafoeဦးဆောင်ပြီးCinematographyကျွမ်းကျင်လှတဲ့Ericson Core ဒါရိုက်တာလုပ်ထားတာကြောင့်လည်းတကယ်ကိုကြည့်လို့ကောင်းတဲ့အပြင်တိုဂိုရဲ့ငယ်ဘဝကိုရော အခုလက်ရှိဖြစ်နေတာတွေကိုပါပေါင်းစပ်ပြသထားလို့တစ်ကားလုံး လုံးဝအီမနေပဲတစ်ချို့အခန်းတွေဆိုအသဲတယားယားနဲ့ကြည့်ရှုရမှာပါ။ကြည့်ပြီးနောင်တရမယ့်ကားတစ်ကားမဟုတ်တာကြောင့်ရှယ်ညွှန်းပေးလိုက်ရပါတယ်။

0 comments:
Post a Comment